📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ
Showing posts with label ယဉ်ကျေးမှုကဏ္ဍ. Show all posts
Showing posts with label ယဉ်ကျေးမှုကဏ္ဍ. Show all posts

Thursday, September 17, 2020

လူထုဦးလှ+ရှေ့နေဦးလှညွန့် ၏ ဆွေးနွေးတင်ပြချက်ဖြစ်သော မြန်မာမှုနှင့်တေးဂီတ






*******************************

မန္တလေးမြို့တွင်  ၁၉၆၃ ခုနှစ်က ကျင်းပခဲ့သည့် 

ဂီတကောင်စီ နှီးနှောဖလှယ်ပွဲတွင် 

လူထုဦးလှ+ရှေ့နေဦးလှညွန့် ၏ ဆွေးနွေးတင်ပြချက်ဖြစ်သော

မြန်မာမှုနှင့်တေးဂီတ 




Monday, August 31, 2020

မွန်ပြည်နယ်

              မွန်ပြည်နယ် 




မွန်ပြည်နယ် (မွန်: တွဵုရးဍုါ်မန်) သည် မြန်မာနိုင်ငံရှိ ပြည်နယ်တစ်ခု ဖြစ်သည်။ အရှေ့ဖက်တွင် ကရင်ပြည်နယ်၊ အနောက်ဖက်တွင် မုတ္တမပင်လယ်ကွေ့၊ မြောက်ဖက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် တောင်ဖက်တွင် တနင်္သာရီတိုင်းဒေသကြီးတို့ဖြင့် ဝန်းရံလျက်ရှိသည်။ ပြည်နယ်၏ အရှေ့တောင်ဖက်တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်အနည်းငယ် ထိစပ်လျက်ရှိသည်။ ပြည်နယ်၏ မြို့တော်မှာ မော်လမြိုင်မြို့ ဖြစ်သည်။



တည်နေရာ နှင့် အကျယ်အဝန်း 



မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ တောင်ဖက်ပိုင်းတွင် တည်ရှိသည်။ အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်လျှက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသည်။ အနောက်ဘက်တွင် မုတ္တမကွေ့ ဖြင့် ထိစပ်နေသည်။ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၂မိနစ် နှင့် ၁၇ ဒီဂရီ ၃၂မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၁မိနစ် နှင့် ၉၈ ဒီဂရီ ၁၃မိနစ်ကြားတွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း (၄၇၄၇.၇၆)၊ ဧကအားဖြင့် (၃၀၃၈၅၆၄) ကျယ်ဝန်းသည်။ အရှေ့အနောက် (၁၂၇)မိုင် ကျယ်ဝန်းပြီး တောင်မြောက်(၁၄၁.၈၈)မိုင်ရှည်လျားသည်။


မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်း ပြည်နယ်တစ်ခုဖြစ်သော မွန်ပြည်နယ်၏ အနောက်ဖက် နယ်နမိတ်ကို ကပ္ပလီပင်လယ်၊ မြောက်ဖက်ကို ပဲခူး၊ အရှေ့ဖက်ကို ကရင် နှင့် တောင်ဖက်ကို တနင်္သာရီတို့က ဝိုင်းရံ လျက်ရှိပါသည်။ မွန်ပြည်နယ်သည် စတုရန်းကီလိုမီတာ ၁၂၂၉ ကျယ်ဝန်းပြီး၊ မြို့နယ် ၁ဝ မြို့နယ်ပါဝင်ကာ၊ မော်လမြိုင်သည် မြို့တော်ဖြစ်သည်။ လူဦးရေမှာ ၂.၁၂ သန်း (၂ဝ၁၁ HMIS အချက်အလက် များအရ) ရှိပြီး၊ စတုရန်း ၁ ကီလိုမီတာလျှင် လူဦးရေ သိပ်သည်းမှုနှုန်း ၁၇၂ ဦးရှိပါသည်။ လူဦးရေ၏ ၂၃% သည် မြို့ပြ ဒေသများတွင် နေထိုင်ကြပြီး၊ ကျန်ရှိသော ၇၇% မှာ ကျေးလက် ဒေသများတွင် နေထိုင်ကြပါသည်။ 


သမိုင်းကြောင်း 


မွန်ပြည်နယ် ဟု ဖြစ်ပေါ်ခြင်း မရှိမီက မွန်ပြည်နယ်အဖြစ် ဖွဲ့စည်းထားသော နယ်မြေသည် တနင်္သာရီတိုင်းအတွင်း ပါဝင်ခဲ့သည်။ တော်လှန်ရေးကောင်စီ လက်ထက်တွင် မြိတ်ခရိုင်ကို မြို့နယ် ၆ မြို့နယ်ဖြင့် လည်းကောင်း၊ ထားဝယ်ခရိုင်ကို မြို့နယ် ၄ မြို့နယ်ဖြင့် လည်းကောင်း တနင်္သာရီတိုင်းအဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေး ကောင်စီလက်ထက်တွင် တနင်္သာရီတိုင်းတွင် ပါဝင်သော မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် ၁ အဖြစ် လည်းကောင်း၊ ထားဝယ်ခရိုင် နှင့် မြိတ်ခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် ၂ အဖြစ်လည်းကောင်း သတ်မှတ် ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်ကောင်စီ ကာလ ၁၉၇၄ ခုနှစ်တွင် တနင်္သာရီတိုင်းအမှတ် ၁ ကို မွန်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။



စီးပွားရေး 



ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်း၊ပင်လယ်ပြင် ငါးဖမ်းခြင်း၊ နေလှန်းဆားလုပ်ငန်း၊ငါးပိငါးခြောက်လုပ်ငန်းများ နှင့် နှစ်ရှည်သစ်တောထွက် သီးနှံ့ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းတို့ဖြင့် စီးပွားဖြစ်ထွန်းပါသည်။ ထို့ပြင် နိုင်ငံပိုင် စစ်တောင်းစက္ကူစက်၊ ဘီးလင်းသကြားစက်၊ ဘီးလင်း တာယာစက်ရုံ၊ သံဖြူဇရပ်ရာဘာစက်ရုံ၊ သထုံ တာယာစက်ရုံ တို့လည်း ရှိသည်။



ပညာရေး 



မော်လမြိုင်တက္ကသိုလ် 

နည်းပညာတက္ကသိုလ်(မော်လမြိုင်)

မော်လမြိုင်ပညာရေးကောလိပ် 

ကွန်ပျူတာတက္ကသိုလ်(သထုံ)

အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)



ဆက်သွယ်ရေး 



နာမည်ကျော် စစ်တောင်းတံတားမှ ကားလမ်းခရီးဖြင့် လည်းကောင်း၊ သံလွင်တံတား(မော်လမြိုင်)မှ ရထားခရီးဖြင့်လည်းကောင်း မြန်မာနိုင်ငံအနှံအပြားသို့ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ပြီဖြစ်သည်။


မော်လမြိုင်တွင် ရုပ်မြင်သံကြားထပ်ဆင့်လွင့် ဌာနခွဲတစ်ခုရှိကာ GSM ဖုန်းများကိုလည်း သုံးစွဲနိုင်ပြီဖြစ်သည်။ မွန်ပြည်နယ်တစ်ဝှမ်း တွင် မိုက်ခရိုဝေ့ဖ် စခန်း ၉ ခုတိတိ ရှိသည်။ မွန်ပြည်နယ်တွင် ဆက်သွယ်ရေးအတွက် မိုဘိုလ်းအသုံးပြုနိုင်သော ကွန်ရက်များမှာ MPT, Telenor, Ooredoo, Mytel, MEC တို့ဖြစ်ကြပါသည်။ ယင်းအပြင် အင်တာနက်ဆက်သွယ်ရေးအတွက် MPT, Telenor နှင့် Ooredoo တို့မှလည်း အင်တာနက်ဆက်သွယ်ရေးကို FTTH လိုင်းသာမက Wireless Broadband များဖြင့်လည်း အသုံးပြုနိုင်ပြီဖြစ်ပါသည်။



တွင်းထွက်များ 



ပေါင်မြို့နယ်ရှိ ကာဒိုက်သတ္တုမိုင်း နှင့် မုဒုံရှိ နတ်စိမ်းသတ္တုမိုင်း တို့မှ ခဲမဖြူ ကိုလည်းကောင်း မုပ္ပလင်နှင့် ဇင်းကျိုက်တို့မှ ဂရက်နိုက် ကိုလည်းကောင်း တူးဖေါ်ရရှိသည်။



ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ 



မွန်ပြည်နယ်တွင် ခရိုင် (၂)ခု ရှိသည်။


သထုံခရိုင် 

မော်လမြိုင်ခရိုင်


မွန်ပြည်နယ်တွင် မြို့နယ် (၁၀) ခု ပါဝင်သည်။


ကျိုက်မရောမြို့နယ် 

ကျိုက်ထိုမြို့နယ် 

ချောင်းဆုံမြို့နယ် 

ပေါင်မြို့နယ် 

ဘီးလင်းမြို့နယ် 

မုဒုံမြို့နယ် 

မော်လမြိုင်မြို့နယ် 

ရေးမြို့နယ် 

သံဖြူဇရပ်မြို့နယ် 

သထုံမြို့နယ်


မြို့ပေါင်း (၁၆) မြို့၊ ရပ်ကွက်ပေါင်း (၁၀၀)၊ ကျေးရွာအုပ်စု (၃၆၈) အုပ်စုနှင့် ရွာပေါင်း (၁၁၅၂) ရှိသည်။



စိတ်ဝင်စားဖွယ်နေရာများ 



ကျိုက်ထီးရိုးဘုရား

ကျိုက္ခမီရေလယ်ဘုရား 

ကျိုက်သံလန်စေတီတော် 

စက်စဲကမ်းခြေ အပန်းဖြေစခန်း 

သံဖြူဇရပ် စစ်သင်္ချိုင်း 

သေမင်းတမန် ရထားလမ်း 

ကဗျာဝကမ်းခြေ 

ချောင်းနှစ်ခွ အပန်းဖြေစခန်း 

ဝဲကလိရေပူစမ်း  ပေါ်တော်မူဘုရား



ကိုးကား


(မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၁၇။


 MODiNS [ Myanmar Online Information ]


 မွန်ပြည်နယ်၏ ဒေသန္တရ အချက်အလက်များ။ မွန်ပြည်နယ်အစိုးရအဖွဲ့။ ၁၅ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။


Myanmar Information Management Unit (MIMU)


မွန်ပြည်နယ်၏ နောက်ခံသမိုင်း။ မွန်ပြည်နယ်အစိုးရအဖွဲ့။ ၁၅ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။


နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)




                   အလံတော်



မွန်လူမျိုး

                  မွန်လူမျိုး




မွန်လူမျိုးသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မွန်လူမျိုးများသည် ရှေးအခါကတည်းက မျိုးနွယ် မြင့်မားသူများဖြစ်ပြီး အောက်မြန်မာနိုင်ငံတွင် သုဝဏ္ဏဘူမိ (သထုံ) ကဲ့သို့သော တိုင်းပြည်အား မလေးအနွယ်တို့ကို တိုက်ခိုက်ကာ တည်ထောင် ခဲ့ကြသည်။ တစ်ခါက ရာဇာဓိရာဇ် မင်းနှင့် အခြား ဘုန်းတန်ခိုးအာဏာ ကြီးမားသော မင်းများလည်း မွန်လူမျိုးထဲမှ ပေါ်ပေါက်ခဲ့ဖူးပါသည်။ သမိုင်းထဲတွင် မွန်ဘုရင်မကြီး ရှင်စောပုသည်လည်း မြန်မာ့သမိုင်းတွင် တစ်ပါးတည်းသော ဘုရင်မကြီးဖြစ်သည်။ ၎င်း၏သားမက်ဖြစ်သည့် ဓမ္မစေတီမင်းသည်လည်း သာဿနာတော် သန့်ရှင်းရေးအတွက် ကြိုးပမ်းခဲ့သူအဖြစ် သမိုင်းတွင် ထင်ရှားပါသည်။


နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ 


မွန်-ခမာတို့ အုပ်စုသည် တရုတ်ပြည်တောင်ပိုင်း ယန်စီမြစ်ဝှမ်း (Yangtze Kiang) တွင် စတင်အခြေတည် နေထိုင်ခဲ့သည်ဟု ဆိုသည်။ ပါမောက္ခ G.H.Luce ၏ Old Burma, Early Pagan (1969) စာအုပ်တွင် ဤသို့ ဖော်ပြထားသည်။


မွန်-ခမာ အုပ်စုဝင် 


သမိုင်းပါမောက္ခ ဒေါက်တာသန်ထွန်းကလည်း အောက်ပါအတိုင်း မှတ်ချက်ချထားသည်ကို တွေ့ရသည်။ "မွန်နှင့် ခမာလူမျိုးတို့ကား မွန်ဂိုလ်အနွယ်ဝင်များ ဖြစ်၍ ဝ၊ ပလောင်၊ ရိယန်တို့မှာ မွန်ဂိုလ်အနွယ်များ ဖြစ်သော်လည်း ဝ တို့၌ တောင်ဘက်အမျိုး (Australoid) ရောနှောမည်ဟု သံသယရှိသည်" ဟု ဆိုထားသည်။


ထို့ပြင် ဦဘသန်း၏ မြန်မာ့ရာဇဝင်၊ စာမျက်နှာ-၅၀ တွင်လည်း အောက်ပါအတိုင်း ရေးသားသည်ကို တွေ့ရသည်။ "မွန်လူမျိုးတို့ကား တိဘက်တိုးဘားမင်း(ပျူ၊ ကမ်းယံ၊ သက်)လူမျိုးတို့ မရောက်လာမီကပင် တရုတ်ပြည်အနောက်ပိုင်း ကုန်းပြင်မြင့်များမှ တောင်ဘက်သို့ ဆင်းလာကြပြီးလျှင် ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ အရပ်ဒေသတို့တွင် မြို့ရွာတည်ထောင် နေထိုင်ကြသည်ဟု ထင်ရန်ရှိသည်။ မွန်ရာဇဝင်သမိုင်း တစောင်တွင် မွန်လူမျိုးတို့သည် ရှေးပဝေသဏီအခါက မွန်တိဟု အမည်တွင်လျက် ရှမ်း (စောထိုင် သို့မဟုတ် ထိုင်း) လူမျိုးတို့နှင့်အတူ ဧရာဝတီမြစ်နှင့် သံလွင်မြစ်တို့အကြား ကုန်းမြင့်တောင်တန်းကြီး တလျှောက် မြို့ရွာပြုစု နေထိုင်ကြကြောင်း၊ နောင်ကာလရှည်လျားမှ တောင်ဘက်သို့ ရွှေ့ဆင်း၍ အဆိုပါမြစ်ကြီးတို့၏ အဝရှိ အရပ်ဒေသတို့တွင် နေထိုင်ကြသည်" ဟုဆိုသည်။


တိဘက်တိုးဘားမင်း (တိဘက်တို-မြန်မာ) (ပျူ၊ ကမ်းယံ၊ သက်) လူမျိုးတို့ မရောက်လာမီကပင် ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ အရပ်ဒေသတို့တွင် မြို့ရွာတည်ထောင် နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်းရှိ မွန်လူမျိုးတို့၏ အစဦး မင်းနေပြည်တော်သည် သုဝဏ္ဏဘူမိ (ခေါ်) သထုံဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့၏ မင်းနေပြည်တော်မှာ လန်ဖန်း (ယခုထိုင်းနိုင်ငံ မြောက်ပိုင်း) ဖြစ်သည်။ ၁၁ ရာစုနှင့် ၁၂ ရာစု အရောက်တွင် မွန်တို့သည် ထိုင်းနိုင်ငံတွင် မြောက်ဖက်မှ ရွှေ့ပြောင်းလာသည့် ထိုင်းလူမျိုးတို့၏ရန်ကို ခံရသကဲ့သို့ မြန်မာနိုင်ငံအတွင်းတွင်လည်း မြန်မာတို့၏ ရန်ကို တစ်ပြိုင်နက်နီးပါး ခံခဲ့ရသည်။ ထိုအခါ ယဉ်ကျေးမှု မြင့်မားပြီး အင်အားကြီးသော မွန်တို့မှာ စည်းလုံးမှုနည်းခဲ့သည့်အတွက် မိမိတို့ပိုင်နက်များကို လက်လွှတ်ခဲ့ကြရသည်။


ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာ ဆုံးခန်းတိုင် ပျက်စီးခြင်းသို့ ရောက်ရသော်လည်း ခမာတို့မှာမူ ထိုင်းတို့နှင့် သမိုင်းတစ်လျှောက် စစ်ပြုကာ ဆက်လက်နေထိုင်နိုင်ခဲ့ပြီး ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံအဖြစ် ရပ်တည်နေနိုင်သေးသည်။ မြန်မာနိုင်ငံရှိ မွန်တို့မှာ ပုဂံ အင်အားနည်းချိန်တွင် မဂဒူးမင်းဆက်ကို ထူထောင်ကာ မုတ္တမကို ဗဟိုပြုကာ ပြန်လည်ဦးမော့ခဲ့သော်လည်း ရှေးမွန်တို့၏ မြင့်မားခြင်းကို ပြန်မရနိုင်တော့ပေ။ နောက်ပိုင်းတွင် ဟံသာဝတီ (ပဲခူး) မှာ မင်းနေပြည်တော် ဖြစ်လာခဲ့သည်။ မွန်လူမျိုးတို့သည် (၉) ရာစုမှ (၁၁) ရာစု၊ (၁၃)ရာစုမှ (၁၆)ရာစုအထိနှင့် (၁၈)ရာစုတွင် နှစ်အပိုင်းအခြား တိုတောင်းသည့် ကာလများအတွင်း မြန်မာနိုင်ငံတွင် အလွန်တန်ခိုးဩဇာ ကြီးမားခဲ့ကြသည်။


မွန်နှင့် ခမာမှာ ဘာသာစကားအားဖြင့်သာ တူညီပြီး မျိုးနွယ်မှာ တစ်ခုတည်းမဟုတ်ဟုလည်း ဆိုကြသည်။ မွန်-ခမာတို့သည် အရှေ့အာရှတွင် မိုးရေသောက် လယ်များဖော်ထုတ်ပြီး စပါးကို အကြီးအကျယ်စိုက်ပျိုးသည့် ပထမဆုံး လူမျိုးများ ဖြစ်သည်ဟု သမိုင်းများက ဆိုသည်။



ရှေးဟောင်းမွန်လူမျိုးများ 


ရှေးဟောင်း ပျူလူမျိုးများ နည်းတူ မြန်မာနိုင်ငံ သမိုင်းနှင့် ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာကို အခြေခံ အုတ်မြစ်ချပေးခဲ့သူ လူမျိုးကြီး တစ်မျိုးမှာ မွန်ခမာ အနွယ်ဝင် မွန်လူမျိုးများ ဖြစ်သည်။ အရှေ့အာရှတိုက်ဆိုင်ရာ သမိုင်းပညာရှင်များ ဖြစ်ကြသည့် အိုနယ်လုစ်နှင့် ဟာဘတ် အေစတက်တို့က အာရှတိုက် တောင်ပိုင်းဒေသများသို့ ဦးစွာဝင်ရောက်လာသည့် မောင်းဂွတ် အနွယ်ဝင်များဟု ဆိုကြသည် သို့သော် တိဗက် တရုတ်နှင့် ထိုင်း တရုတ် အနွယ်ဝင်များနှင့် မဆိုင်ပဲ ဩစထရို အေရှတစ်အုပ်စုဝင် လူမျိုးနွယ်များ အဖြစ် မွန် ခမာလူမျိုးများအား သတ်မှတ်ကြသည်။


အိန္ဒိယပြည် ဒဏ္ခိဏ ကုန်းမြေတဝိုက်ရှိ မွန်းဒတ်စ် လူမျိုးများ၊ ဘင်္ဂလားနယ်ရှိ ဆန်သာလ် လူမျိုးများ၊ အာသံနယ်ရှိ ခါဆီးလူမျိုးများ၊ မြန်မာနိုင်ငံရှိ ပလောင်၊ ဝ၊ မွန်လူမျိုးများသည် မူလက လူမျိုးတမျိုးတည်း ဖြစ်လိမ့်မည်ဟု ယူဆကြသည်။ သို့သော် အာရှ တိုက်တောင်ပိုင်းသို့ ဝင်ရောက်လာကြရင်း အိန္ဒိယ၊ မြန်မာ၊ အင်ဒိုချိုင်းနား ကျွန်းဆွယ် ဒေသများသို့ ပြန့်နှံ့သွားကြသည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ မွန်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် မလာခင်က ၎င်းတို့နှင့် အနွယ်တူ ခမာလူမျိုးများနှင့် အတူ အင်ဒိုချိုင်းနား တဝိုက်တွင် နေထိုင်ခဲ့ကြကြောင်း သမိုင်းဝင် အထောက်အထားများ တွေ့ရှိရသည်။ ယိုးဒယား (ထိုင်း) များမှာ ၁၃ ရာစု လောက်ကမှ ဝင်ရောက်နေထိုင်ကြသည်။


အင်ဒိုချိုင်းနားကျွန်းဆွယ် မဲနမ်မြစ်ဝှမ်းဒေသတဝိုက်တွင် ရှေးဟောင်း မွန်လူမျိုးများနှင့် သက်ဆိုင်သည့် မြို့ဟောင်းမြို့ပျက်များ၊ ဘာသာ ကိုးကွယ်မှု ဆိုင်ရာ ရှေးဟောင်း ကျောက်စာများကို တွေ့ရှိရသည်။ မွန်ရာဇဝင်ဟောင်းများ၌ မဲနမ်မြစ်ဝှမ်း မြောက်ပိုင်းဒေသကို ယောနကတိုင်း-ဟရိပုဉ္စပြည်နယ်၊ တောင်ပိုင်းဒေသကို အယဇ္ဈယတိုင်း-ဒွါရဝတီပြည်နယ်ဟု ရေးသားဖေါ်ပြကြပြီး အာရပ် ခရီးသွား မှတ်တမ်းများတွင်လည်း သုဝဏ္ဏဘူမိတိုင်း၏ ကြီးကျယ်ခန်းနားပုံကို ရေးသားထားကြသည်။ ရှေးဟောင်း မွန်လူမျိုးများသည် အိန္ဒိယ တောင်ပိုင်း ဒေသများနှင့် ကူးလူးဆက်ဆံခဲ့ကြပြီး ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အခြား ယဉ်ကျေးမှုများကို မြန်မာနိုင်ငံတွင်းသို့ တင်သွင်းခဲ့ကြသည်။


၃ ရာစု ဝန်းကျင် လောက်တွင် ဗီယက်နမ်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် စမ္ပပြည်နယ်နှင့်လည်းကောင်း၊ ၅ ရာစု လောက်တွင် စတင် တည်ထောင် ၍ ၁၃ ရာစုခန့်အထိ အင်ဒိုချိုင်းနားကျွန်းဆွယ်နှင့် အရှေ့အာရှတိုက် တောင်ပိုင်းတွင် ကြီးကျယ် ကောင်းစားခဲ့သည့် ခမာ လူမျိုးများ၏ ကမ္ဗောဇနိုင်ငံတော်ကြီးနှင့် ရှေးဟောင်းမွန်လူမျိုးများသည် ဆက်သွယ်မှုများ ရှိခဲ့ကြသည်။ ရှေးဟောင်း မွန်လူမျိုးများသည် မဲနမ်မြစ်ဝှမ်းဒေသ တဝိုက်တွင် နှစ်ကာလများစွာ နေထိုင်ပြီးမှ မြန်မာနိုင်ငံ တောင်ပိုင်းဒေသ ဖြစ်သည့် တနင်္သာရီ ဘက်သို့ ပြန့်နှံ့ဝင်ရောက်လာကြသည်။ ထို့နောက် ဧရာဝတီမြစ်ဝှမ်းများနှင့်၊ စစ်တောင်း၊ မြစ်ဝကျွန်းပေါ်၊ ပဲခူးဘက်သို့ ပြန့်နှံ့လာပြီး ၉ ရာစုနှစ်ခန့်တွင် ဥဿာပဲခူးပြည်နှင့် မာလမင်းဆက်ကို ထူထောင်ကြသည်။


ထိုသို့ထူထောင်စဉ် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဘက်ကို အခြေစိုက် ထူထောင်ရန် ကြိုးပမ်းအားထုတ်ကြသည့် အိန္ဒိယနိုင်ငံ တောင်ပိုင်း ချိုလာမင်းဆက် ဘုရင်များနှင့် တိုက်ခိုက်ကြရသည့် စစ်ပွဲများအကြောင်း မွန်ရာဇဝင်များ၌ ရေးသားထားသည်။ ၁၀ ရာစုခန့်က အိန္ဒိယတောင်ပိုင်း ချိုလာမင်းဆက် ရာဂျန်ဒရာမင်းသည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကို တိုက်ခိုက် သိမ်းပိုက်ထားကြောင်း ဖေါ်ပြထားသည်။


ခမာ လူမျိုးတို့၏ ကမ္ဗောဒီးယားနိုင်ငံ တန်ခိုးကြီးမားခဲ့စဉ်က မွန်လူမျိုးတို့၏ မြို့ပြ ပြည်နယ်များကို ယင်းတို့နိုင်ငံ၏ အစိတ်အပိုင်းတခု အဖြစ် ဆက်ဆံခြင်း ခံခဲ့ရသည်။ အနော်ရထာ မင်း လက်ထက်တွင် ဥဿပဲခူးအား မဲနမ်မြစ်ဝှမ်းမှ ဂျွန်း (ဂျွမ်း) စစ်သည်များ လာရောက် တိုက်ခိုက်၍ အနော်ရထာဘုရင်၏ တပ်များက သွားရောက် ကူညီရကြောင်း ရာဇဝင်သမိုင်းများ၏ ရေးသားထားချက်များကိုလည်း ဆက်စပ်လေ့လာကြည့်နိုင်သည်။


ရှေးဟောင်း မွန်လူမျိုးများသည် တနင်္သာရီမှ ပဲခူးအထိ ပြန့်နှံ့လာပြီး ရာစုနှစ် အနည်းငယ်အတွင်း မြစ်ဝကျွန်းပေါ် ဒေသတခုလုံးသို့ ပြန့်နှံ့သွားကြသည်။ ရန်ကုန်၊ မြောင်းမြ၊ ပုသိမ်၊ ဖျာပုံ၊ ကျိုက်လတ်၊ တွံတေး၊ ဒေးဒရဲ၊ လပွတ္ကာ၊ ဓနုဖြူ၊ ကျုံပျော် အစရှိသည့် မြို့များသည် မွန်လူမျိုးများ တည်ထောင်ခဲ့ကြသည့် မြို့ပြများဖြစ်ပြီး အခေါ်အဝေါ်များသည်လည်း မွန်လူမျိုးတို့ ဝေါဟာရများ ဖြစ်သည်။


၁၄ ရာစုခန့်တွင် ရှေးဟောင်း မွန်လူမျိုးတို့ အပြည်ပြည် အကွဲကွဲ အပြားပြား အမင်းမင်း ဖြစ်နေခြင်းအား ရာမညတိုင်းကို စတင်ထူထောင်သည့် ဝါရီရူမင်းဆက် ရာဇာဓိရာဇ်ဘုရင်က ပထမဦးဆုံးအကြိမ် စည်းလုံးသိမ်းသွင်းခဲ့သည်။ ရှေးဟောင်း မွန်လူမျိုးတို့၏ မြို့ဟောင်းများ စေတီများ ကိုးကွယ်မှု ဆိုင်ရာနှင့် ယဉ်ကျေးမှုများအား လေ့လာတွေ့ရှိချက်တွင် ရှေးဟောင်း ပျူလူမျိုးများ ကဲ့သို့ ဗြဟ္မဏနှင့် မဟာယနများကို မတွေ့ရှိရပဲ ထေရဝါဒ ဆိုင်ရာ ယဉ်ကျေးမှုများကိုသာ တွေ့ရှိရသည်။ ဗိသုကာ နည်းပညာမှာ အိန္ဒိယနိုင်ငံ တောင်ပိုင်းသို့ နွယ်ကာ ပါဠိစာပေကိုသာ သုံးစွဲပြီး အက္ခရာ အရေးအသားမှာ အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသသုံး ပလ္လဝ အက္ခရာမျိုးနှင့် ဆင်တူလေသည်။ 



ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ 


မွန်လူမျိုးတို့သည် ရှေးနှစ်ပေါင်း များစွာကတည်းက ကိုယ့်ထီး ကိုယ့်နန်း၊ စာပေ၊ ယဉ်ကျေးမှုနှင့် နေလာကြသူများဖြစ်သည်။ ရွှေဟင်္သာ သည် မွန်လူမျိုးများ၏ အထိမ်းအမှတ် အမှတ်အသားတစ်ခုဖြစ်သည်။ မွန်နိုင်ငံ တည်ရှိရာ ဒေသကို ရာမညဒေသ ဟုလည်းခေါ်ဆိုခဲ့ကြသည်။



ကိုးကွယ်ယုံကြည်မှု 


မွန်လူမျိုးအများစုသည် ထေရဝါဒဗုဒ္ဓဘာသာ ကို ရှေးပဝေသဏီကတည်းက ကိုးကွယ်ကြသည်။


သာသနာအစ သထုံက 


ဂေါတမ မြတ်စွာဘုရား ဘုရားဖြစ်ပြီး ၈ ဝါမြောက်တွင် ဂဝမ္ပတိ မဟာထေရ်ကို အကြောင်းပြု၍ သထုံ၊ ဟံသာဝတီ စသော မွန်တို့၏ ဒေသများသို့ ဒေသစာရီကြွချီ ရောက်ရှိတော်မူသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး သာသနာ သက္ကရာဇ် ၂၅၃ ခုနှစ်၊ သီရိဓမ္မာ သောကမင်းကြီး လက်ထက်တွင် ကိုးတိုင်းကိုးဌာနသို့ ရဟန်းတော်များ စေလွှတ် သာသနာပြုစေရာတွင် သောဏထေရ်နှင့် ဥတ္တရထေရ်နှစ်ပါး သထုံဒေသသို့ သာသနာပြုရန် ရောက်ရှိတော်မူပြန်သည်။


သာသနာ သက္ကရာဇ် ၉၀၀ ကျော်တွင် မွန် အရှင်ဗုဒ္ဓဃောသ မထေရ်သည် သီဟိုကျွန်း (သီရိအလင်္ကာ) သို့ ကြွကာ ပိဋကတ်တော်များကို မာဂဓဘာသာဖြင့် ပေရွက်ပေါ်တွင် ကူးယူပြီး သထုံသို့ ယူဆောင်လာခဲ့၍ မွန်တို့ဒေသတွင် ဗုဒ္ဓသာသနာတော် ထွန်းကားစည်ပင်လာခဲ့သည်။ အနော်ရထာမင်း လက်ထက် ပိဋကတ်တော်များကို သထုံမှ ပုဂံသို့ ဆောင်ကြဉ်းခဲ့ပြီး ထေရဝါဒဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံအနှံ့ ပြန်နှံ့သွားခဲ့သည်။ ထို့ကြောင့် "သာသနာအစ သထုံက" ဟု ဆိုစမှတ်ပြုကြကြောင်း တွေ့ရှိရသည်။


ဦးငါးဦး


သာသနာဝင်ကျမ်းများအရ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူပြီး (၄၉) ရက်မြောက် လင်းလွန်းပင်ရင်း၌ စံနေတော်မူစဉ် မြန်မာနိုင်ငံ ဥက္ကလာပတိုင်းသား မွန်လူမျိုး တဖုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်နှစ်ဦးတို့သည် မြတ်စွာဘုရားကို ဖူးမျှော်ခဲ့ရပြီး သာသနာတော်တွင် ဘုရားကို ဦးစွာဖူးမျှော်ခွင့်ရသူများ၊ သရဏဂုံနှစ်ပါးတွင် ဦးစွာတည်သူများ၊ မြတ်စွာဘုရား ကိုယ်စားတော် သံဃာတော်များကို ဦးဆုံးကိုးကွယ်ခွင့် ရသူများ၊ မြတ်စွာဘုရား၏ ဆံတော်များ ဌာပနာပြီး ကမ္ဘာပေါ်တွင် ပထမဦးဆုံး စေတီဖြစ်သော ရွှေတိဂုံစေတီတော်ကို တည်ထားကိုးကွယ်ခွင့် ရခဲ့သူများဖြစ်ကြောင်း သိနိုင်သည်။



