အရှင်ဇနကာဘိဝံသ ၏ ထေရုပ္ပတ္တိ
တောင် မြို့ မဟာဂန္ဓာရုံဆရာတော် လောင်းလျာကို
၁၂၆၁ - ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁၄)ရက် (၁၉၀၀-ပြည့်နှစ်၊ ဖေဖော်ဝါရီလ-၂၇ရက်) အင်္ဂါနေ့တွင် စစ်ကိုင်း တိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ သရိုင်ရွာ၌ အဖ-ဦးဇောတိ၊ အမိ ဒေါ်အုန်းလှိုင်တို့က မွေးဖွားခဲ့သည်။
ငယ်မည်မှာ မောင်ဌေးလွင်ဖြစ်သည်။
[ရွှေပါရမီတောရဆရာတော်သည်၁၉၈၄ ခုနှစ်၊ ဆယ်တန်းအောင်မြင်ပြီးနောက် သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပရိယတ္တိစာပေများ လေ့လာဆည်းပူးခဲ့သည်]
ကိုယ်ရေးဖြစ်စဉ်
"ဗုဒ္ဓမြတ်စွာ သာသနာအတွက်မို့ ငါပါ အသက်ဆုံးစေမည်၊ နောင်မဆုတ်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားမည်" ဟူသော အဓိဋ္ဌာန်နှင့် အညီ ပျံလွန်တော်မူ ခါနီး အချိန်အထိ သာသနာ့တော် အကျိုးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားသော အမရပူရ တောင်မြို့၊ မဟာ ဂန္ဓာဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ရှင်ဇနကာဘိဝံသသည် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သရိုင်ရွာဇာတိ ဖြစ်၍ အဖ ဦးဇောတိ၊ အမိ ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက် (၁၉၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်) အင်္ဂါနေ့တွင် ဖွားသော သားရတနာ ဖြစ်သည်။ ငယ်မည်မှာ မောင်ဌေးလွင် ဖြစ်သည်။
မောင်နှမ လေးယောက် အနက် အကြီးဆုံးသား ဖြစ်သည်။ ၁၂၆၆ ခုနှစ်တွင် ပထမ အကြိမ်နှင့် ၁၂၇၅ ခုနှစ်တွင် ဒုတိယ အကြိမ် ရှင်သာမဏေ ပြုသည်။ ရှစ်နှစ်သား အရွယ်တွင် သဒ္ဒါကြီး ရှစ်စောင် သင်ကြားတော် မူပြီး၊ ၁၂ နှစ်သား အရွယ်တွင် အခြေခံ ကျမ်းစာကို တတ်ကျွမ်းတော် မူသည်။ ၁၅ နှစ်သား အရွယ်တွင် ပါဠိနှင့် ဂါထာ စီကုံးနည်းများ အပြင် ကဗျာ၊ လင်္ကာ၊ တေးထပ် တို့ကို တတ်ကျွမ်းတော် မူသည်။
ရှင်ဇနကာဘိဝံသသည် သရိုင်ရွာ ပင်းကျောင်း ဆရာတော်ထံတွင် စတင်၍ ပညာဆည်းပူးရာ တစ်နှစ်ခွဲအတွင်း အခြေခံသင်ရိုး ကောင်းစွာ ပေါက်မြောက်သည်။ ထို့နောက် ၁၂၇၄ ခု၊ အသက် ၁၂ နှစ်အရွယ်တွင် မန္တလေးမြို့ အနောက်ပြင် ဝိသုဒ္ဓါ ရုံ ဆီးပင်ကျောင်းတိုက်၌ (မြောင်းမြ ဆရာတော် ဖြစ်လာမည့်) စာချဘုန်းတော်ကြီး ရှင်ဉာဏာဘိဝံသထံတွင် ဆက်လက် ပညာသင်သည်။ အသက် ၁၅ နှစ်သားတွင် ပထမငယ်တန်း၊ ၁၆ နှစ်သားတွင် ပထမလတ်တန်းကို အောင်မြင်ပြီး၊ ၁၂၇၈ ခုတွင် ရှင်ဉာဏာဘိဝံသ့ို ဥပဇ္ဈာယ်ပြု၍ သာမဏေဘောင်သို့ ဝင်ရောက်သည်။ ဘွဲ့မှာ ရှင်ဇနက ဖြစ်သည်။ ၁၂၇၉ ခု၊ အသက် ၁၈ နှစ်တွင် ပထမကြီးတန်း အောင်မြင်သည်။ ထို့နောက် ၁၂၈၀ ပြည့် တပေါင်းလပြည့်တွင် ပလိပ်မြို့ ဧကျောင်း ခဏ္ဍသိမ်တော်၌ စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံ ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ ရောက်သည်။ ရဟန်းဘဝတွင် ၁၂၈၁ ခု၊ နယုန်လပြည့်နေ့၌ တကြိမ်၊ တပေါင်းလပြည့်နေ့၌ တကြိမ် သိက္ခာထပ်သည်။
ပထမကြီးတန်း အောင်ပြီးနောက် ပခုက္ကူမြို့ မဟာဝိသုတာရာမ ကျောင်းတိုက်တွင် ပညာ ဆက်လက် ဆည်းပူးပြန်သည်။ စာဝါတက်ခိုက် ရဟန်း ၃ ဝါ အရတွင် ပညာထက်မြက် ထူးချွန်မှုကြောင့် ဂဏဝါစက စာချအဖြစ် ချီးမြှောက်ခံရပြီး စာဝါ ချပေးရသည်။ ပခုက္ကူတွင် ၄ ဝါ စာချပြီးနောက် မန္တလေး မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်သို့ ပြန့်ကသည်။ ၁၂၈၇ ခုနှစ်တွင် ပထမကျော်တန်း အောင်မြင်၍ ၁၂၈၉ ခုတွင် ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယဘွဲ့ ရသည်။
၁၂၈၇ ခုနှစ်၊ သက်တော် ၂၆ နှစ် ဝါတော် ခြောက်ဝါတွင် ပထမကျော် အောင်မြင်သည်။ ၁၂၈၉ ခုနှစ် သက်တော် ၂၈ နှစ်တွင် စာသင်တန်း၊ စာချတန်းများ အောင်မြင်ပြီး ဘဒ္ဒန္တ ဇနကာဘိဝံသ ပရိယတ္တိသာသနာ့ ဟိတ ဓမ္မာ စရိယ ဘွဲ့တံဆိပ်တော် ရရှိတော် မူသည်။ ဆရာတော်သည် စာပေ ကျမ်းဂန်များ ပို့ချရင်း ကျမ်းစာများကို ရေးသား ပြုစုခဲ့သည်။
ထို့နောက် အဘယာရာမ ဆရာတော်က ခေါ်ယူသည့် အတွက် မန္တလေး အနောက်ပြင် အဘယာရာမ ရွှေဂူတိုက်သစ်သို့ ပြောင်းရွှေ့ပြီး စာဝါများ ပို့ချပေးရသည်။ ရှင်ဇနကာဘိဝံသသည် ရဟန်း ၁၀ ဝါ အရတွင် မိမိ၏ မွေးနေ့ဖြစ်သော ၁၂၉၀ ပြည့်နှစ်၊ တပို့တွဲလကွယ်နေ့၌ 'သဂြိုဟ်ဘာသာဋီကာ' ကို စတင်ပြုစုသည်။ သဂြိုဟ်ဘာသာဋီကာကို အချောကိုင်နေစဉ်၊ ဖခင် ဒကာကြီးနှင့် အဘယာရာမ ဒကာကြီးတို့ တောင်းပန်သည့်အတွက် 'ရတနာ့ဂုဏ်ရည်' ကို ပြုစုပြီး ၁၂၉၃ ခုတွင် ထုတ်ဝေသည်။ ရှင်ဇနကာဘိဝံသ၏ ပထမဆုံး ပုံနှိပ်ထုတ်ဝေသော ကျမ်းစာဖြစ်သည်။
အဘယာရာမ ကျောင်းတိုက်တွင် ၁၂ နှစ်ကျော် သီတင်းသုံးစဉ် စာချခြင်း၊ စာရေးခြင်း၊ တရားဟောခြင်း၊ ကျောင်းအုပ်ချုပ်ရေး ကိစ္စများ ဆောင်ရွက်ခြင်း ဟူသော တာဝန်များ ယူရသည်။
အဘယာရာမ ဆရာတော်ကြီးကိုလည်း ကူညီ ဆောင်ရွက် ပေးရသည်။
၁၃၀၃ ခု၊ ဝါဆိုလ (၁၉၄၁ ခု၊ ဇူလိုင်လ) တွင် တောင်မြို့သို့ ပြောင်းရွှေ့၍ မဟာဂန္ဓာရုံ ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် သီတင်းသုံးသည်။ ဆရာတော်သည် မဟာဂန္ဓာရုံ ကျောင်းတိုက်ကို စနစ်တကျ တည်ထောင်ပြီး စာဝါများ ပို့ချပေးခဲ့ရာ ၃၇ နှစ်အတွင်း ကျောင်းတိုက် ၁၀၀ ကျော်၊ သံဃာ ၅၀၀ ကျော် အထိ တိုးပွားလာသည်။ ထိုကာလအတွင် ကျောင်းနေ သံဃာတို့ကို နေ့စဉ် တနေ့လျှင် စာ ၃ ဝါ ပို့ချပေးပြီး စာပေကျမ်းဂန်များလည်း ဆက်လက် ပြုစုသည်။
မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် ငယ်ရွယ်သော ရဟန်းများ၊ သာမဏေများကို ရွေးချယ် လက်ခံပြီး စနစ်တကျ ပြုပြင်သည်။ စည်းကမ်းချက်များ တိတိကျကျ ချမှတ်ပြီး အကောင်အထည် ဖော်သည်။ မိမိကိုယ်တိုင် ဝိနည်းတော်နှင့် အညီ ကျင့်သုံး လိုက်နာသော ဆရာတော်သည် ကျောင်းနေ သံဃာများကိုလည်း ဝိနည်းတော်နှင့် အညီ တိတိကျကျ ကျင့်သုံး လိုက်နာတတ်အောင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သည်။ ရဟန်းတပါးသည် စိတ်ကောင်းလည်း မရှိ၊ ဝိနည်းတော်ကိုလည်း မလေးစာလျှင် မည်မျှပင် စာပေ တတ်မြောက်စေကာမူ သာသနာတော် အကျိုးကို ထမ်းရွက်နိုင်မည် မဟုတ်ဟု ခံယူသော ဆရာတော် အရှင် ဇနကာဘိဝံသသည် မဟာဂန္ဓာရုံ ကျောင်းတိုက်၌ 'စိတ်ကောင်းရှိဖို့က ပထမ၊' 'ဝိနည်းလေးစားဖို့က ဒုတိယ'၊ 'စာတတ်ဖို့က ဒသမ' စသည်ဖြင့် အရေးပါမှု အတိုင်းအတာ အလိုက် မူများ ချမှတ် ကျင့်သုံးသည်။ ကျောင်းနေ သံဃာများကို ထိုမူများနှင့် အညီ ကြီးကြပ် လမ်းညွှန်ပေးသည်။ သို့ဖြင့် မဟာဂန္ဓာရုံ ကျောင်းတိုက်သည် ဝိနည်းတော်နှင့် အညီ နေထိုင် ကျင့်သုံးသော၊ ဝိနည်းတော်ကို လေးစားသော စံပြကျောင်းတိုက် အဖြစ် ထင်ရှားလာသည်။
ဆရာတော်သည် မန္တလေး ပရိယတ္တိ သာသနာ့ဟိတ အသင်းကြီး အတွက် သာမဏေ စာတော်ပြန်ပွဲ စံမံကိန်းကို ရေးဆွဲ အကောင်အထည် ဖော်ခဲ့သည်။ ကျောင်းများတွင် ဗုဒ္ဓဘာသာ သင်ခန်းစာများ သင်ကြားပေးရေး အစီအစဉ် အရ နိုင်ငံတော် အစိုးရက တာဝန် ပေးအပ်သဖြင့် မူလတန်းများအတွက် 'ဗုဒ္ဓဘာသာ လက်စွဲ' အမည်ဖြင့် သင်ခန်းစာများ ရေးသား ပြုစုပေးရသည်။
ထို့ပြင် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (ဝိုင်အမ်ဘီအေ) က ဖွင့်လှစ်မည့် ဗုဒ္ဓဘာသာ အခြေခံ သင်တန်းကျောင်းများ အတွက်လည်း 'ဗုဒ္ဓဘာသာ သင်ခန်းစာများ' အမည်ဖြင့် သူငယ်တန်းမှ ဒဿမတန်း အထိ အတန်း အသီးသီး အတွက် ရေးသား ပြုစုပေးရသည်။
၁၃၁၂ ခုနှစ်တွင် နိုင်ငံတော် အစိုးရက လွတ်လပ်ရေး ရပြီးနောက် ပထမဆုံး ဆက်ကပ်သော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ခံယူရသည်။ ၁၂၁၅ ခုနှစ်တွင် ဆဋ္ဌသင်္ဂါယနာ တင်ပွဲ၌ ဆဋ္ဌသံဂီတိ သြဝါဒါစရိယ သံဃနာယက၊ ဆဋ္ဌသံဂီတိ ဘာရနိတ္တာရက၊ ဆဋ္ဌသံဂီတိ ပါဠိ ပဋိဝိသောဓက၊ ဆဋ္ဌသံဂီတိ သြသာနသောဓယျ ပတ္တပါဌက အဖြစ် တင်မြှောက်ခြင်း ခံရသည်။