စာပေ 


မွန်လူမျိုး ကို မွန်ဘာသာဖြင့် ဂကူမန် ဟုရေးသားပါသည်။ မွန်စာပေတွင် ဗျည်း (၃၅) လုံးရှိပြီး ၊ သရ (၁၂) လုံး ရှိသည်။


မွန်စာပေသည် အေဒီ ၅ ရာစုခန့်တွင် ပေါ်ပေါက်နေပြီ ဖြစ်ကြောင်း စတင်တွေ့ရသည်။ အိန္ဒိယတောင်ပိုင်း ပလ္လဝလူမျိုးတို့၏ ပလ္လဝအက္ခရာကို အခြေခံ၍ မွန်စာကို တီထွင်ခဲ့ကြသည်။ သထုံခေတ်တွင် မွန်စာပေ ကောင်းစွာ ထွန်းကားနေပြီဖြစ်ကြောင်း သုဝဏ္ဏဘူမိ ဝန်းကျင်တွင် တွေ့ရှိရသော မွန်ကျောက်စာများက ဖော်ပြနေသည်။ ယိုးဒယားနိုင်ငံတောင်ပိုင်း ပရပထုံကျောက်စာကိုကြည့်၍ ခရစ်နှစ် ၅ ရာစုခန့်တွင် မွန်တို့ မွန်စာကို ကောင်းစွာရေးတတ် ဖတ်တတ်နေပြီဖြစ်ကြောင်း သိနိုင်သည်။


မွန်စာပေသမိုင်းကို ဆန်းစစ်မည်ဆိုလျှင် ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ၊ ခေါင်းလောင်းစာ၊ စဉ့်ကွင်းစာ၊ အင်္ဂတေစာ၊ ပုရပိုဒ်စာ၊ ပေစာ၊ ပုံနှိပ်စာ စသည်ဖြင့် ပုံစံအမျိုးမျိုးတွေ့ရှိနိုင်သည်။ ပိဋကတ်တော်ဆိုင်ရာကျမ်း၊ ရာဇာဝင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပျို့ကဗျာလင်္ကာကျမ်း၊ ပုံဝတ္ထုများ၊ စကားပြေအရေးအသားများ စသည်ဖြင့် စုံလင်လှသည်။



မွန်-မြန်မာ စာပေယဉ်ကျေးမှု ပေါင်းကူး 


မွန် နှင့် ဗမာတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုပေါင်းကူးချိန်သည် မွန်နှင့် မြန်မာတို့ ကျောက်ဆည် နယ်တွင် ဆုံတွေ့၍ အတူတကွ နေထိုင်ခဲ့သောအချိန်မှ စတင်ခဲ့သည်။


ထိုအချိန်အတွင် မွန်တို့သည် မြေပြန့်လွင်ပြင်တွင် လယ်ယာလုပ်ငန်းဖြင့် အေးချမ်းသာယာစွာ နေထိုင်ခဲ့သည်မှာ အနှစ်သုံးထောင်ခန့်ပင် ကြာညောင်းခဲ့ပြီး၍ ယဉ်ကျေးမှုအရာတွင် အလွန်မြင့်မား နေပါသည်။ မွန်တို့၏ အချက်အချာနိုင်ငံဖြစ်သော ဒွါရဝတီနိုင်ငံသည်လည်း တန်ခိုးကြီးမားနေချိန် ဖြစ်သည်။ ထို့ပြင် မွန်တို့သည် ထေရဝါဒဗုဒ္ဓဘာသာ ပိဋကတ်တော်များနှင့်တကွ စာပေအရေးအသားများကိုပါ ပိုင်ဆိုင်ထားကြပြီးဖြစ်၍ စိတ်သဘောထား နူးညံ့သိမ်မွေ့နေသူများ ဖြစ်ကြပေသည်။


ရန်ကုန်တက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ထမ်းဆောင်ယင်း ပြည်ထောင်စုသားများကြားတွင် နှစ်ပေါင်းများစွာနေထိုင်ကာ ကျန်စစ်သားမင်း၏ မွန်ကျောက်စာ (၁၂) တိုင်ကို ဖတ်၍ အက်ပီဂရပ်ဖီယာဗားမင်နီကာ ခေါ် မြန်မာကျောက်စာပေါင်းချုပ် စာအုပ်ကို တည်းဖြတ်ပြုစုပေးခဲ့သော အလွန်လေးစားအပ်သည့် ပါမောက္ခချုပ်၏ ယူဆချက်သည်လည်း ဒေါက်တာသန်းထွန်း၏ ယူဆချက်နှင့် ထပ်တူထပ်မျှပင်ဖြစ်ပါသည်။


ရှေးမြန်မာသမိုင်းပညာရှင်များသည် မြန်မာတို့က ပျူတို့ထံမှတဆင့် ဘာသာယဉ်ကျေးမှုနှင့် စာပေ အရေးအသားကို လက်ခံရရှိ ခဲ့သည်ဟု ယူဆလိုကြသည်။ သို့သော် နောက်ပိုင်းတွင် တွေ့ရှိလာရသော သမိုင်းအထောက်အထားများအရ ဒေါက်တာသန်းထွန်းက အမှန်ကို ဖော်ထုတ်ပြလို၍ သုံးနှုန်းလိုက်သည့် အတိုင်း "မြန်မာတို့ ဆရာကား မွန်ဖြစ်သည်" ဆိုသည်မှာ ထင်ရှားလှပါသည်။


မြန်မာတို့သည် ကျောက်ဆည်နယ်တွင် မွန်တို့နှင့် စတင်တွေ့ဆုံခဲ့ပြီး၊ မွန်တို့ထံမှ ဘာသာ ယဉ်ကျေးမှုနှင့် စာပေအရေးအသားကို လက်ခံယူသည်။ နောင်အင်အားကြီးထွားလာသည့်အခါတွင်မှ ကျောက်ဆည်နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်သို့ တစတစ တိုးချဲ့ကာ ပျူတို့၏ ယဉ်ကျေးမှုနှင့် ထိတွေ့လာကြသည်။



အနုပညာ ယဉ်ကျေးမှု 


မွန်တို့သည် ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း စသည့် ပန်း ၁၀ မျိုး အတတ်နှင့် အဆောက်အဦးများ တည်ဆောက်ခြင်း၊ အင်္ဂတေရုပ်လုံးများ ထွင်းထုခြင်း စသည့် လက်မှုပညာများကို သထုံခေတ်တွင် ကောင်းစွာ တတ်မြောက်နေပြီဖြစ်သည်။ သထုံဝန်းကျင်တွင် ဂဝံကျောက်ဆစ် လက်ရာများ ကျန်ရစ်နေသည်ကို ယခုတိုင် တွေ့မြင်နိုင်သည်။ ကျောက်သင်ပုန်းလုပ်ငန်းသည် မွန်တို့၏ လက်မှုပညာတစ်ခု ဖြစ်သည်။



တူရိယာ 


မွန်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု တူရိယာမှာ မိကျောင်း(တူရိယာ) ဖြစ်သည်။




ထင်ရှားသော မွန်လူမျိုးများ


• တဖုဿနှင့် ဘလ္လိကရှင်


• အရဟံ - ဗုဒ္ဓသာသနာသန့်ရှင်း ထွန်းလင်းစေသူ


• ရာဇာဓိရာဇ် - ဟံသာဝတီ မွန်ဘုရင်မွန်


• ဘုရင်မကြီး ရှင်စောပု 


• ဗုဒ္ဓဘာသာသာသနာတော် အတွက်ကြိုးပမ်းမှုများကြောင့် ထင်ရှားသော မွန်ဘုရင် ဓမ္မစေတီ


• မွန်သူရဲကောင်း သမိန်ဗရမ်း


• ဗညားဒလ - ဒုတိယမြန်မာနိုင်ငံတော်တည်ထောင်သူဘုရင့်နောင်၏ အတိုင်ပင်ခံဝန်ကြီးချုပ်


• ဗုဒ္ဓ ယော့ဖာ စုဠာလောက (ရာမ၁) - ထိုင်းဘုရင့်နိုင်ငံ၏ ချက္ကရီမင်းဆက် တည်ထောင်သူ


• မောင်ထော်လေး - စစ်ကဲ


• ဦးနာအောက် - မီးသင်္ဘောသူဋ္ဌေး


• သူဌေးကြီး ဆာဦးသွင်


• ကိုလိုနီခေတ် မြန်မာလူမျိုး ပထမဆုံး ဘုရင်ခံ ဆာဂျေအေမောင်ကြီး


• မြန်မာ့ ပထမဆုံး အနောက်တိုင်းဆရာဝန် ဒေါက်တာရှောလူး


• မြန်မာနိုင်ငံ ပထမဆုံး ကာယဗလလေ့ကျင့်သူ ဒေါက်တာဝေါ်လတာချစ်ထွန်း


• မြန်မာနိုင်ငံ ပထမဆုံး ပါရဂူ ဒေါက်တာဘဟန် 


• မြန်မာနိုင်ငံ ပထမဆုံး နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်


• မြန်မာနိုင်ငံ ပထမဆုံး အမျိုးသမီး မင်းတိုင်ပင်အမတ် ဒေါ်နှင်းမြ


• မြန်မာနိုင်ငံ ပထမဆုံး အသည်းအစားထိုးကုဆရာဝန်ကြီး ဒေါက်တာနော်မန်လှ


• ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူ မင်းသုဝဏ် ( မြန်မာနိုင်ငံ၏ သမ္မတ ဦးထင်ကျော်၏ ဖခင်)


• သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ နိုင်ပန်းလှ 


• ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင် 


• ဇာဂနာ - ရုပ်ရှင်နှင့် သဘင်ပညာရှင်


• အိချောပို - သရုပ်ဆောင်၊ မော်ဒယ် 


• ထူးအိမ်သင် - တေးရေးတေးဆို 


• ဗညားနိုင် - အိုင်းရင်းခရော့စ် (Iron Cross) တီးဝိုင်းအဖွဲ့ဝင် 


• မင်းကိုနိုင် - ကျောင်းသားခေါင်းဆောင် 


• ဦးမြင့်ဆွေ - ဒုတိယ သမ္မတ



ကိုးကား 


ရာမညမိုးစွေ၏ မွန်ဂီတနိဒါန်း 

ဒေါက်တာမင်းတင်မွန်၏ မွန် - မြန်မာ စာပေပေါင်းကူ





Sunday, August 30, 2020

ချင်းလူမျိုး

 ချင်းလူမျိုး  



ချင်းဟူသော အမည်နာမကို အစဦးကတည်းက ချင်းတို့ကိုယ်တိုင်နှင့် အနီးပတ်ဝန်းကျင်ရှိ ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ ဗမာလူမျိုးများက ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။



ရာဇဝင်လာ 


ချင်းလူမျိုးတို့၏ ချင်းလူမျိုးဆိုင်ရာ နှုတ်ရာဇဝင်တွင် ချင်းနှင့် ကချင်သည် မွေးချင်းညီအကိုများဖြစ်ကြပြီး တရုတ်ပြည်မှတဆင့် ဟူးကောင်းတောင်ကြားမှသည် ဗမာပြည်ထဲသို့ဝင်ရောက်လာခဲ့စဉ်က ညီဖြစ်သူ ကချင်သည် အလေးသွားနေခိုက် အကိုဖြစ်သူ ချင်း သည် ညီကို မစောင့်ပဲ ဆက်လက်ခရီးနှင်ပြီး လမ်းခရီးတွင် တောငှက်ပျောပင်ကို ခုတ်ဖြတ်ခဲ့သည်။ ညီဖြစ်သူက အကိုဖြတ်ခဲ့သော ငှက်ပျောအူတိုင် အတော်အတန် ထွက်လာသည်ကို ကြည့်ပြီး အကို့ကို မှီနိုင်တော့မှာ မဟုတ်ဟု ဆိုကာ ကချင်ပြည်တွင် နေရစ်ခဲ့သည်။ အကိုဖြစ်သူ၏ ခြေရာကိုကြည့်ပြီး Khang (ခြေရာ)ဟု ခေါ်ဆိုခဲ့သည်။ ကချင်တို့သည် အိမ်ဆောက်လျှင် အိမ်ရှေ့ခန်းတွင် အခန်းတခုသီးသန့် ဖွဲ့စည်းခဲ့ကြသည်။ အဓိပ္ပါယ်မှာ အကိုဖြစ်သူ ပြန်လာလျှင် နေထိုင်ရန်အတွက် ဖြစ်သည်။



စာရေးဆရာ (G.H luce)က ဗမာနှင့် သက်၊ ရှမ်းစသည်တို့ စစ်ဖြစ်စဉ် ချင်းလူမျိုးများနှင့် မိတ်ဖွဲ့ ဆက်ဆံဘွယ်ရှိခဲ့ကြသည်။ ထို့ကြောင့် ချင်းဆိုသည်မှာ ကျနော် တို့ဗမာနှင့် အချင်းချင်း၊ သူငယ်ချင်းဖြစ်သည်ဟု ဆိုရာမှ ချင်းဖြစ်လာသည်ဟု ဆိုသည်။ ၁၅၅၄ ခုနှစ်၊ မဏိပူရ်မှတ်တမ်းတွင် ချင်းတို့ကို ကူကီးဟုရေးသားထားသည်ကို တွေ့ရသည်။ Carry & Tuck ၏ မှတ်တမ်းအရ ချင်းအမည်နာမသည် တရုတ်ဘာ သာစာကား “လူ”ဟု အဓိပ္ပါယ်ရသည့် Jim or Jen ကို ဗမာလူမျိုးများ က“ချင်း”ဟု အသံထွက် ခေါ်ဆိုခြင်း ဖြစ်သည်။ ချင်းတွင်းမြစ်သည် ချင်းတို့ နေထိုင် ရာဒေသ ဖြစ်သည့်အတွက် ချင်းတွင်းဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ၁၁ ရာစုမတိုင်မှီ ဗမာ့ ကျောက်စာများတွင် ချင်းအမည် နာမကို ရှင်းလင်းစွာ အသုံးပြုခဲ့သည့် အထောက်အထားခိုင်မာစွာ တွေ့ရှိနိုင်သည်။


၁၈၉၆ ခုနှစ် ဗြိတိသျှက သိမ်းပိုက်အုပ်ချုပ်ခြင်းမပြုမှီ Chin-Kuki Lingustic People ဘာသာစကား လေ့လာသော သုသေသီများက ချင်း Chin သတ်ပုံအပြောင်းအလဲကို Khyeng, Khang, Khlang, Khyang, Khyan, Kiayn, Chiang, Chi’en, Chien ဟူ၍ ဆိုကြသည်။ အေဒီ ၁၇၈၃-၁၇၉၆ အတွင်း ဗမာပြည်တွင် ကာသိုလိပ် မစ်ရှင်အဖြစ် ရောက်ရှိလာသောFather Sangermomo က ချင်းကို Chien အဖြစ်ပေါင်းပြီး Chin Hill ကို Chien Mountain ဟု မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ၁၈၂၆ ခုနှစ်တွင် ရှိတ်စပီးယားကမူ ချင်းကို Kiayn ဟူ၍၎င်း၊ ၁၈၂၄-၁၈၂၆ ခုနှစ်၊ ပထမအင်္ဂလိပ်မြန်မာစစ်အတွင်း Histroy of Burma ပြုစုသည့် စာရေးဆရာ Phayer က ချင်းတွင်းကို Khyendweng ဟူ၍၎င်း၊ ၁၈၉၁ တွင် Major Hughes က ၎င်း၏စစ်ရေးအစီရင်ခံစာတွင် Chin ဟူသော စကားလုံးကို ပထမဆုံးအသုံးြုပခဲ့ သည်။ ထို့နောက် A.G.E New Land ကလည်း ၎င်း၏စာ အုပ်တွင် “ချင်း”ဟူ၍ ရေးသားခဲ့သည်။ ဒေါက်တာ လျန်မှုန်းဆာ ခေါင်းသည် ချင်းတို့ ချင်းပြည်ကို အခြေချနေထိုင်ကြရာတွင် ကျင်နွေး(Ciimnuai)ဒေသတွင် နေထိုင်ကြသူများကို ဇိုချင်း၊ Locom ဒေသတွင် နေ ထိုင်ကြသူများကို Lusei၊ Lailun ဒေသတွင် နေထိုင်ကြသူများကို Lai မျိုးနွယ်များ ဖြစ်လာကြ သည် ဟုရေးသားခဲ့သည်။



လက်ရှိ ချင်းလူမျိုးများအတွင်း ဇိုမီး၊ လိုင်မီး၊ အရှို၊ ချိုး၊ စ သည့် အမည် နာမများ မပေါ်သေးမီ ချင်း အမည်သည် အမျိုးသား အမည်ဖြင့် ရပ်တည်ပြီးဖြစ်ကြောင်း Religion and Politics among the Chin People စာအုပ်တွင် အခိုင်အမာ်ရေးသားခဲ့သည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ဖြစ်သည့် DPI/1316-03025 November 1992-9M အရ ချင်းလူမျိုးသည် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများတွင် ပြန့်နှံ့နေထိုင်ကြပြီး ကမ္ဘာ့လူမျိုးများ အလယ်တွင် လူမျိုးတမျိုးအဖြစ် အသိအမှတ်ပြု ရပ်တည်နိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ၂၀၀၁ ခုနှစ် Unrepresented Nations and People Organization (UNPO) တွင်လည်းအဖွဲ့ဝင် ဖြစ်လာခဲ့သည်၊၊


သမိုင်းကြောင်း 


ချင်းလူမျိုးတို့သည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသော လူမျိုးအုပ်အစုကြီး၃စုဖြစ်သည့် မွန်ခမာ အနွယ်တိဗက် မြန်မာအနွယ်နှင့်ထိုင်း တရုတ်အနွယ်တို့အနက်မှ တိဗက်မြန်မာအုပ်စုဝင်ဖြစ်သည့် အခြေခံ အားဖြင့် ချင်းလူမျိုးတို့လည်း မေထေးချင်း ရိုး⁠ရိုးဟု ခွဲခြားထားသော်လည်း နေထိုင်ရာအရပ် ဒေသကိုခွဲ၍ လည်းကောင်းဒေသ အမည်ဖြင့် ခွဲခြားခေါ်ဝေါ်နေကြခြင်းများလည်းရှိသည်။ ဤနည်းဖြင့် တီးတိန် (တဲဒင်မ်) ချင်း၊ ဖလမ်းချင်း၊ အားခါချင်း မင်းတပ်ချင်း၊ မတူပီချင်း၊ ကန်ပတ်လက်ချင်း၊ ပလက်ဝချင်းနှင့် ဝချင်း နှင့် မြေပြန့် ချင်းဟူ၍ အမည်အမျိုးမျိုးရှိ၍နေ ခြင်းပင်ဖြစ်သည်။


ချင်းပြည်နယ်မှ လူမျိုးအုပ်စုနေဖြင့် များစွာကွဲပြားခြားနားနေကြသော်လည်း စကားအုပ်စုအနေဖြင့်မှု အနည်းငယ်သာ ခြားနားမှုရှိသည် ပင်မစကားကြီးများရှိပြီး ဒေသန္တရဆိုင်ရာ အသုံးအနှုံးများ ဝေါဟာရများ နှင့် လေယူလေသိမ်း အသံထွက်အလေးအပါ့သာ ကွဲပြားကြသည်။


ယနေ့ ဇိုမီး၊ လိုင်မီး၊ ကူကီး၊ ထာဒို၊ ခေါင်ဆိုင်၊ ချိုး၊ အရှို၊ ခူမီး၊ မတူ၊ မရာ စသည်ဖြင့်ခေါ် ဝေါ်ကြသော မျိုးနွယ်စုများ ၏ပင်ရင်းအမည်သည် “ချင်း” ပင် ဖြစ်သည်။ “မီး”(mi) ဟူသည် ဗမာလို “လူမျိုး” ဟု အဓိပ္ပါယ်ရပါသည်။ ယခုအခါ ဒေသတွင်း ၌ သာမက အပြည်ပြည် ဆိုင်ရာ လူ့အသိုင်းအဝိုင်း၌ အမျိုးသား အမည် နာမတခု တည်းအဖြစ် ရပ်တည်နေသော “ချင်း”ဟူ သော အမည်နာမသည် ပို၍လူသိများ လာပြီဖြစ်သည်။



ချင်းတို့မူရင်းဒေသ 


ချင်းတို့ စတင်ပေါက်ဖွားရာ မူရင်းဒေသနှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုးရှိခဲ့သည်။ တချို့က ချင်လုံမှ စတင် ပေါက်ဖွားဆင်း သက်လာခဲ့သည် ဟူ၍၎င်း၊ တချို့က တရုတ်ပြည် ချင်မင်းဆက်မှ ဆင်းသက်လာသည်ဟူ၍၎င်း ယူဆခဲ့ကြသည်။ သို့သော်လည်း သမိုင်းပါမောက္ခ လုစ် Groden Luce ဒေါက်တာသန်းထွန်း တို့ကမူ အရှေ့တောင်အာရှသားတို့သည် တိဗက်မြန်မာအုပ်စုမှ ဆင်းသက်လာကြပြီး တိဗက်မြန်မာတို့မှာ တရုတ်ပြည်ရှိ ချီယန် Chi-an အနွယ်ဝင်ဖြစ်သည်ဟု ဆိုကြသည်။ ချင်းတို့မှာ တိဗက် မြန်မာအနွယ်ဖြစ်သောကြောင့် ချင်းတို့ မူရင်းဒေသမှာ ချီယန်တို့ နေထိုင်ရာ တရုတ်ပြည် ကန်စု Kansu ဒေသဖြစ်ခဲ့ သည်။ ဘီစီ (၂၀၀၀)ခန့်တွင် တရုတ်တို့သည် မကြာခဏဝင်ရောက် ကျူးကျော် တိုက်ခိုက်သဖြင့် တောင်ဖက်သို့ တဖြည်းဖြည်း ရွေ့ပြောင်း လာခဲ့ ကြသည်။ တချို့သည် တိဗက်မှာ နေထိုင်ကြပြီး တချို့မှာ ရွှေလီ မြစ်၊ သံလွင်မြစ်၊ ယူနန်ပြည်နယ်များမှာ၎င်း၊ တချို့မှာဟူးကောင်း တောင်ကြားမှ မြန်မာပြည်သို့ ဆင်းသက်လာကြ သည်ဟု ဆိုကြသည်။ ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်ဝင်များ ဖြစ်ကြ ကြောင်းကို ရှေးဟောင်းပစ္စည်း အမွေအနှစ်ရှာဖွေ ကြသူများနှင့် သမိုင်းသုတေသီများ အဆိုအရ တင်ပြမည်ဆိုပါက စီလူဝီစ် (Luwis)ရေး သားသော“The tribes of Burma” Burma research Journal No(4) စာအုပ်တွင် ချင်းလူမိုျးများသည် မွန်ဂိုလွိုက်အနွယ်ဝင် များဖြစ်ကြောင်း C.A Soppitt ရေးသားသော A short History of Kuki-Lusha စာအုပ်၊ Lt.col.J.Shakespear ရေးသားသော The lushai-Kuki Clan. Carry & H.N Tuck ရေးသားသော The Chin Hill နှင့် F.K.Leman ရေးသားသော The strucrute of Chin society စာအုပ်များတွင် ချင်းလူမျိုးများသည တရုတ်ပြည်မှ ဆင်းသက် လာကြပြီး တိဗက်မြန်မာ အနွယ်ဝင်များဖြစ် ကြောင်း ထို့ပြင် ချင်းအမျိုးသား ထဲမှလည်း Pu sing Khaw Khai ရေးသားသော “The Chin Their Name and Tradition စာအုပ်၊ (Central-CLCC Annual Magazine) စာအုပ်မှ ပါမောက္ခဒေါက်တာ အေးအေးငွန် ရေးသားသော ချင်းတို့၏ မှုလဇာတိ နှင့် မှုရင်းဒေသဆောင်းပါး၊ Dr. Vum Son ရေးသားသော Zo History စာအုပ် နှင့် အခြားချင်းအမျိုးသားတော်တော်များများမှလည်း ချင်းလူမျိုးတို့သည် တရုတ်ပြည်တိဗက်ဒေသမှ ဆင်းသက်လာကြပြီး မွန်ဂိုလွိုက် အနွယ်ဝင်များဖြစ်ကြောင်း တညီတညွတ်တည်း လက်ခံကြသည်။ ဗြိတိသျှစွယ်စုံကျမ်းဖော်ပြချက်အရ တရုတ်ပြည်မှ ဆင်းသက်လာကြသူများသည် အုပ်စုလေးစုခွဲရာ အာလ်တိုက် (Altaic) အော်óတိ-အာရှတစ် (Austro-Asiatic)၊ အင်-ယူရိုပီယန် (Indo-Europe) နှင့် ဆိုင်နို တိဗက်တန် (Sino-Tibetan)များဖြစ်ကြသည်။ ဆိုင်နိုတိဗက်တန် အုပ်စုတွင်း၌ ဟန်-ချိုင်းနစ် (Han-Chinese)၊ ဟွီ-ချိုင်းနစ် (Hui-Chinese)၊ မယို-ရန် (Miao-Yan)၊ ထိုင်း (Tai)၊ တိဗက်-မြန်မာ (Tibet-Burma) ဟူ၍ ပြန်လည် စိတ်ဖြာဆင်းသက်လာ ကြသည်။ မြန်မာ့သမိုင်းအဆိုအရ Tibeto- Burma အုပ်စု တွင် ရခိုင်၊ ဗမာ၊ ချင်း၊ ကချင်၊ လားဟူ၊ လီဆူး၊ လိုလို မိုဆို၊ နာဂတို့ပါဝင်ကြသည်။ ၁၉၅၅ ခုနှစ် အင်းဝမြို့သို့ အင်္ဂလိပ် သံတမန်ကြီး၏ အတွင်းဝန်အဖြစ် လိုက်ပါလာ သော ကပ္ပတိန် ယူလီကမူ ချင်းနှင့်လူရှိုင်းလူမျိုးများသည် အင်ဒိုချိုင်းနား အနွယ်ဝင် များဖြစ်ကြပြီး ကူကီး၊ နာဂ၊ ချင်းအနွယ်ဝင် များဖြစ် ကြကြောင်း သိရှိရသည်ဟု ရေးသားထားပါသည်။ Dr. Vum Son. Zo History ဖော်ပြချက်အရ ချင်းစကားပြောအုပ်စုတွင် အရှို၊ ချိုး၊ ခူမီး၊ ကူကီး၊ လိုင်၊ မီဇို၊ နာဂနှင့် ဇိုစသည်တို့ ပါဝင်ကြသည်။


နေထိုင်ရာဒေသ 


ချင်းလူမျိုးများနေထိုင်ရာ ဒေသကို အကြမ်းအားဖြင့်ဖော်ပြရသော် မြန်မာနိုင်ငံအနောက်မြောက်ဘက် စံမရနောင်တန်းဒေသ၊ နာဂတောင်နှင့် မဏိပူရပြည်နယ်တို့မှ တောင်ဘက် မော်တင်စွန်း ရောက်လုနီး ဒေသစပ်ကြားနှင့် အရှေ့ဘက် ချင်းတွင်းမြစ်၏ လက်တက်ဖြစ်သော မြစ်သာမြစ်နှင့် အနောက်ဘက် ဗင်္ဂလားအော် ရောက်လုနီးဒေသစပ်ကြား တောင်မြင့်ကုန်းတန်း လျှိုမြောင်တို့မှာ ချင်းလူမျိုးတို့ နေထိုင်ရာ အချက်အချာဒေသ ဖြစ်လေသည်။


ချင်းလူမျိုးတို့ နေထိုင်ရာ မြောက်ဘက်အစွန်ဆုံးဒေသ၌ ပေ(၁၂၅ဝဝ) မြင့်သော စာရာမေတိတောင်ရှိရာ စုံမရ တောင်တန်းဒေသဖြစ်၏။ ယင်း၏ အနောက်တောင်ဘက် မဏိပူရမြေပြန့်မှာ ကသည်း ခေါ် မေထေးချင်းလူမျိုး တစ်မျိုး၏ ဒေသဖြစ်၏။ ထိုဒေသ၏ တောင်ဘက်၌သော် ချင်းတောင်စစ်စစ်ဟု ဆိုရမည့် တီးတိန်၊ ဖလမ်းနှင့် ဟားခါးနယ်များ ရှိပေသည်။ ယင်း၏တောင်ဘက်၌ (၁၀၄၀၀)မြင့်သော ဝီတိုရိယတောင်တစ်ဝိုက်ဖြစ်သည့် ပခုက္ကူ တောင်တန်းဒေသ (ကန်ပက်လက်)ရှိသည်။ နောက်ဘက်၌ မြောက်ပိုင်း ရခိုင်တောင်တန်းဒေသ (ပလပ်ဝ)နှင့် ကုလားတန်မြစ်ဝှမ်း၏ မြောက်ဘက်ဒေသတို့ ရှိကြသည်။ ထိုဒေသများ၌ ချင်းလူမျိုး တို့ကို တွေ့ရပေသေးသည်။ ထိုဒေသများ၌ ချင်းလူမျိုးတို့ကို တွေ့ရပေသေးသည်။ ထိုမျှမကသေး၊ ချင်းလူမျိုးများကို ရခိုင်ရိုးမတောင်၏ တောင်ဘက်ပိုင်းတစ်လျှောက်နှင့် အရှေ့ဘက်မင်းဘူး၊ သရက်မြို့၊ ပြည်ခရိုင်များတွင် တွေ့ရသေး၏။ ထို ဒေသတို့နှင့် တစ်ဆက်တည်း ဖြစ်သော ပဲခူးရိုးမတောင်စွယ် တို့၌ပင် ချင်းရွာအချို့ ရှိနေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံမှအပ ဘင်းဂလားဒေရှ့်နှင့် အာသံပြည်နယ်တို့၌လည်း ချင်းလူမျိုးများ ရှိပေသေးသည်။


တိဗက်မြန်မာအစုဝင် ဘာသာစကားကို ပြောဆိုသူ လူမျိုးအချို့ကို မြန်မာနိုင်ငံတွင်းသို့ ရွေ့ပြောင်း ဝင်ရောက်ကြရာတွင် ချင်းလူမျိုးတို့မှာ အရှေ့မြောက်ဘက်ဆီမှ ခပ်စောစောကပင် ဝင်ရောက်လာကြ၍ နောက်ဝင်လာသူတို့ကို နေရာဖယ်ပေးခြင်းအားဖြင့် နောက်ရိုးမ တစ်လျှောက်တွင် အခြေစိုက်လာခဲ့ကြဟန် တူပေသည်။ ထိုမှတစ်ဆင့် အနောက်ဘက်အာသံပြည်နယ် မဏိပူရပြည်နယ်နှင့် ဘင်းဂလားဒေရှ့် ဘက်သို့ တဖြည်းဖြည်း ရွေ့ပြောင်းနေထိုင်ခဲ့ကြ၏။ လွန်ခဲ့သောနှစ်ပေါင်း ၅ဝ အတွင်းခန့်တွင် ချင်းလူမျိုးအများပင် အရှေ့ဘက် ဧရာဝတီမြစ် ဝှမ်း မြေပြန့်ဒေသသို့၎င်း၊ ရခိုင်တိုင်းဒေသများသို့၎င်း ပျံ့နှံ့နေထိုင်လာကြသည်ကို တွေ့ရသည်။