၁၃၂၆ ခုနှစ်တွင် မှော်ဘီ သာသနာ သန့်ရှင်းပြန့်ပွားရေး အစည်းအဝေး၏ ဦးဆောင် အဖွဲ့ဝင် အဖြစ် ဆောင်ရွက်သည်။ ၁၃၃၃ ခုနှစ်တွင် ပဲခူးမြို့၌ ကျင်းပသော ရွှေကျင်နိကာယ (၁၁) ကြိမ်မြောက် ဂိုဏ်းလုံးကျွတ် အစည်းအဝေးမှ ဒုတိယ သာသနာပိုင် (ရွှေကျင် နိကာယ ဥပဥက္ကဋ္ဌ) အဖြစ် တင်မြှောက်ခြင်း ခံရသည်။
ဆရာတော်သည် ကျမ်းပေါင်း ၆၃ ကျမ်း ရေးသားပြုစုခဲ့ရာ သဂြိုဟ် ဘာသာဋီကာ၊ ရူပသိဒ္ဓိဘာသာဋီကာ စသည်ဖြင့် ဘာသာဋီကာ အမည်တပ်သော ကျမ်း အများအပြား ပါဝင်သည်။
ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ၊ ဘာသာသွေး၊ အနာဂတ်သာသနာ၊ နောက်ဆုံး ဆယ်လမြတ်ဗုဒ္ဓ စသည့် ကျမ်းများ ထင်ရှားသည်။
ပဉ္စပကြိုဏ် ဘာသာဋီကာနှင့် မူလ ဋီကာနိဿယ၊ ပါဠိ နိဿယများကို ၁၃၃၆ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၅ ရက် (၁၈၊ ၁၁၊ ၁၉၇၃) တနင်္လာနေ့ တနာရီ အချိန်တွင် စတင် ရေးသား ပို့ချပြီး၊ ၁၃၃၈ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် အထိ သုံးနှစ်မျှ ရေးသား စီရင်ခြင်း၊ သုတ်မဟာ ဝါဘာသာဋီကာကို ၁၃၃၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက် ကြာသပတေးနေ့ (၂၄၊ ၇၊ ၁၉၇၅) ၌ စတင် ပို့ချ ရေးသား၍ ၁၃၃၉ ခုနှစ်၊ နတ်တော် လဆန်း ၁၃ ရက် (၂၃၊ ၁၂၊ ၁၉၇၇) သောကြာနေ့ (ပျံလွန်တော် မမူမီ ငါးရက် အလို) အထိ နှစ်နှစ်မျှ ရေးသား ပြုစု သကဲ့သို့ ပါထေယျ ဘာသာဋီကာ ကဲ့သို့ ကျမ်းကြီးကို တရက် အတွင်း ရေးသား ပို့ချတော် မူခဲ့သည်။
ဆရာတော်သည် ပျံလွန်တော်မူခါနီး ၂ ရက် အလို တွင် သုတ်မဟာဝါ ဘာသာဋီကာကျမ်းကို အဆုံးသတ်သည်။ ပျံလွန်တော်မမူမီ ၁၃ ရက်အလို အထိ မိမိ၏ ထေရုပ္ပတ္တိကို 'တစ်ဘဝ သံသရာ' အမည်ဖြင့် ရေးသားပြုစုခဲ့သည်။
ဤသို့ သာသနာ့ဝန်ကို ဘဝတာတစ်လျှောက်လုံး အားသွန်ထမ်းရွက်ခဲ့သော ဆရာတော် ရှင်ဇနကာဘိဝံသသည် သက်တော် ၇၈ နှစ်၊ ဝါတော် ၅၈ ဝါ အရောက် ၁၃၃၉ ခုနှစ်၊ နတ်တော် လပြည့်ကျော် ၂ ရက် (၂၇၊ ၁၂၊ ၁၉၇၇) အင်္ဂါနေ့ ညနေ ၄း၃၀ တွင် တဘဝ အတွက် ငြိမ်းတော်မူသည်။
ပျံလွန်တော်မူမည့် နေ့လယ်အထိ သုတ်ပါထေယျအဋ္ဌကတာကို စာချ ပေးသေးသည်။ တပည့် ဦးပဉ္စင်းများအား ကျန်းမာရေး ဂရုစိုက်ရန် ၊ သီလ စင်ကြယ်အောင် ထိန်းရန် ဆုံးမသြဝါဒ ပေးပြီး "နက်ဖြန်လည်း မသေသေးရင်တော့ ဆက်လက် ချပို့ရတာပါ့" ဟု မှတ်မှတ်ရရ မိန့်ကြား သွားသေးသည်။
ဆရာတော် ရှင်ဇနကာဘိဝံသ ပျံလွန်တော်မူခြင်းသည် ခက်မငါးဖြာ ရှိသော သာသနာ့ သစ်ပင်ကြီးမှ ပင်စည်ခွဆုံရင်းရှိ အရေးပါသော အကိုင်းကြီး တကိုင်း ပဲ့ထွက် ကျိုးကျသွားဘိ သကဲ့သို့ သာသနာတော်တွင် အလွန်နစ်နာ ဆုံးရှုံးမှုကြီး တရပ် ဖြစ်ရပါကြောင်း တိပိဋကဓရ ဓမ္မ ဘဏ္ဍာဂါရိက အရှင် ဝိစိတ္တသာရာ ဘိဝံသ ဆရာတော်ကြီးက နှမြောတသ မိန့်ကြားတော် မူခဲ့သည်။