ဘာသာစကားအလိုက် ချင်းအမျိုးကွဲပြားခြင်း 


ချင်းလူမျိုးတို့ ပြောဆိုသော ဘာသာစကားများကိုလိုက်၍ ကသည်းခေါ် မေထေးအမျိုးနှင့် ချင်းရိုး⁠ရိုးဟု အမျိုးခွဲခြား သတ်မှတ်ထား၏။ ချင်းအမျိုးကို တစ်ဖန် ရှေးကုကီ၊ မြောက်ပိုင်းချင်း၊ အလယ်ပိုင်းချင်း၊ တောင်ပိုင်းချင်းဟု ခွဲခြားပြန်သည်။ ပြောဆိုသော ဘာသာစကားတို့မှာ ဘာသာတူ အသံကွဲ စကားမျိုးသာ ပါဝင်သည်သာမက အခြေခံ၌သာ တူ၍ သီးခြား ဘာသာစကားများ ကွဲပြားနေသည်လည်း ရှိသည်။ ထို့ကြောင့် နိုင်ငံအတွင်း၌ပင် ချင်းဘာသာစကား ၄၄ မျိုးမျှ ကွဲပြားနေပေသည်။ ၁၉၄၁ ခု မြန်မာနိုင်ငံသန်းခေါင် စာရင်းအရ ချင်းလူမျိုး ဦးရေမှာ ၃၅ဝ⁠ဝဝဝ ခန့် ရှိ၏။ ယင်းသို့ အမျိုးထွေပြားလှသော ချင်းလူမျိုးတို့အကြောင်းကို သိသာထင်ရှားအောင် ရေးသားချိန်မှာ ဘာသာစကားလိုက် ခွဲခြားသတ်မှတ်၍ ဖော်ပြမှသာလျှင် လေ့လာသူတို့အတွက် ပိုမိုလွယ်ကူပေလိမ့်မည်။


ကသည်းချင်းများ 


ချင်းအမျိုးကို ၂ စားခွဲခြားထားရာတွင် ပထမအမျိုး ဖြစ်သော ကသည်းချင်း(ခေါ်) မေ့ထေးချင်း Meithei (Kathe) တို့၏ အကြောင်းကို ကသည်းလူမျိုးတွင် စုံလင်စွာ ဖော်ပြထားသည်ကို ကြည့်ပါ။



ချင်းရိုး⁠ရိုးများ 


အထက်ဖော်ပြထားသည့်အတိုင်း ချင်းရိုး⁠ရိုးများတွင် ပါဝင်သော ရှေးကုကီချင်း၊ မြောက်ပိုင်းချင်း၊ အလယ်ပိုင်းချင်း၊ တောင်ပိုင်းချင်းတို့ကို အောက်တွင် ပိုမို၍ ရှင်းလင်းစွာ သိသာရန် တစ်မျိုးစီ သီးခြားဖော်ပြ ထားပါသည်။


ရှေးကုကီချင်းများ 


ရှေးကုကီချင်းတို့သည် လွန်ခဲ့သော ၁၂၅ နှစ်လောက်ကတည်းကပင် အာသံနယ်လူရှေတောင်တန်းဒေသ၌ အခြေစိုက်လာခဲ့ဟန်တူသော်လည်း သာဒိုးချင်းများ ဝင်ရောက်နေထိုင်မှုကြောင့် မြောက်ဘက်သို့ ရွေ့ပြောင်း ပေးကြရာ လူရှေတောင်တန်းဒေသမြောက်ဖျားနှင့် မဏိပူရနယ်တို့တွင် ယခုတွေ့ရသည်။ ရှေးကုကီချင်းတို့၏ ဘာသာစကားမှာ အလယ်ပိုင်း ချင်းတို့၏ ဘာသာစကားနှင့် နီးစပ်သည်ဟု ဆို၏။ ဤချင်းမျိုးတွင် ပါဝင်သူတို့မှာ ကချာနယ်မြောက်ပိုင်း တိပါရတောင်၊ စီလဟက်တွင် အများဆုံး တွေ့ရသည်။ ထို့အပြင်ရန်ခေါနှင့် ာလမ်များ၊ မဏိပူရနယ်ရှိ အနာလများ၊ ရခိုင်တောင်တန်းနယ်၊ ကုလားတန်မြစ်တစ်ဝိုက်ရှိ ကျော သို့မဟုတ် ချောများလည်း ပါဝင်သည်။ ယင်းချောလူမျိုးများကား လွန်ခဲ့သော နှစ် ၃ဝ⁠ဝ ကျော်အထက်က ရခိုင်မိဖုရားစောမဲကြီးသည် ဘုရားကျွန်အဖြစ် လှူဒါန်းခဲ့၍ ထိုအရပ်ဒေသသို့၍ ရောက်လာသည်ဟု သက်ကြီး စကား သက်ငယ်ကြား ရှေးသူဟောင်းတို့၏ စကားတွင် ဖော်ပြထားသော လူမျိုးများ ဖြစ်သည်။



မြောက်ပိုင်းချင်းများ 


မြောက်ပိုင်းချင်းလူမျိုးတို့တွင်လည်း နီးစပ်ရာဘာသာ စကားအလိုက် (က) သာဒိုး(Thadou)ချင်းများနှင့် (ခ) စုတ်တေး (Sokte) ကမ်ဟောင် (Kamhau)နှင့် စီးယင်း (Siyin/ Sizang)ချင်းများဟု ၂ စုခွဲထားသည်။ သာဒိုး (၆ဝ⁠ဝဝ)နှင့် ယိုး (၁၄ဝဝ)တို့မှာ ယခင်က မြန်မာပြည်မတွင် နေခဲ့ကြဟန် တူ၏။ နှစ်ပေါင်း ၃ဝဝ၊ ၄ဝဝ လောက်က နာဂတို့ဒေသဖြစ်သော စုံမရတောင်တန်းဒေသသို့ ဝင်ရောက်နေထိုင်လာကြသည်။ ယခုအခါတွင် တီးတိန်နယ်၏ မြောက်ဘက်အစွန်ဒေသနှင့် မဏိပူရပြည်နယ်တို့တွင် တွေ့ရသည်။


စုတ်တေး (Sokte)၊ ကမ်ဟောင် (Kamhau)၊ စီးယင်း (Siyin/ Sizang) 


၁၉၃၁ ခု သန်းခေါင်စာရင်းအရ စုတ်တေးချင်းဦးရေမှာ ၁၇ဝ⁠ဝဝ ကျော်၊ ကမ်ဟောင်ချင်း ၂ဝ⁠ဝဝ⁠ဝ ကျော်နှင့် စီးယင်း ချင်း ၃၅ဝ⁠ဝ ကျော်ရှိကြောင်း သိရ၏။ ယင်းတို့မှာ အကြမ်း အားဖြင့် တီးတိန်နယ်တွင် နေကြ၍ တီးတိန်ချင်းဟုလည်း ခေါ်ကြသည်။ စုတ်တေးချင်းတို့သည် တီးတိန်နယ်မြောက်ပိုင်း မဏိပူရမြစ် ကမ်းများပေါ်တွင် နေကြသည်။ အထက်မြန်မာ ပြည်ကို သိမ်းပိုက်စဉ်က ဗြိတိသျှတို့ အကျိတ်အနယ် တိုက်ယူ ရသော ချင်းတို့မှာ စိယင်ချင်းများ ဖြစ်၏။ အမည်ရင်းမှာ ရှီယန်တေးဖြစ်၏။ မြန်မာတို့က သူတို့ကို စိယင်ဟု ခေါ်ကြ သည်။


စီးယင်းချင်းတို့မှာ လူဦးရေနည်း၍ ရွာကြီး ၈ ရွာလောက် တွင်သာ နေလင့်ကစား စစ်မှုထမ်းခြင်းတွင် လက်ဦးဖြစ်ခြင်း၊ တိုးတက်လိုခြင်းတို့ကြောင့် အရေးပါလှသူများ ဖြစ်၏။ ဒေသ အနှံ့အပြားသို့ ရောင်းဝယ် ဖောက်ကားလေ့ရှိသဖြင့် နေရာအနှံ့ အပြားသို့ ရောက်သည့်အတိုင်း သူတို့၏စကားကို တီးတိန်နယ် တွင် အများပြောဆိုနိုင်၍ ထိုနယ်၏ ရုံးသုံးစကားပင် ဖြစ်ခဲ့ပေ သည်။ စီးယင်းချင်းတို့သည် တီးတိန်၊ စုတ်တေးတို့၏ အရှေ့ ဘက် ဒေသတွင် နေထိုင်ကြသည်။ ပင်ပန်းခံကာ ကြိုးစားလုပ် ကိုင်၍ တတ်သိလိုစိတ်ရှိကြသည်။ ယောက်ျားတို့သည် အမဲ လိုက်ခြင်းနှင့် စစ်တိုက်ခြင်း၌ ဝါသနာပါသည်။ အလုပ်ကြမ်း မှာမူ မိန်းမနှင့် ကျွန်တို့၏အလုပ် ဖြစ်သည်ဟု စီးယင်းချင်းတို့ ဆိုရိုးစကားရှိသည်။ တီးတိန်နယ်ချင်းတို့သည် ဖလမ်းချင်း (ဝှန်လငိုတို့မှ တစ်ပါး) တို့နှင့်မတူဘဲ ဆံနောက်တွဲထုံးကြ သည်။ မဏိပူရပြည်နယ်သို့ သွားရာလမ်းမှာ ထိုချင်းတို့၏ ဒေသကို ဖြတ်သန်းသွားသဖြင့် ယဉ်ကျေးမှုတွင် များစွာ တိုးတက်လျက် ရှိကြသည်။



အလယ်ပိုင်းချင်းများ 


ဖလမ်းနှင့် ဟားခါးနယ်များတွင်နေကြသော ချင်းများသည် အလယ်ပိုင်းချင်းဖြစ်၏။ ဖလမ်းနယ်ရှိ ချင်းတို့တွင် ရှူန်က သို့မဟုတ် တရှုံချင်းများ (၃ဝ⁠ဝဝ)၊ ဇဟောင် သို့မဟုတ် ယဟောင်ချင်းများ (၉၅ဝဝ)၊ လိုင်ဇို သို့မဟုတ် လွန်စီအိုချင်း များ (၆၅ဝဝ)၊ ကွန်လီချင်းများ (၃၅ဝဝ)၊ ငွန် သို့မဟုတ် တပေါင်ချင်းများ (၃၅ဝဝ) နှင့် ဇင်ဂျက်ချင်းများ (၆ဝ⁠ဝဝ)တို့ ပါဝင်သည်။ ဤဒေသတွင် လိုင်ဇိုစကားကို အသုံးများသည်။ချင်းတောင်အခြားဒေသနှင့် နှိုင်းစာလျှင် ထိုဒေသတွင် လူဦးရေများပြား၏။ အိမ်ခြေ ၄ဝဝ မျှရှိသော ရွာကြီးတို့ကို တောင်စောင်းများတွင် တည်ဆောက်နေကြသည်။ ပြောင်း၊ ဗူး၊ ဖရုံတို့မှာ အဓိကအစာ ဖြစ်ပေသည်။ ဝတ်စားဆင်ယင်မှု နည်းပါးလှသည်။ ကိုယ်လုံးကိုယ်ဖန်အားဖြင့် အခြားချင်းတို့ လောက် မတောင့်တင်း သော်လည်း ဆက်ဆံရေး၌ ပိုမို ကျွမ်းကျင်ကြ၍ မိတ်သင်္ဂဟပေါများကြသည်။ယဟောင်တို့သည် မိမိတို့ဖာသာ တောင်ရိုးတစ်ခုတွင် နေကြ၏။ စုတ်တေးနှင့် ကမ်ဟောင်တို့မှာ မိမိတို့မှ ဆင်းသက် သူများဟု ယူဆကြသည်။ ဝှန်လငိုတို့ကား ကျန်ရစ်နေခဲ့သော လူရှေများဖြစ်ကြ၏။ တရှုံ တို့မှာ တောင်ဘက်ဆီမှ ဟားခါးတို့ တိုက်ခိုက်မှုကြောင့် ဖလမ်းသို့ ရွှေ့လာသူများ ဖြစ်၏။ ဤ ဒေသရှိ ချင်း အမျိုးစုတို့မှာ ရောနှောနေထိုင်ကြသည်။ ဒေသ လိုက် အများသဘောတူ ရွေးကောက်တင်မြှောက်သော လူကြီး ၅ ဦး ပါဝင်သည့် အဖွဲ့က စီမံအုပ်ချုပ်ကြလေသည်။ ဟားခါးနယ်ရှိချင်းများတွင် ဟားခါးနယ်မြောက်ပိုင်းနေ လိုင်(ဟားခါး) ကလန်⁠ကလန်နှင့် ယိုကွ(ပေါင်း ၂၄ဝ⁠ဝဝ)၊ တောင်ပိုင်းနေ လောထု (၁ဝ⁠ဝဝဝ)၊ ဇိုတုန် (၉ဝ⁠ဝဝ)၊ ဆမ်တန် (၇ဝ⁠ဝဝ) တို့ ပါဝင်သည်။ ဗိုလ်မှူး အင်းရစ်က ဟားခါးစုစု ပေါင်း ၆၈ဝ⁠ဝဝ ခန့်ရှိမည်ဟု ခန့်မှန်းသည်။ ချင်းတောင်သူပုန်ထစဉ်က ဗြိတိသျှတို့ လေးစားလောက်အောင် တိုက်ရည်ခိုက်ရည်ကောင်းစွာနှင့် တော်လှန်တိုက်ခိုက်ကြ သည်။ စစ်ရည်စစ်သွေးရှိသူများ ဖြစ်၏။ အယပ်အမောင်း ကောင်း၍ သန်စွမ်းပင်ပန်းခံနိုင်သူများ ဖြစ်သည်။ အသိဉာဏ် ကောင်းသူများ ဖြစ်လင့်ကစား နေထိုင်ရာဒေသမှာ ရောက် ပေါက်ရန် ခဲယဉ်းခြင်းကြောင့် တိုးတက်သင့်သလောက် မတိုး တက်ကြပေ။ ဤဒေသတွင် (ဟားခါး)စကားကို အသုံးများကြ ၏။ မိရိုးဖလာ ဆက်ခံလာသော အကြီးအကဲတို့က ဒေသလိုက် အုပ်ချုပ်ကြသည်။


ကမ္ဘာကို ရေလွှမ်းမိုးပြီးနောက် ကျန်နေသောဇနီးမောင်နှံမှ ပေါက်ဖွားလာသည်ဟု ဟားခါးချင်းတို့ ယုံကြည်ကြသည်။ အကြီးအကဲတို့မှာ ပိုးဖြင့် လှပဆန်းကြယ်စွာရက်လုပ်ထားသော လွှာချင်းများကို ရုံကြသည်။ ဝှန်လငိုချင်းတို့မှအပ ဤအလယ် ပိုင်း ချင်းတို့သည် မိမိတို့ဆံကို ဦးခေါင်းထိပ်၌ သို့မဟုတ် နဖူးပေါ်၌ ထုံးရစ်ကြသည်။ သို့ဖြစ်၍ မြန်မာတို့က ယင်းတို့ အား ဗောင်းရှည်ဟု ခေါ်ဝေါ်ကြသည်။


လူရှေနှင့် လခါ 


အလယ်ပိုင်းချင်းတို့တွင် လူရှေနှင့် လခါချင်းတို့ကိုပါ ထည့်သွင်းရပေမည်။ မြန်မာနိုင်ငံမှ အာသံ ပြည်နယ်ဘက်သို့ ရွေ့ပြောင်းခဲ့ကြသဖြင့် မြန်မာနိုင်ငံအတွင်းမှာ ထိုလူများကို အနည်းငယ်သာ တွေ့နိုင်ပေသည်။ လူအများစုမှာမူ နိုင်ငံပ၌ နေထိုင်ကြ၏။ ရခိုင်တောင်တန်းနယ်မြောက်ပိုင်းတွင် လခါ များ ရှိသေးရာ ထိုဒေသ၌ ယင်းတို့ကို ရခိုင်တို့က ရှမ်းတုဟု ခေါ်ကြသည်။