ပညာရေး
သရိုင်ရွာ ပင်းကျောင်းဆရာတော်ထံတွင် စတင်၍ပညာဆည်းပူးရာ တစ်နှစ်ခွဲအတွင်း အခြေခံသင် ရိုးကောင်းစွာ ပေါက်မြောက်။
၁၂၆၆ - ပထမအကြိမ် ရှင်သာမဏေပြု။
၁၂၇၄ - အသက်(၁၂)နှစ်အရွယ်တွင် မန္တလေးမြို့ အနောက်ပြင် ဝိသုဒ္ဓါရုံ၊ ဇီးပင်ကျောင်းတိုက်၌(မြောင်းမြဆရာ တော်ဖြစ်လာမည့်) ဘုန်းတော်ကြီး-ရှင်ဉာဏာဘိဝံသထံတွင် ဆက်လက်ပညာသင်။
၁၂၇၅ - ဒုတိယအကြိမ်ရှင်သာမဏေပြု။
၁၂၇၇ - အသက်(၁၅)နှစ်-ပထမငယ်တန်းအောင်။
၁၂၇၈ - အသက်(၁၆)နှစ်သားတွင် ပထမလတ်တန်းအောင်။ ရှင်ဉာဏာဘိဝံသကို ဥပဇျာယ်ပြု၍ သာမဏေ ဘောင်သို့ ဝင်ရောက်ခဲ့။ ဘွဲ့မှာရှင်ဇနကဖြစ်သည်။
၁၂၇၉ - ပထမကြီးတန်းအောင်။
၁၂၈၀ - တပေါင်းလပြည့်တွင် ပလိပ်မြို့ ဧကျောင်း ခဏ္ဍသိမ်တော်၌ စစ်ကိုင်းတောင်ရိုး၊ မဟာဂန္ဓာရုံ ဆရာတော် ကို ဥပဇျာယ်ပြု၍ ရဟန်းဘဝသို့ရောက်သည်။
စာပေစတင်ပို့ချခြင်း
၁၂၈၁ - ရဟန်းဘဝတွင် နယုန်လပြည့်နေ့၌တစ်ကြိမ်၊ တပေါင်းလပြည့်နေ့၌တစ်ကြိမ် သိက္ခာထပ်။ ပထမကြီး တန်းအောင်ပြီးနောက်၊ ပခုက္ကူမြို့ မဟာဝိသုတာရာမကျောင်းတိုက်တွင် ပညာဆက်လက်ဆည်းပူး။ စာဝါတက်ခိုက် -ရဟန်း(၃)ဝါအရတွင် ပညာထက်မြက်ထူးချွန်မှုကြောင့် ဂဏဝါစက-စာချအဖြစ်ချီးမြှောက်ခံရပြီး စာဝါချပေးသည်။ ပခုက္ကူတွင်(၄)ဝါစာချပြီးနောက် မန္တလေးမဟာဝိသုဒ္ဓါရုံကျောင်းတိုက်သို့ ပြန်ကြွသည်။
၁၂၈၃ - ကဆုန်လဆန်း(၁)ရက်နေ့၌ ပခုက္ကူဆရာတော်ကြီးများ၏ ပခုက္ကူစာချ အဖြစ်တင်မြှောက်ခံရ။
၁၂၈၇ - ပထမကျော်တန်းအောင်မြင်။
၁၂၈၉ - ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယဘွဲ့ရသည်။ ထို့နောက် အဘယာရာမ-ဆရာတော်ခေါ်ယူသည့် အတွက် မန္တလေးအနောက်ပြင် အဘယာရာမရွှေဂူတိုက်သစ်သို့ပြောင်းရွှေ့ပြီး စာဝါများပို့ချပေးရ။
ကျမ်းစာများ ပြုစုခြင်း
၁၂၉၀ - ရဟန်း(၁၀)ဝါအရတွင် မိမိ၏ မွေးနေ့ဖြစ်သော တပို့တွဲလကွယ်နေ့၌သြင်္ဂိုလ်ဘာသာ ဋီကာ ကိုစတင် ပြုစု။ ၁၂၉၃ - သြင်္ဂိုလ်ဘာသာ ဋီကာကိုပြုစုနေစဉ် ဖခင်ဒကာကြီးနှင့် အဘယာရာမ ဒကာကြီးတို့ တောင်းပန် သည့်အတွက် ရတနာ့ဂုဏ်ရည် ကိုပြုစုပြီး ထုတ်ဝေသည်။ (ပထမဆုံး ပုံနှိပ်ထုတ်ဝေသောကျမ်းစာဖြစ်သည်။) ထို့နောက်အခြေပြုသြင်္ဂိုလ်၊ အခြေပြုသဒ္ဒါ သြင်္ဂိုလ်ဘာသာဋီကာ၊ ကိုယ်ကျင့်အဘိဓမ္မာ စသည်ဖြင့် ကျမ်း များဆက်ကာဆက်ကာ ပြုစုသည်။ (သဂြိုလ်ဘာသာဋီကာကို စတင်ရေးသားချိန်မှပြီးစီးချိန်ထိ(၈)နှစ်အချိန်ယူပြုစုခဲ့ ရ။) အဘယာရာမကျောင်းတိုက်တွင် (၁၂)နှစ်ကျော်သတင်းသုံးစဉ် စာချခြင်း၊ စာရေးခြင်း၊ တရားဟောခြင်း၊ ကျောင်းအုပ်ချုပ်ရေးကိစ္စများ ဆောင်ရွက်ခြင်းဟူသော တာဝန်များယူရသည့် အဘယာရာမဆရာတော်ကြီးကို လည်းကူညီဆောင်ရွက်ပေးရ။
မဟာဂန္ဓာရုံစာသင်တိုက် စည်ပင်လာခြင်း
၁၃၀၃ - ဝါဆိုလ(၁၉၄၁-ခု၊ ဇူလိုင်လ) တွင်တောင်မြို့သို့ပြောင်းရွှေ့၍ မဟာဂန္ဓာရုံကမ္မဌာန်းကျောင်းတိုက်တွင် သီတင်းသုံး။ ဆရာတော်သည်မဟာဂန္ဓာရုံကျောင်းတိုက်ကို စနစ်တကျတည်ထောင်ပြီး စာဝါများပို့ချပေးခဲ့ရာ (၃၇)နှစ်အတွင်း ကျောင်းတိုက်(၁၀၀)ကျော်၊ သံဃာ(၅၀၀)ကျော်အထိ တိုးပွားလာသည်။ ထိုကာလအတွင်း ကျောင်းနေ သံဃာတို့ကို နေ့စဉ်တစ်နေ့လျှင်စာ(၃)ဝါပို့ချပေးပြီး စာပေကျမ်းဂန်များလည်း ဆက်လက်ပြုစုသည်။ မဟာဂန္ဓာရုံ တိုက်တွင် ငယ်ရွယ်သော သာမဏေများ၊ ရဟန်းများကို ရွေးချယ်လက္ခံပြီး စနစ်တကျပြုပြင်သည်။ စည်းကမ်း ချက်များကိုတိတိကျကျ ချမှတ်အကောင်အထည်ဖော်သည်။ မိမိကိုယ်တိုင် ဝိနည်းနှင့်အညီကျင့်သုံးပြီး ကျောင်းနေ သံဃာများကိုလည်း တိတိကျကျကျင့်သုံးလိုက်နာတတ်အောင် ကြပ်မတ်ဆောင်ရွက်ခဲ့။ မည်မျှစာတတ်စေ-စိတ်ကောင်း မရှိလျှင် သာသနာ့အကျိုးမဆောင်ရွက်နှိုင်ဟုခံယူကာ စိတ်ကောင်းရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့က ဒုတိယ၊စာတတ်ဖို့ကဒဿမစသည်ဖြင့် အရေးပါမှုအတိုင်းအတာအလိုက်မူချ၊ ကြပ်မတ်၊ ထို့ကြောင့် စံပြကျောင်း အဖြစ်ထင်ရှားလာခဲ့။
မန္တလေးပရိယတ္တိသာသနာ့ဟိတအသင်းကြီးအတွက် သာမဏေစာတော်ပြန်ပွဲ စီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော်ခဲ့။ ကျောင်းများတွင် ဗုဒ္ဓဘာသာသင်ခဏ်းစာများ သင်ကြားပေးရေးအစီအစဉ်အရ(နိုင်ငံတော်အစိုးရက တာဝန်ပေးအပ်သဖြင့်) မူလတန်းများအတွက်ဗုဒ္ဓဘာသာလက်စွဲ သင်ခန်းစာများပြုစုခဲ့။ ထို့ပြင် ဗုဒ္ဓဘာသာ-ကလျာဏယုဝအသင်း(ဝိုင်အမ်ဘီအေ)က ဖွင့်လှစ်မည့် ဗုဒ္ဓဘာသာ အခြေခံသင်တန်းကျောင်း များအတွက်လည်း ဗုဒ္ဓဘာသာ သင်ခန်းစာများ အမည်ဖြင့် သူငယ်တန်းမှ ဒဿမတန်းအထိရေးသားပြုစုပေးခဲ့။
သာသနာရေးအဖွဲ့အစည်းများနှင့် ဆောင်ရွက်မှု
၁၃၁၂ - လွတ်လပ်ရေးရပြီးနောက်-နိုင်ငံတော်အစိုးရက ပထမဆုံးဆက်ကပ်သောအဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ခံယူရ။
၁၃၁၅ - ဆဌသင်္ဂါယနာတင်ပွဲ၌ ဆဌသံဂီတိ သြဝါဒါစရိယ သံဃနာယက၊ ဆဌသံဂီတိဘာရနိတ္တာရက၊ ဆဌ သံဂီတိပါဠိပဋိဝိသောဓက၊ ဆဌသံဂီတိသြသာနသော ဇေယျပတ္ထပါဌက အဖြစ်တင်မြှောက်ခြင်းခံရ။
၁၃၂၆ - မှော်ဘီသာသနာသန့်ရှင်းပြန့်ပွားရေးအစည်းအဝေး၏ ဥဲီးဆောင်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ရ။