တောင်ပိုင်းချင်းများ


တောင်ပိုင်းချင်းများတွင် ပါဝင်သူတို့မှာ ပခုက္ကူ တောင် တန်းဒေသ ချင်းတောင်နှင့် ရခိုင်တောင်တန်းဒေသ တို့ဆုံရာ ခေါင်လှသည့်ဒေသတွင် ေနေထိုင်ကြသည်။ ဝေလောင်ချင်းများ၊ တမန်း(၈)များ (၈ဝ⁠ဝဝ)၊ မိရမ်များ (၅ဝ⁠ဝဝ)၊ ဇိုလမ်နီများ (၂၅ဝဝ) နှင့် မဂန်ခေါ် ကြိမ်ပတ်ချင်းများ (၃ဝ⁠ဝဝ)တို့အပြင် ပခုက္ကူတောင်တန်းဒေသနေ ချင်းများ၊ မင်းဘူး၊ သရက်မြို့၊ ပြည်ခရိုင်များနှင့် ရခိုင်တိုင်းနေချင်းများ ပါဝင်ကြသည်။


ပခုက္ကူတောင်တန်းဒေသ (ချင်းပုတ်၊ ချင်းပုန်းနှင့် ယင်ဒူးများ) ပခုက္ကူတောင်တန်းဒေသတွင် ချောင်း ၁ဝ ချောင်းရှိရာ ထိုချောင်းတို့အနက် မြောက်ဘက်ပိုင်း ၇ ချောင်းတွင် ချင်းပုတ်ခေါ် ကန်ပက်လက်ချင်းတို့ (၂ဝ⁠ဝဝဝ) နေထိုင်၍ တောင်ဘက်ကန်ပက်လက်အထက် စလင်းနှင့်အခြားတစ်ချောင်း တွင် ယင်ဒူးတို့ (၄၅ဝဝ)နေထိုင်ကြ၏။ မုန်းချောင်းနှင့် ထို ချောင်း၏ မြောက်ဘက်နှင့် ဆောမြို့၏တောင်ဘက်တွင် ချင်းပုန်း (၈ဝ⁠ဝဝ)တို့ကို တွေ့ရ၏။ ထိုမှသည် တောင်ဘက် မင်းဘူးခရိုင်သို့ ပျံ့နှံ့နေထိုင်ကြသည်။ ဤချောင်းများတွင် ချင်းတို့သည် ၁၅ အိမ်၊ အိမ် ၂ဝ အစုဖြင့် ရွာကလေးများတည်၍ နေထိုင်ကြ၏။ ထိုအိမ်စုကလေးများကို ပေါင်းကာ ချောင်းအလိုက် အုပ်ချုပ်ရန် ချောင်းအုပ်များ ကို ခန့်ထားခဲ့လေသည်။ ချောင်းအုပ်တို့မှာ အစိုးရလခစားများ ဖြစ်၍ ချင်းတောင်ဒေသရှိ အကြီးအကဲများကဲ့သို့ ဩဇာအာဏာ မရှိကြပေ။


ချင်းပုတ်တို့မှာ အယူသည်း၍ ဗဟုသုတနည်းပါးကြ သည့်အတိုင်း တိုးတက်မှုမရှိလှပေ။ နတ်ကိုးကွယ်မှုကို လေး နက်စွာ ယုံကြည်ကြ၏။ နတ်မမေးဘဲ မည်သည့်အမှုကိုမျှ မပြု ိုကြသဖြင့် ယင်းတို့နှင့် ဆက်ဆံရန်မှာ မလွယ်ကူလှပေ။ မင်းတပ်၊ ကန်ပက်လက်တစ်ဝိုက်ရှိ ချင်းပုတ်တို့မှာ တောလိုက် ရာ၌ ကျွမ်းကျင်ကြသည်။ ၅ ပေမျှ ရှည်သောလေးနှင့် သတ္တု အဖျားတပ်ထားသော မြားများ၊ ဓားတိုများကို အမြဲဆောင်သည်။ လေးကြိုးရိုက်ခြင်းမှ ကာကွယ်နိုင်ရန် ယွန်းချထားသော ကြိမ် လက်ပတ်ကို လက်ဝဲလက်တွင် ဝတ်ဆင်ကြသည်။ အမျိုးသားများသည် အဝတ်အထည်ကို လုံ⁠လုံလဲလဲ မဝတ်ဆင်ကြချေ။ အမျိုးသမီးတို့မှာ ပေါင်လယ်ထိသာ ရောက်သော သင်တိုင်း များကို ဆင်မြန်းကြ၏။ ထိုသင်တိုင်းများကို ခက်ခဲဆန်းကြယ် စွာ ရက်လုပ်ထားပေသည်။


မင်းတပ်နှင့် ကန်ပက်လက်နယ်ရှိ ချင်းတို့ကို ချင်းပုတ်ဟု ခေါ်လျှင် မနှစ်သက်ကြချေ။ သူတို့နေထိုင်ရာ ချောင်းကိုစွဲ၍ အမျိုးနာမည်ကို မှည့်ခေါ်လေ့ရှိသည်။ သို့သော် လူမျိုးခွဲဗေဒ အလို့ငှာ ချင်းပုတ်ဟု သုံးကြလေသည်။


တောင်ပိုင်းချင်းအချို့တို့သည် များသောအားဖြင့် မျက်နှာ တွင် ပါးရဲထိုးကြသည်။ ထိုးသည့်ပုံစံမှာ လူမျိုးစုကို လိုက်၍ ကွဲပြား၏။ အသက် ၇ နှစ် ၈ နှစ်လောက်မှစ၍ နှစ်စဉ် နှစ် တိုင်း မျက်နှာပြည့်သည့်တိုင်အောင် ထိုးကြသည်။ ပါးရဲထိုးရ သည့် အကြောင်းမှာ အခြားလူမျိုးက ဖမ်းဆီးသွားသော် လွယ် ကူစွာ ရှာဖွေနိုင်ရန်အတွက် ဖြစ်သည်ဟု ဆို၏။ ချင်းပုန်းတို့ မှာ ဗုဒ္ဓအယူဝါဒကို အများအပြား သက်ဝင်ယုံကြည်ကြသည်။ချင်းတောင်၏ အရှေ့ဘက်တောင်ခြေရင်းတွင် များစွာ မြန်မာဆန်လှသော တောင်သားများ (၁⁠၁ဝ⁠ဝဝ)သည် တစ်ကောင်းပန်းဘဲမောင်တင့်တယ်မှ ဆင်းသက်ခဲ့၍ တစ်ချိန်က ပုပ္ပါးတောင်တွင် နေခဲ့ကြသည်ဟု ယုံကြည်ကြသည်။ ချင်းများသည် မြန်မာများနှင့် အိမ်ထောင်ပြုခြင်း မရှိကြချေ။ ပိုးများကို မွေးမြူ၍ ယောပုဆိုးများကို ရက်လုပ်ကြသည်။ မြန်မာပြည်မအတွင်း တောင်ဘက်အကျဆုံးချင်းတို့မှာ ရှို သို့မဟုတ် အရှိုချင်းများ ဖြစ်၏။ ၁၉၂၁ ခု သန်းခေါင်စာရင်း တွင် လူဦးရေပေါင်း ၆ဝ⁠ဝဝ⁠ဝ ကျော်ပြထားသော်လည်း ၁၉၃၁ ခု၌မူ ၁၅ဝ⁠ဝ ကျော်သာ ပြထားသည်။ ထိုသန်းခေါင်စာရင်းတွင် သီးခြားအမည်ခွဲခြား ဖော်ပြခြင်း မရှိသောချင်းလူမျိုးဦးရေ ၉ဝ⁠ဝဝဝ ရှိသည့်အနက် ၄ဝ⁠ဝဝ⁠ဝ ကျော်မှာ မကွေးတိုင်း အတွင်း၌ ဖော်ပြထားပေသည်။


ရခိုင်ပြည်နယ် 


ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးတို့တွင် လူဦးရေအများဆုံးမှာ မြို ( ခမိ ) သို့မဟုတ် မြို ( ဝါကုန်း) လူမျိုးဖြစ်၏။ လူဦးရေ ၁၂ဝ⁠ဝဝဝ မျှရှိ၍ စစ်တွေခရိုင်တွင် ၃ ပုံ ၂ပုံ၊ ရခိုင်တောင်တန်းဒေသတွင် ၃ ပုံ ၁ ပုံ ပျံ့နှံ့လျက် ရှိသည်။ အခြားချင်းလူမျိုးများမှာ ပခုက္ကူ တောင်တန်းနယ်ရှိ ချင်းပုန်း၊ ယင်ဒူးတို့နှင့် နွယ်သော ပို၊ မုံယင်၊ ကို၊ ကယင်တို့ ဖြစ်သည်။ ယင်းတို့ကို ကျောက်ဖြူနှင့် စစ်တွေခရိုင်တွင် တွေ့ရ၏။ ခမွီ သို့မဟုတ် ခမွေတို့ကို ရခိုင် တောင်တန်းဒေသ၊ စစ်တစ်ကောင်းခရိုင် တောင်ကုန်းဒေသတို့ တွင် တွေ့ရ၏။ အရိုင်းနှင့် အဝဟု ၂ မျိုး ကွဲသေးသည်။ အရိုင်းခမွီတို့အား တစ်နည်းအားဖြင့် အဖျားခမွီဟုလည်း အချို့ တို့က ခေါ်သည်။


အခြားချင်းအမျိုးများမှာ ရခိုင်တောင်တန်းဒေသရှိ တောင်ဆို (၁ဝ⁠ဝဝ)၊ စစ်တွေခရိုင်ရှိ ကောကဒန် (၃ဝဝ)၊ ကျောက်ဖြူခရိုင်တွင် အများဆုံးတွေ့ရသော လဲဒူ (၁၇ဝဝ)၊ စစ်တု (၅ဝ⁠ဝဝ)၊ မတု (၁၅ဝ)နှင့် ချောင်းကြီးချင်း (၃၆) တို့အပြင် ကျောက်ဖြူနယ်အတွင်းတွင် အများဆုံး အခြေတည် နေထိုင်၍ သံတွဲနယ်အတွင်းတွင် အနည်းအကျဉ်းသာ နေထိုင် သည်ကို တွေ့ရသော စိုင်ဘောင်ချင်း (၈ဝ⁠ဝဝ)တို့ ဖြစ်လေ သည်။


အထူးသဖြင့် တီးတိန်နယ်မှ ချင်းတို့သည် ကုန်းဘောင် ခေတ် မြန်မာဘုရင်များလက်ထက် စော်ဘွားနယ်အဖြစ် ဖွဲ့စည်း ထား၍ ခေါင်းဆောင်တို့မှာ စော်ဘွားအဖြစ် ချီးမြှင့်ခြင်းခံခဲ့ ရသော လူမျိုးများဖြစ်ပေသည်။ ထိုစဉ်ကတည်းကပင် မြန်မာနိုင်ငံ၏ အရေးတွင် ပါဝင်ဆောင်ရွက်လိုသော တိုင်းရင်းသား များ ဖြစ်၏။ အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီး နောက် ချင်းတောင်တွင် အုပ်ချုပ်မှုအခြေစိုက်ရန် ကြိုးစားရာ တွင် ၁၈⁠၈၈ ခုနှစ်မှ ၁၈၉၆ ခုနှစ်ထိ ဗြိတိသျွတို့ကို ခုခံ တိုက်ခိုက်ခဲ့ကြသည်။ အခြေစိုက်အုပ်ချုပ်မိသည့်တိုင်အောင် ၁၉၁၇၊ ၁၈ ခုနှစ်တွင် ဟားခါးနှင့် ကုကီချင်းတို့က ၂ နှစ် ကြာမျှ တော်လှန်တိုက်ခိုက်ခဲ့ကြ၏။


ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ ခုနှစ်က ချင်းအမျိုးသား ၁ဝ⁠ဝဝ ခန့်ကို အလုပ်သမားတပ်အဖြစ် ပြင်သစ်နိုင်ငံသို့ ဗြိတိ သျှတို့က ပို့ခဲ့လေသည်။ ၁၉၂၁ ခုနှစ်တွင် အမှတ် ၄/၂ဝ ချင်းသေနတ်ကိုင်တပ်ကို ဖွဲ့ခဲ့၏။ ၁၉၃၇ ခုနှစ်တွင် အိန္ဒိယပြည်နှင့် မြန်မာပြည် ခွဲခွာပြီးသည့်နောက်သော် မြန်မာသေနတ်ကိုင်တပ်များ ဖွဲ့စည်းရာတွင် တပ်တိုင်း၌လိုလိုပင် ချင်းအမျိုး သားတို့ ဝင်ရောက်အမှုထမ်းခဲ့သည်ကို တွေ့မြင်သိရှိရပေသည်။လွတ်လပ်ရေးရပြီးသည့်နောက် ချင်းအမျိုးသားတို့မှာ များစွာ နိုးကြားတိုးတက်လာ၏။ တောင်တန်း ဗုဒ္ဓသာသနာပြု အဖွဲ့၏ ကြိုးစားမှုကြောင့် ချင်းအချို့တိုသည် ဗုဒ္ဓအယူဝါဒကို စတင်ယုံကြည်လာကြလေပြီ။ အုပ်ချုပ်မှုဘက်တွင် ချင်းဝိသေသတိုင်းဟု သတ်မှတ်ကာ ဝန်ကြီးတစ်ဦးက ဦးဆောင်၍ အုပ်ချုပ်လေရာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး နှင့် ကျန်းမာရေးတို့ဖက်တွင် ထူးခြားစွာ တိုးတက်လာသည်နှင့် အမျှ ချင်းဝိသေသတိုင်းသည် ယခုအခါ ပြည်ထောင်စုအတွင်း၌ ခေတ်နှင့်ယင်ပေါင်တန်းလိုက်နိုင်အောင် ကြိုးစား တိုးတက် လျက် ရှိပေသည်။ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကို ချင်းအမျိုး သားနေ့ဟု ပြည်ထောင်စုအစိုးရက အသိအမှတ်ပြုထားလေ သည်။



ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ 


ချင်းလူမျိုးတို့ကိုရှေးဟောင်းအာသံ စကားဖြင့် လည်းကောင်း ဘင်္ဂါလီဘာသာ ဖြင့်လည်းကောင်းကုကီလူမျိုးဟုလည်းခေါ်သည်။ ပုဂံရှေးဟောင်း ကျောက်စာများတွင် အနောက်ဘက်ဒေသများ ချင်းတောင်အချို့ နေရာများတွင် ယေဘုယျအားဖြင့် စောင်အဖြူတစ်ကို ဘယ်ဖက်ပုခုံးပေါ်တွင်တင်ပြီး ကျန်တစ်စကို ယာဖက်ချိုင်းအောက်မှ ပတ်၍ ဘယ်ဖက်ပုခုံးထက်သို့ ပြန် ၍သိုင်းခြုံဝတ် ဆင်လေ့ ရှိသည်။ ပွဲလမ်းသဘင် များပွင့်ဒူးမ ခေါ် အနက်စိမ်းအနီရွှေပွင့်ရောင်စောင်ကြားများကိုဝတ်ဆင်လေ့ရှိသည်။ရှေးခေတ်အမျိုးသားများ သည် မြန်မာအမျိုးသားများကဲ့သို့ ဆံပင်ရှည်များထားလေ့ရှိသည် ယခုထက်တိုင် အချို့ဆံပင်ရှည်များထားဆဲဖြစ်သည်။ အမျိုးသမီးများသည်အကျီလက်ရှည်ခါးအောက်တင်ပါးဖုံးသည်အထိဝတ်ဆင်ကြသည်။ အကျီလက်ပြင်တွင်အပွင့်ကြောင်း၊ချိုင်းကြား ခါးအောက်တင်ပါးအထိအနီရစ်သုံးရစ်နှစ်ဖက်စလုံးပါရှိသည်။ ထဘီကိုမူဒူးအထိနှစ်နှံစပ်၊အနီအနက်ကြားသို့မဟုတ်အနက်နှင့်နက်ပြာရောင်ဝတ်ဆင်သည်။ သာမာန်အချိန်အခါများတွင် ကိုယ်ပေါ်တွင်စောင်ဖြူများဝတ်ထားတတ်သည်။ ပွဲလမ်းသဘင်များရှိလျှင်ပွင့်ဒူမစောင်သို့ မဟုတ်တင်းတိမ်များ ဝတ်ဆင်ကြလေသည် အမျိုးသမီးများသည်ဆံပင်ကို သုံးစုခွဲပြီးဘေးနှစ်ဘက် နောက်ဘါက်တွင်ရစ်၍ ချထားသည်အချို့ကကျစ်ဆံမြီးသုံးခုထိုးထားသည် ရှေးကမျက်နှာတွင်ပရဲဆေးမင်ကြောင်ထိုးသည့် ဓလေ့ရှိခဲ့သည်။


ပွဲတော်များ 


ချင်းတိုင်းရင်းသားများတွင်နှစ်စဉ်ပွဲတော်နှစ်မျိုးကျင်းပလေ့ရှိသည်။လောမအံ့နက်ပွဲခေါ်နှစ်သစ်ကူးပွဲတော်နှင့်ခိုဒိုပွဲခေါ်ကောက်သိမ်းရိတ် သိမ်းပွဲသို့ မဟုတ်သီးနှံသိမ်းပွဲ တို့ပင်ဖြစ်သည်။



တော်လှန်ရေးများ


တီတိန်နယ်မှချင်းတို့သည်ကုန်းဘောင်ခေတ်မြန်မာဘုရင်များလက်ထက်စော်ဘွားနယ်အဖြစ်ဖွဲ့စည်းထား၍ခေါင်းဆောင်တို့မှာစော်ဘွား အဖြစ်ချီးမြောက်ခြင်းခံရသောလူမျိုးများ ဖြစ်ပေသည်။ ထိုစဉ်က တည်းက ပင်မြန်မာနိုင်ငံရေး၏ အရေးတွင်ပါဝင်ဆောင်ရွက်လိုသော တိုင်းရင်းသားများ ဖြစ်၏ အထက်မြန်မာပြည် ကိုဗြိတိသျှတို့သိမ်းပိုက်ပြီးနောက်ချင်းတောင်တွင် အုပ်ချုပ်မှု အခြေစိုက်ရန် ကြိုးစားခဲ့ရာ တွင်၁၈⁠၈၈ခုနှစ်အထိဗြိတိသျှတို့ကိုခုခံတိုက်ခိုက်ခဲ့ကြသည်။အခြေစိုက်အုပ်ချုပ်မိသည့်တိုင်၁၉၁၇နှင့်၁၉၈၁တို့တွင်ဟားခါးနှင့်ကုကီချင်းတို့ (2)နှစ်ကြာမျှတော်လှန်တိုက်ခိုက်ခဲ့ကြသေးသည်။





ပခုက္ကူတောင်တန်းဒေသ (ချင်းပုတ်၊ ချင်းပုန်းနှင့် ယင်ဒူးများ) 



ချင်းအမျိုးသမီးတို့ ပါးရဲထိုးခြင်းမှာ ဓလေ့ဖြစ်သော်လည်း ယခုနောက်ပိုင်း ယင်းဓလေ့တို့ ပျောက်ကွယ်လုပြီဖြစ်သည်။


ပခုက္ကူတောင်တန်းဒေသတွင် ချောင်း ၁၀ ချောင်းရှိရာ ထိုချောင်းတို့အနက် မြောက်ဘက်ပိုင်း ၇ ချောင်းတွင် ချင်းပုတ်ခေါ် ကန်ပက်လက်ချင်းတို့ (၂၀⁠၀၀၀) နေထိုင်၍ တောင်ဘက်ကန်ပက်လက်အထက် စလင်းနှင့် အခြားတချောင်းတွင် ယင်ဒူးတို့ (၄၅၀၀) နေထိုင်ကြ၏။ မုန်းချောင်းနှင့် ထိုချောင်း၏ မြောက်ဘက်နှင့် ဆောမြို့၏တောင်ဘက်တွင် ချင်းပုန်း (၈၀⁠၀၀) တို့ကို တွေ့ရ၏။ ထိုမှသည် တောင်ဘက်မင်းဘူးခရိုင်သို့ ပျံ့နှံ့နေထိုင်ကြသည်။ ဤချောင်းများတွင် ချင်းတို့သည် ၁၅ အိမ်၊ အိမ် ၂၀ အစုဖြင့် ရွာကလေးများတည်၍ နေထိုင်ကြ၏။ ထိုအိမ်စုကလေးများကို ပေါင်းကာ ချောင်းအလိုက် အုပ်ချုပ်ရန် ချောင်းအုပ်များကို ခန့်ထားခဲ့လေသည်။ ချောင်းအုပ်တို့မှာ အစိုးရလခစားများဖြစ်၍ ချင်းတောင်ဒေသရှိ အကြီးအကဲများကဲ့သို့ ဩဇာအာဏာမရှိကြပေ။ ချင်းပုတ်တို့မှာ အယူသည်း၍ ဗဟုသုတနည်းပါးကြသည့်အတိုင်း တိုးတက်မှုမရှိလှပေ။ နတ်ကိုးကွယ်မှုကို လေးနက်စွာ ယုံကြည်ကြ၏။ နတ်မမေးဘဲ မည်သည့်အမှုကိုမျှ မပြုလိုကြသဖြင့် ယင်းတို့နှင့် ဆက်ဆံရန်မှာ မလွယ်ကူပေ။ မင်းတပ်၊ ကန်ပက်လက်တဝိုက်ရှိ ချင်းပုတ် တို့မှာ တောလိုက်ရာ၌ ကျွမ်းကျင်ကြသည်။ ၅ ပေမျှ ရှည်သောလေးနှင့် သတ္တုအဖျားတပ်ထားသောမြှားများ၊ ဓားတိုများကို အမြဲဆောင်သည်။ လေးကြိုးရိုက်ခြင်းမှ ကာကွယ်နိုင်ရန် ယွန်းချထားသော ကြိမ်လက်ပတ်ကို လက်ဝဲလက်တွင် ဝတ်ဆင်ကြသည်။ အမျိုးသားများသည် အဝတ် အထည်ကို လုံ⁠လုံလဲလဲ မဝတ်ဆင်ကြချေ။ အမျိုးသမီးတို့မှာ ပေါင်လယ်ထိသာ ရောက်သော သင်တိုင်းများကို ဆင်မြန်းကြ၏။ ထိုသင်တိုင်းများကို ခက်ခဲဆန်းကြယ်စွာ ရက်လုပ်ထားပေသည်။ မင်းတပ်နှင့် ကန်ပက်လက်နယ်ရှိ ချင်းတို့ကို ချင်းပုတ်ဟုခေါ်လျှင် မနှစ်သက်ကြချေ။ သူတို့နေထိုင်ရာ ချောင်းကိုစွဲ၍ အမျိုးနာမည်ကို မှည့်ခေါ်လေ့ရှိသည်။ သို့သော် လူမျိုးခွဲဗေဒ အလို့ငှာ ချင်းပုတ်ဟု သုံးကြလေသည်။


တောင်ပိုင်းချင်းအချို့တို့သည် များသောအားဖြင့် မျက်နှာတွင် ပါးရဲထိုးကြသည်။ ထိုးသည့်ပုံစံမှာ လူမျိုးစုကိုလိုက်၍ ကွဲပြား၏။ အသက် ၇ နှစ်၈ နှစ်လောက်မှစ၍ နှစ်စဉ်နှစ်တိုင်း မျက်နှာပြည့်သည့်တိုင်အောင် ထိုးကြသည်။ ပါးရဲထိုးရသည့် အကြောင်းမှာ အခြားလူမျိုးက ဖမ်းဆီးသွားသော် လွယ်ကူစွာ ရှာဖွေနိုင်ရန်အတွက် ဖြစ်သည်ဟု ဆို၏။ ချင်းပုတ်တို့မှာ ဗုဒ္ဓအယူဝါဒကို အများအပြားသက်ဝင်ယုံကြည်ကြသည်။ မြန်မာပြည်မအတွင်း တောင်ဘက်အကျဆုံးချင်းတို့မှာ ရှို သို့မဟုတ် အရှိုချင်းများ ဖြစ်၏။ ၁၉၂၁ ခု သန်းခေါင်စာရင်းတွင် လူဦးရေပေါင်း ၆၀⁠၀၀⁠၀ ကျော် ပြထားသော်လည်း ၁၉၃၁ ခု၌မူ ၁၅၀⁠၀ ကျော်သာ ပြထားသည်။ ထိုသန်းခေါင်စာရင်းတွင် သီးခြားအမည်ခွဲခြားဖော်ပြခြင်း မရှိသော ချင်းလူမျိုးဦးရေ ၉၀⁠၀၀၀ ရှိသည့်အနက် ၄၀⁠၀၀⁠၀ ကျော်မှာ မကွေးတိုင်းအတွင်း၌ ဖော်ပြထားပေသည်။



ထင်ရှားသော ချင်းလူမျိုးများ 


ဗိုလ်ကြွမ်ဘိ(ခေါ် ) ဗိုလ်ဆွန်ပက် - အင်္ဂလိပ်ကိုတော်လှန်ခဲ့သူ 


စည်သူ ဒေါက်တာ ဝမ်းကိုဟော - ဖက်ဆစ်ဂျပန်တော်လှန်ရေးခေါင်းဆောင် 


သတိုး မဟာသရေစည်သူ ဦးဝမ္မ သူးမောင် (လွတ်လပ်ရေး မော်ကွန်းဝင်) 


မြန်မာပြည် သူရဲကောင်းတံဆိပ်ရ ဗိုလ်မှူးကြီး ဟရန်သီဟို 


အောင်ဆန်းသူရိယ တိုက်ချွန်း 


မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ ဟင်နရီဗန်ထီးယူ 


တေးရေးတေးဆို ဆလိုင်း ဆွန်ကျဲအို 


အကယ်ဒမီ သက်မွန်မြင့် 


အဆိုတော် ဆုန်သင်းပါရ် 


ခင်မောင်သန့် - အိုင်းရင်းခရော့စ် (Iron Cross) တီးဝိုင်းအဖွဲ့ဝင် 



ကိုးကား 


http://www.mysuboo.com/index.php?option=com_photo&page=view_photo&photo_id=5737&auth=e1da179c5605390da47d8b33b9c973f3


မြန်မာ့စွယ်စုံကျမ်း အတွဲ ၂ - အပိုင်း (ခ)


http://sweetdream.ning.com/




Saturday, August 29, 2020

ပုဂံမြို့ဟောင်း

 ပုဂံမြို့ဟောင်း 



ပထမဆုံး ဧကရာဇ်နိုင်ငံ မြို့တော်ဟောင်း 


တမ္မဒီပ(ခေါ်)ပုဂံသည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံတည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်များအတွက် ကြည်ညိုဖွယ်ရာ နာမည်ကျော်စေတီပုထိုးများကြောင့် သော်လည်းကောင်း ပြည်တွင်းခရီးသွားများနှင့် ကမ္ဘာလှည့်ခရီးသည်တို့ကို စွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာဖြစ်သည်။


တည်နေရာ 


မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းတွင်တည်ရှိသည်။ မန္တလေးမြို့မှ အနောက်တောင်ဖက် မိုင်၉၀အကွာတွင်တည်ရှိသည်။


သမိုင်းကြောင်း 


ပျူမြို့ပြနိုင်ငံများခေတ်ကုန်ဆုံးပြီးနောက် ကျောက်ဆည်နယ်မှတစ်ဆင့် ယပ်တောင်ပုံဖြန့်ကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ နှင့်မွန် တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟူသော် စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။


ပုဂံနိုင်ငံတော် 


အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ်(အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့အားဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား ၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။


ယဉ်ကျေးမှု 


ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး ၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မှီအထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူးယဉ်ဆန်သည့် မွန်တို့ထက် ပို၍လက်တွေ့ကျသည့်၊တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီသည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။


ပုဂံနိဂုံး 


အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏ဩဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏ဩဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက္ခ၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်ဩဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။




Monday, August 24, 2020

ရှေးဟောင်းပစ္စည်းများ ခေတ်နှင့်အချိန် ခွဲခြားနည်း

 ရှေးဟောင်းပစ္စည်းများ ခေတ်နှင့်အချိန် ခွဲခြားနည်း



ရှေးဟောင်းပစ္စည်းတစ်စုံတစ်ခုကို တွေ့ရှိသူတိုင်း၏စိတ်ဝယ် ပေါ်လာတတ်သော မေးခွန်းတစ်ခုမှာ 'ဤပစ္စည်းသည် မည်မျှရှေးကျ၍ မည်သည့်ခေတ်ကနည်း' ဟူ၍ ဖြစ်ပါသည်။


 ရှေးဟောင်းပစ္စည်းနှင့်နှီးနွယ်သူများ၊ ရှေးဟောင်းသုတေသနသမားတို့လည်း မိမိတို့လေ့လာနေသော ပစ္စည်းများ၏သက်တမ်းကို များစွာ သိလိုကြသည်။ ရှေးဟောင်းပစ္စည်းများ မည်မျှရှေးကျသည်ကို ဖော်ထုတ်နိုင်သည့်နည်းလမ်းများစွာရှိသည်တွင် ယင်းတို့ကို တိကျခေတ်ခွဲနည်းနှင့် နှိုင်းယှဉ်ခေတ်ခွဲနည်းဟု နှစ်မျိုးခွဲနိုင်သည်။


တိကျခေတ်ခွဲနည်း

-----------------------------

တိကျခေတ်ခွဲနည်းမှာ နျူ ကလီယားရူပဗေဒ ပညာရပ်ကို အသုံးချသည့်နည်းဖြစ်သည်။

ကာဗွန် ၁၄


    ကမ္ဘာကြီးကို လွှမ်းခြုံထားသောလေထုအပါ်ယံလွှာကို ဖြတ်သန်းလာသော ကော့စမစ်ရောင်ခြည်များသည် ကမ္ဘာ့လေထုနှင့် ထိတွေ့လိုက်ကြသောအခါ နျူ ထရွန်များ ဖြစ်လာကြသည်။ ထိုနျူ ထရွန်တို့သည် လေထုအတွင်းရှိ နိုက်ထရိုဂျင်အနုမြူများနှင့် တိုက်ခိုက်မိရာ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်တစ်မျိုးဖြစ်သော ကာဗွန် ၁၄ ဖြစ်ပေါ်လာသည်။

    ထိုကာဗွန် ၁၄ သည် အောက်စီဂျင်နှင့်ပေါင်းကာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြစ်သွားသည်။ ယင်းကာဗွန်ဒိုင်အောက်ဆိုဒ်သည် တစ်နည်းနည်းဖြင့် သက်ရှိတို့ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားသည်။

    ကာဗွန်ဒိုင်အောက်ဆိုဒ်ရောက်ရှိသွားသော သက်ရှိတို့ သေဆုံးကြသောအခါ ရေဒီယိုသတ္တိကြွ ကာဗွန် ၁၄ အိုင်ဆိုတုပ်သည် စတင်ပြိုကွဲလျော့ပါးတော့သည်။

        သက်ရှိသေဆုံးသည့်အချိန်မှ ၅၅၆၈ နှစ်ကြာသောအခါ သက်ရှိသေခါစအချိန် ခန္ဓာကိုယ်တွင်းရောက်ရှိနေသော ကာဗွန် ၁၄ သည် မူလအချိန်အဆ၏ တစ်ဝက်သို့ လျော့နည်းသွားသည်။

        နှစ်ပေါင်း ၁၁၁၃၆ နှစ်ကြာလျှင် နောက်ထပ်တစ်ဝက်လျော့ပြီး လေးပုံတစ်ပုံသာ ကျန်တော့သည်။

        ဤနှုန်းအတိုင်း လျော့သွားရာ နှစ်ပေါင်း ၄၀၀၀၀ ခန့်ကြာသောအခါ ကာဗွန် ၁၄ အချိန်အဆမှာ လွန်စွာနည်းပါးသွားပြီး တိုင်းတွာရန်ပင် ခက်ခဲသွားသည်။