၁၃၃၇ - ပဲခူးမြို့၌ကျင်းပသော ရွှေကျင်နိကါယ(၁၁)ကြိမ်မြောက် ဂိုဏ်းလုံးကျွတ် အစည်းအဝေးမှ ဒုတိယ သာ သနာပိုင် (ရွှေကျင်နိကါယ ဥပဥက္ကဌအဖြစ်)တင်မြှောက်ခြင်းခံရ။ ဆရာတော်သည် ကျမ်းပေါင်း(၆၃)ကျမ်းရေးသား ပြုစုခဲ့ရာ သြင်္ဂိုလ်ဘာသာ ဋီကာ၊ ရူပသိဒ္ဓိဘာသာဋီကာ စသည်ဖြင့် ဘာသာဋီကာအမည်တပ်သော ကျမ်းအများ အပြားပါဝင်။ ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ၊ဘာသာသွေး၊ အနာဂါတ်သာသနာ၊ နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ-စသည်ဖြင့်ထင်ရှား။ ပျံလွန်တော်မူကာနီး(၂)ရက်အလိုတွင်သုတ်မဟာဝါဘာသာဋီကာကျမ်းကို အဆုံး သတ်ခဲ့။ ပျံလွန်တော်မမူမီ (၁၃)ရက်အလိုတွင် မိမိ၏ ထေရုပ္ပတ္တိကို တစ်ဘဝသံသရာအမည်ဖြင့် ရေးသားပြုစု ခဲ့သည်။
၁၃၃၉ - နတ်တော်လပြည့်ကျော်(၂)ရက် (၁၉၇၇-ဒီဇင်ဘာ-၂၇-ရက်) အင်္ဂါနေ့ညနေ ၄း၃၀ နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့။ ပျံလွန်တော်မူမည့် နေ့လယ်အထိ-သုတ်ပါထေယျ အဌကထာကို စာချပေးခဲ့။
ပြုစုတော် မူခဲ့သော ကျမ်းများ
၁။ ကထာဝတ္ထု အဋ္ဌကထာဘာသာဋီကာ - ၁၉၈၁ ခုနှစ်
၂။ ကထာသလ႞ာပသိက္ခာ - ၁၉၈၀ ပြည့်နှစ်
၃။ ကမ္မဋ္ဌာန်းဘာသာဋီကာ - ၁၃၁၉ ခုနှစ်
၄။ ကိုယ်ကျင့်အဘိဓမ္မာ - ၁၃၁၅ ခုနှစ်
၅။ ကင်္ခါဘာသာဋီကာ (ပ+ဒု) - ၁၉၉၀ ပြည့်နှစ်
၆။ ကစ္စာယနသာရဘာသာဋီကာ
၇။ ကစ္စည်းဘာသာဋီကာ - ၁၃၁၅ ခုနှစ်
၈။ ကျောင်းတိုက်များအတွက် ဂေါပကစာတမ်း
၉။ ခုဒ္ဒကသိက္ခာဘာသာဋီကာ
၁၀။ စူဠဝါဘာသာဋီကာ
၁၁။ ခုဒ္ဒသိက္ခာဘာသာဋီကာ - ၁၉၉၉ ခုနှစ်
၁၂။ ဋီကာကျော်နိဿယ - ၁၃၂၅ ခုနှစ်
၁၃။ တရားသုံးဖြာ ဆုံးမစာ - ၁၉၈၃ ခုနှစ်
၁၄။ တဘဝ သံသရာ - ၁၉၉၄ ခုနှစ်
၁၅။ ဓာတုကထာအဋ္ဌကထာ ဘာသာဋီကာ - ၁၉၈၁ ခုနှစ်
၁၆။ ဓမ္မစကြာ တရားတော်
၁၇။ ဓမ္မစကြာ တရားတော်နှင့် အနတ္တ လက္ခဏာသုတ် တရားတော် - ၁၉၉၀ ပြည့်နှစ်
၁၈။ ဓမ္မစကြာနှင့် အနတ္တလက္ခဏာ ဓမ္မရတနာ နံနက်ခင်းသြဝါဒများ - ၁၉၆၅ ခုနှစ်
၁၉။ နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ - ၁၉၉၂ ခုနှစ်
၂၀။ ပထမပြန် စာမေးပွဲ ပြုပြင်ရေး အစီရင်ခံစာ -
၂၁။ ပရိဝါဘာသာဋီကာ - ၂၀၀၀ ပြည့်နှစ်
၂၂။ ပါစိတ်ဘာသာဋီကာ (ဒုတိယတွဲ) - ၁၉၉၉ ခုနှစ်
၂၃။ ပါစိတ်ဘာသာဋီကာ (ပဉ္စမတွဲ) - ၁၉၈၆ ခုနှစ်
၂၄။ ပါစိတ်ဘာသာဋီကာ (တတိယတွဲ) - ၂၀၀၀ ပြည့်နှစ်
၂၅။ ပါဠိပရိတ်ကြီး နိဿယနှင့် ပရိတ် တရားတော်များ - ၁၉၉၄ ခုနှစ်
၂၆။ ဝီထိနှင့် သုံးချက်စု ဘာသာဋီကာ ဓာတုကထာ ဆောင်ပုဒ်လင်္ကာနှင့် နေတ္တိဟာရလင်္ကာ - ၁၃၁၆ ခုနှစ်
၂၇။ ပဗ္ဗဇိတဒုလ႞ဘ
၂၈။ ဗုဒ္ဓဘာသာ လက်စွဲ (စတုတ္ထတွဲ) - ၁၉၆၂ ခုနှစ်
၂၉။ ဗုဒ္ဓဘာသာ သင်ခန်းစာ
၃၀။ ဗုဒ္ဓဝင် အမေ းဖြေ - ၁၃၁၇ ခုနှစ်