ထို့ကြောင့်တစ်ခါက သက်ရှိဖြစ်ကြဖူးသော မီးသွေး၊ အရိုး၊ ခရုခွံ၊ သစ်သား၊ သစ်စေ့၊ ဆင်စွယ်၊ ပျားဖယောင်း၊ အမွေးအမှင်စသည့် ဝတ္ထုပစ္စည်းတို့အတွင်း ကြွင်းကျန်ရစ်သော ကာဗွန် ၁၄ ကိုတိုင်းထွာကြည့်ပြီး ယင်းတို့မည်မျှရှေးကျကြောင်း သိရှိနိုင်သည်။


ပိုတက်စီယမ် အာဂွန်နည်း

-------------------------------------------

ကာဗွန် ၁၄ နည်းဖြင့် နှစ်ပေါင်း ၄၀၀၀၀ အောက် ရှေးဟောင်းပစ္စည်းများကို ခေတ်ခွဲနိုင်စေသော်လည်း ထို့ထက်ရှေးကျသော ပစ္စည်းများကို ခေတ်ခွဲရန် ခက်ခဲသည်။ ထိုကြောင့် ပိုတက်စီယမ်အာဂွန်နည်းကို သိပ္ပံပညာရှင်များအသုံးပြုကြသည်။ ပိုတက်စီယမ်သည် ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ်တစ်မျိုးဖြစ်သည်။ တစ်စတစ်စ ပြိုကွဲပြီး ၎င်း  ၏ ပြို ကြသက်တမ်းမှာ နှစ်သန်းပေါင်း ၁၃၅၀ ကြာမြင့်သည်။ တဖြည်းဖြည်း ပြိုကွဲလျော့ပါသွားပြီး ဓာတ်ငွေ့ဖြစ်သော ကယ်လ်ဆီယမ် ၄၀ သို့မဟုတ် အာဂွန် ၄၀ ဖြစ်သွားသည်။ ဤပြောင်းလဲချက်သည်ပင် ခေတ်ခွဲခြားမှုတွင် အရေးပါသည်။


သာမိုလူမီနက်စင်နည်း

--------------------------------

မြေကြီးဖြင့် ပြုလုပ်ထားသော အရာဝတ္ထုအားလုံးတွင် ယူရေနီယံ၊ သိုရီယမ်နှင့် ပိုတက်စီယမ်ကဲ့သို့ အနုမြူဓာတ်ကြဒြပ်စင်များ အနည်းအကျဉ်း ပါရှိသည်။ ယင်ဒြပ်စင်တို့၏ အနုမြူဓာတ်ကြွမှုသည် အယ်လ်ဖာ၊ ဘီတာနှင့် ဂါမာရောင်စဉ်များကို နှစ်ပရိစ္ဆေဒ ရာပေါင်းများစွာ ထုတ်သည်။ ယင်းသို့ ရောင်ခြည်များထုတ်ခြင်းသည် အနုမြူအသီးသီးတွင် နျူ ကလီးယတ်ကို လည်ပတ်နေသော အီလက်ထရွန်များအား ၎င်း   တို့လှည့်ပတ်နေကျလမ်းကြောင်းမှ လမ်းလွဲသွားစေသည်။ အီလက်ထရွန်များသည် လမ်းလွဲသွားရာ၌ တစ်နေရာတွင်ပိတ်မိနေပြီး အပူကြောင့် လှုပ်ရှားလာသောအခါကျမှ ၎င်း  တို့၏ မူလပတ်လမ်းသို့ ပြန်လည်ရောက်သွားကြသည်။ အီလက်ထရွန်အသီးသီးတို့သည် ၎င်း  တို့၏ မူလပတ်လမ်းသို့ ပြန်လည်ရောက်ရှိသောအခါ 'ဖိုတွန်'ခေါ် အလင်းမှုန်များကို ထုတ်ကြသည်။ ဤသို့ အလင်းမှုန်သန်းပေါင်းများစွာထုတ်လွှတ်ခြင်းကြောင့်တောက်ပသည်ကို သာမိုလူမီနက်စင် ဟုခေါ်သည်။ ထိုသို့ အလင်းမှုန်များလွှတ်ခြင်းသည် အလွန်နှေးကွေးရကား အီလက်ထရွန်များပိတ်မိနေရန် နှစ်ရာပေါင်းများစွာ ကြာလေ့ရှိသည်။ သို့ဖြစ်၍ ရှေးဟောင်း မြေအိုး၊ မြေခွက်များကို အပူပေး၍ ၎င်း  တို့ထဲမှ အလင်းမှုန်များဖြာထွက်အောင် ပြုလုပ်တိုင်းတာခြင်းဖြင့် ယင်းမြေအိုး မြေခွက်များသည် မည်မျှရှေးကျကြောင်း တွက်ဆနိုင်သည်။ မကြာမီကမှ ပြုလုပ်၍ အေးသွားသော မြေအိုးမြေခွက်များကို ဤသို့ အလင်းမှုန်များထွက်အောင် မလုပ်နိုင်ပေ။


သံလိုက်သုတေသနနည်း

---------------------------------

ရှေးနှစ်ပေါင်းများစွာကပင် လူသားတို့သည် သံလိုက်၏ သဘောတရားကို အသင့်အတင့် နားလည်သဘောပေါက်လာခဲ့ကြသည်။ ထို့ကြောင့်ပင် သံလိုက်အိမ်မြှောင်ကို တီထွင်၍ အရပ်မျက်နှာ ခွဲခြားရာတွင် အသုံးပြုခဲ့ကြသည်။ သို့သော် နှစ်ပေါင်းများစွာ ကြာလာသောအခါ အိမ်မြှောင်၏ ညွှန်ပြချက်များ ပြောင်လဲလာသည်ကို သတိပြုမိကြသည်။ နှစ်ပရိစ္ဆေဒ ကြာမြင့်လာသောအခါ အိမ်မြှောင်လက်တံများသည် တကယ့်မြောက်အရပ်၊ တကယ့်တောင်အရပ်တို့ကိ ညွှန်ပြရမည့်အစား အနည်းငယ်တိမ်းစောင်းလာသည်ကို သတိပြုမိကြသည်။ ဂယ်လီဗရန်ဟူသော သိပ္ပံပညာရှင်အပါအဝင် သိပ္ပံပညာရှင်တို့သည် သံလိုက်သဘောတရားကိ သုတေသနပြုခဲ့ကြပြီး နိုင်ငံအလိုက် နှစ်အလိုက် သံလိုက်အိမ်မြှောင်၏ ရွေ့ရှားပြောင်းလဲညွှန်ပြပုံများကို မှတ်တမ်းတင်ခဲ့ကြသည်။ ဥပမာ- လန်ဒန်မြို့၌ ၁၅၀၀ ပြည့်နှစ်တွင် အိမ်မြှောင်လက်တံသည် အရှေ့မြောက်ဘက်သို့ ၁၁ ဒီကရီမျှ စောင်း၍ ညွှန်ပြခဲ့သည်။ ၁၉၃၈ ခုတွင်မူ အနောက်မြောက်ဘက်သို့ ၁၁ ဒီကရီစောင်း၍ ညွှန်ပြခဲ့သည်။ ဤအချက်ကို သတိပြုမိကြသော သိပ္ပံပညာရှင်များသည် သံလိုက်၏ နှစ်အလိုက်ပြောင်းလဲညွှန်ပြသည့်အချက်ကို အသုံးပြု၍ ရှေးဟောင်းပစ္စည်းများ၏ သက်တမ်းကို တွက်ချက်ရန် အကြံရခဲ့ကြသည်။


သံလိုက်အပိုင်းအစ အနည်းငယ်ပါဝင်သော အရာဝတ္ထုဖြင့် ပြုလုပ်ထားသော ပစ္စည်းတိုင်းတါင် ကမ္ဘာသံလိုက်လွင်ပြင်ကြီးဆီမှ ရရှိသော အင်အားများကိန်းအောင်းနေသည်။ ယင်းသို့ ကိန်းအောင်းနေသော အင်အားများကို အကြွင်းအကျန် သံလိုက်အင်အားများဟု ခေါ်သည်။ ဤသို့ အကြွင်းအကျန်သံလိုက်အင်အားများသည် မြေအိုးမြေခွက်နှင့် အခြားသော သံလိုက်ဓာတ်ရှိပစ္စည်းများတွင် တွေ့နိုင်သည်။ ဥပမာ- မြေအိုးတစ်လုံးကို စတင်ပြုလုပ်ရာတွင် ပုံသွင်းပြီး မီးဖုတ်လိုက်သောအခါ အပူဓာတ်ကြောင့် ယင်းမြေသားအတွင်းရှိ သံလိုက်ဓာတ်များပျက်ပြယ်သွားသည်။ ထိုမြေအိုး ပြန်အေးသွားသောအခါ ယင်းအိုးတွင်ပါဝင်နေသော သံလိုက်အမှုန်အစများသို့ သံလိုက်အင်အား ပြန်၍ဝင်လာမည်ဖြစ်သည်။ ထိုအင်အာများသည် ထိုနေ့ ထိုရက် ထိုအချိန်က တည်ရှိနေသော ကမ္ဘာ့သံလိုက်လွင်ပြင်၏ တည်နေရာအတိုင်းဖြစ်နေမည်။ တစ်နည်းအားဖြင့် ထိုအိုးတွင်ရှိသော သံလိုက်မှုန်များကို သီးသန့်ခွဲထုတ်၍ သံလိုက်ချောင်းပြုလုပ်ပါက သံလိုက်ချောင်း၏ဝင်ရိုးစွန်းသည် ထိုစဉ်က ရှိခဲ့သော သံလိုက်ဝင်ရိုးစွန်းတည်နေရာကိုသာ ညွှန်ပြမည်ဖြစ်သည်။ နှစ်ပရိစ္ဆေဒ မည်မျှပင် ကြာမြင့်သည်ဖြစ်စေ ထိုးအိုးတွင်ပါဝင်နေသော သံလိုက်မှုန်များကို စမ်းသပ်ပါက ထိုအိုးပြုလုပ်စဉ်အခါက တည်ရှိသော သံလိုက်ဝင်ရိုးစွန်း ရှိရာအရပ်ကိုသာ ညွှန်ပြနေမည်ဖြစ်သည်။


ဟိုက်ဒရေးရှင်းနည်း

-------------------------------


    ဟိုက်ဒရေးရှင်းနည်းမှာ မီးတောင်ပေါက်ကွဲရာမှ ထွက်ပေါ်လာသော အော့ဗဆီဒီယန်းခေါ် ဖန်ကျောက်တစ်မျိုး၏ မျက်နှာပြင်ပေါ်၌ ရေငွေ့များခိုအောင်းသည့် အလွှာ၏ အထူအပါးကို စမ်းသပ်စစ်ဆေးသောနည်းဖြစ်သည်။ မီးတောင်များပေါက်ကွဲရာမှ ထွက်ပေါ်လာသော ချော်ရည်များထဲမှ တစ်ချို့သည် အေးခဲသွားသောအခါ အော့ဗဆီဒီယန်းခေါ် ဖန်ကျောက်တစ်မျိုးဖြစ်ပေါ်လာသည်။ ထိုကျောက်တို့သည် မာကြောပြီး ကြွပ်ဆတ်သောကြောင့် ရိုက်ခွဲလျှင် အလွယ်တကူ ကွဲနိုင်သည်။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ကမ္ဘာဦးလူသားတို့သည် အော့ဗဆီဒီယန်းကျောက်များကို တန်ဖိုးထားခဲ့ကြသည်။ အကြောင်းမှာ ယင်းကျောက်တို့သည် မာကြောကြွပ်ဆတ်ရုံမျှမက အသွားများကို ချွန်ထက်အောင် ပြုလုပ်၍ ဓားကဲ့သို့ အသုံးပြုနိုင်သောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် လူသားတို့သည် အော့ဗဆီဒီယန်းကျောက်ကို လက်နက်ကိရိယာအဖြစ်သာမဟုတ်ဘဲ အဆင်တန်ဆာ အလှအပပစ္စည်းများအဖြစ်လည်း ပြုလုပ်သုံးစွဲလာကြသည်။ အထူးသဖြင့် အမျိုးသမီးများက ပုတီး၊ နားတောင်းစသော လက်ဝတ်ရတနာများအဖြစ် နှစ်သက်မြတ်နိုးစွာ သုံးစွဲလာကြသည်။ တစ်စတစ်စနှင့် အော့ဗဆီဒီယန်း ကျောက်တို့သည် လူသားတို့၏ ဥစ္စာကြွယ်ဝမှုအခြေအနေနှင့် အာဏာအဆင့်အတန်းကို ဖော်ညွှန်းသော အဆောင်အယောင်များဖြစ်လာသည်။ ဤသို့လူသားတို့ အသုံးပြုခဲ့ကြသည့် အော့ဗဆီးဒီးယန်းကျောက်၌ ထူးခြားသော ဂုဏ်သတ္တိရှိကြောင်း သိပ္ပံပညာရှင်တို့သတိပြုမိကြသည်။ 


    မီးတောင်ပေါက်ကွဲ၍ အော့ဗဆီဒီယန်းကျောက်များဖြစ်ပေါ်လာသောအခါ ထိုကျောက်သည် ရေခိုးရေငွေ့များကို စုပ်ယူပြီး ယင်းအတွင်းတွင် ရေဝင်၍ ရေဝင်လွှာဖြစ်ပေါ်လာသည်။ ဤသို့ရေဝင်ခြင်းသည် နှစ်ပေါင်းများစွာကြာသည်။ ရေဝင်လွှာ၏အထူကို တိုင်းတာခြင်းဖြင့် ရှေးဟောင်းပစ္စည်း၏ သက်တမ်းကို တွက်ချက်နိုင်သည်။ ရေဘုယျအားဖြင့် ရေဝင်လွှာသည် ၂၈ မိုက်ခရို (တစ်မိုက်ခရိုလျှင် တစ်လက်မ၏ လေးကုဋေပုံတစ်ပုံနှင့် ညီမျှသည်) အထူရှိလျှင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၀၀၀ ခန့်ရှိပြီဟုတွက်ချက်နိုင်သည်။ သို့သော်ဤနည်းဖြင့် ပုံသေတွက်ချက်၍ မရပေ။အော့ဗဆီဒီးယန်းကျောက်ဖြင့်ပြုလုပ်ထားသော ပစ္စည်းတည်ရှိရာ အရပ်ဒေသ၏ ရာသီဥတို၊ အပူချိန်စသည်တို့ကို လည်း ထည့်သွင်းတွက်ချက်ရန်လိုအပ်သည်။ ဟိုက်ဒရေးရှင်းနည်းဖြင့် နှစ်ပေါင်း ၁၀၀၀၀၀ အထိသက်တမ်းတွက်ချက်နိုင်သည်။


ယူရေနီယံသတ္ထုပါသော ကျောက်ဆောင်များ၏ သက်တမ်းတွက်ခြင်း

-------------------------------------------------------------------------------------


ရှေးဟောင်းပစ္စည်းတို့၏ သက်တမ်းကို တွက်ချက်ရာတွင် အရေးပါသောနည်းတစ်ခုမှာ ယူရေနီယံသတ္ထုပါသည့် ကျောက်ဆောင်တို့၏ သက်တမ်းကို ဖော်မြူလာသုံး၍ တွက်ချက်နည်းဖြစ်သည်။ကျောက်ဆောင်တစ်ခု၏ သက်တမ်းကို တိတိကျကျသိလိုလျှင် ယင်းကျောက်ဆောင်တွင်ပါဝင်ဖွဲစည်းထားသည့် ခဲတို့၏ အလေးချိန်ကိုမူတည်၍ ယင်းကျောက်ဆောင်တွင် ပါဝင်ဖွဲ့စည်းနေသော ယူရေနီယံတို့၏ အလေးချိန်ဖြင့်စားပြီး ရရှိလာသော အဖြေကို ၇၆၀၀ ဖြင့်မြှောက်ရသည်။


    ကျောက်ဆောင်၏ သက်တမ်း= ခဲ၏အလေးချိန်/ယူရေနီယံ၏အလေးချိန် x ၇၆၀၀

ရရှိလာသောအဖြေကို သန်းဂဏန်းဖြင့်သတ်မှတ်ရသည်။


#wikipedia