၃၁။ ဗုဒ္ဓါနုတိဘာဝနာ - ၂၀၀၀ ပြည့်နှစ်
၃၂။ ဗြဟ္ဗဇာလသုတ် (ဘာသာပြန်) - ၁၃၁၁ ခုနှစ်
၃၃။ ဘဝတကွေ့ ကြုံတွေ့ခဲ့ရသော ပုဂ္ဂိုလ် အကျော်အမော်များ - ၁၉၉၃ ခုနှစ်
၃၄။ ဘာသာရေး (မူလတန်း) - ၁၉၆၃ ခုနှစ်
၃၅။ ဘာသာရေး ပြဿနာများနှင့် စစ်တပ် တရားတော် - ၁၉၅၁ ခုနှစ်
၃၆။ ဘာသာသွေး - ၁၉၉၃ ခုနှစ်
၃၇။ ဘုရား ဥပဒေတော်ကြီး - ၁၉၉၉ ခုနှစ်
၃၈။ မဟာဂန္ဓရုံ ဝတ်ရွတ်စဉ် - ၂၀၀၀ ပြည့်နှစ်
၃၉။ မဟာဝါဘာသာဋီကာ (ဒုတိယတွဲ) - ၁၉၉၄ ခုနှစ်
၄၀။ မဟာသမယသုတ် ပါဌ်နိဿယ - ၂၀၀၀ ပြည့်နှစ်
၄၁။ မူလတန်းပါဠိ သိက္ခာနှင့် သဒ္ဒါအကျဉ်း ၄၂။ မဉ္ဇူလကရဏ ဘာသာဋီကာနှင့် မူလဋီကာ နိဿယ (ဆဋ္ဌမတွဲ) -
၄၃။ ရတနာ့ ဂုဏ်ရည် - ၁၉၉၂ ခုနှစ်
၄၄။ ရူပသိဒ္ဓိ ဘာသာဋီကာ (ပထမတွဲ) - ၁၉၉၂ ခုနှစ်
၄၅။ ရူပသိဒ္ဓိ ဘာသာဋီကာ (ဒုတိယတွဲ) - ၁၉၉၂ ခုနှစ်
၄၆။ ရုပ်စုံဗုဒ္ဓဝင် - ၁၉၅၁ ခုနှစ်
၄၇။ ရုပ်ပုံရှင်ကျင့်ဝတ် - ၁၃၁၇ ခုနှစ်
၄၈။ လူချမ်းသာ - ၁၉၈၁ ခုနှစ်
၄၉။ လူမှုပြုပြင် လက်ရွေးစင် ကဗျာများ - ၂၀၀၀ ပြည့်နှစ်
၅၀။ သြင်္ဂိုဟ်ဘာသာဋီကာ - ၁၉၅၂ ခုနှစ်
၅၁။ သရဏဂုံ စိစစ်ချက်
၅၂။ သာမညဖလသုတ် (ဘာသာပြန်) -
၅၃။ သာသနာပြု သြဝါဒ တရားတော်များ - ၁၉၈၃ ခုနှစ်
၅၄။ သာသနာရေး လျှောက်ထားချက်
၅၅။ သီလက္ခန်ဘာသာဋီကာ (ပထမတွဲ) - ၁၉၈၃ ခုနှစ်
၅၆။ သူတော်ကောင်း လက္ခဏာ - ၂၀၀၀ ပြည့်နှစ်
၅၇။ သူတော်ကောင်း လက္ခဏာနှင့် မဟာသုတသောမ ပေါရိသာဒ တရားတော် ဗုဒ္ဓဝင် အကျဉ်းချုပ် - ၁၉၉၄ ခုနှစ်
၅၈။ သူတော်ကောင်း လက္ခဏာ သြဝါဒ တရားတော်နှင့် နံနက်ခင်း သြဝါဒ တရားတော်များ - ၁၉၈၁ ခုနှစ်
၅၉။ သတ္တမကျမ်းစာ ပါတိမောက် ဘာသာဋီကာ - ၁၉၉၈ ခုနှစ်
၆၀။ သဒ္ဒတ္ထဗေဒစိန္တာ ဘာသာဋီကာ - ၁၉၉၂ ခုနှစ်
၆၁။ သမ္မောဟဝိနောဒနီ ဘာသာဋီကာ (တတိယတွဲ) -
၆၂။ သိပ္ပံအမြင်နှင့် ဗုဒ္ဓ အဘိဓမ္မာ အဖြေများ - ၁၉၉၂ ခုနှစ်
၆၃။ အခြေပြုပဋ္ဌာန်း တရားတော် - ၁၉၉၃ ခုနှစ်
၆၄။ အခြေပြု နာမ်ဂိုဏ်း -
၆၅။ အခြေပြု မင်္ဂလသုတ် - ၁၉၈၆ ခုနှစ်
၆၆။ အခြေပြု သဂြိၤုဟ် - ၁၉၆၀ ပြည့်နှစ်
၆၇။ အခြေပြု သဒ္ဒါ -
၆၈။ အခြေပြု သဒ္ဒါနှင့် တွဲဖက်သင်ရန် - ၁၉၈၀ ပြည့်နှစ်
၆၉။ အဂ္ဂမဟာ ပဏ္ဍိတ အရှင် ဇနကာဘိဝံသ၏ အဆိုအမိန့်များ - ၁၉၉၂ ခုနှစ်
၇၀။ အဋ္ဌသာလိနီ ဘာသာဋီကာနှင့် မူလဋီကာနိဿယ - ၁၉၈၃ ခုနှစ်
၇၁။ အလယ်တန်း ဘာသာရေး - ၁၉၅၂ ခုနှစ်
၇၂။ အနာဂတ် သာသနာရေး
၇၃။ အနတ္တလက္ခဏ သုတ်တရားတော်
၇၄။ အဘိဓဇ မဟာရဋ္ဌဂုရု ပခုက္ကူ ဆရာတော် မိန့်ခွန်း
၇၅။ အလင်္ကာ ဘာသာဋီကာ
၇၆။ အသိအမြင်စုံမှ ချမ်းသာရ တရားတော် - ၁၉၇၈ ခုနှစ်
အောင်အောင်(မကစ)

No comments:
Post a Comment