📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Friday, August 21, 2020

ပထမ ကျော်အောင်စံထားဆရာတော်

 ပထမ ကျော်အောင်စံထားဆရာတော် (1067 - 1115)


ဟံသာဝတီရောက် မင်းတရားကြီး၏ ကျော်အောင်စံထား ကျောင်းတိုက်ကြီးကို ပထမ အလှူခံ ရရှိတော်မူသဖြင့် ' ပထမ ကျော်အောင်စံထားဆရာတော် ' ဟူ၍ ကျော်ကြားလာသော ဆရာတော်ကား ပခန်းကြီးမြို့ စီရင်စု၊ ပိုက်သင်ရွာ၌ သက္ကရာဇ် ၁ဝ၆၇-ခုနှစ်တွင် အဖဦးရွှေအောင်၊ အမိ ဒေါ်ကြုတ်တို့မှ ဖွားသန့်စင်ခဲ့ပေသည်။ ငယ်နာမည်မှာ မောင်ပန်းအောင် ဟူ၍ ဖြစ်သည်။


မောင်ပန်းအောင် ခြောက်နှစ်သား အရွယ်တွင် မိဘနှစ်ပါးတို့က ပခန်းကြီးမြို့ နောင်ဘ ရွာ သျှင်ဓမ္မနန္ဒလင်္ကာရ မထေရ်၏ တပည့်ဖြစ်သော ပိဋကတ်ဗေဒင်စသော ကျမ်းဂန်တို့၌ လိမ္မာ တော်မူလှသည့် သျှင်စန္ဒမဉ္ဇူသာ၏ အထံတွင် အပ်နှံ၍ စာပေများကို သင်ကြားစေလေသည်။ သာမဏေပြုသောအခါ ဘွဲ့မည်မှာ သျှင်Óဏဝရဖြစ်သည်။


သျှင်Óဏဝရသာမဏေသည် သျှင်စန္ဒမဉ္ဇူသာထံတွင် သုံးနှစ်မျှ နည်းခံသင်ကြားသ ဖြင့် သာမဏေတို့၏ ကျင့်ဝတ်သိက္ခာများ၊ နေ့ဝါ ညဉ့်ဝါ ဆန်းအလင်္ကာစသော ကျမ်းများကို ကုန်ဆုံးအောင် တတ်မြောက်တော်မူလေသည်။ ထို့ကြောင့် သာမဏေသျှင်Óဏဝရသည် ' သာ မဏေကျော် ' ဟူ၍ ပတ်ဝန်းကျင်တွင် ထင်ရှားလာလေသည်။ ထိုအကြောင်းကို နောင်အခါ၌


    ဆရာတော်ကိုယ်တိုင် ရေးသားသော အနုသုရာဝိနိစ္ဆယကျမ်း နိဂုံး၌- သုံးနှစ်မျှသာ သဒ္ဒါ သြင်္ဂိုဟ် ညဉ့်ဝါ နေ့ဝါကို အြ<ွကင်းမဲ့ ကုန်သဖြင့် သာမဏေ၏ ကျော်စောခြင်းတို့ဖြင့် ကျော်စောထသော၊


ရေးသားခဲ့ပေသည်။


သက္ကရာဇ် ၁ဝ၈၅-ခု၊ သီတင်းကျွတ်လဆန်း ငါးရက်နေ့တွင် ဆရာရင်းဖြစ်သော သျှင် စန္ဒမဉ္ဇူသာဆရာတော်သည် ပျံလွန်တော်မူခဲ့ရရှာသည်။ ထိုအချိန်တွင် သျှင်Óဏဝရမှာ အသက် ၁၈-နှစ်မျှသာ ရှိသေးသဖြင့် စာပေသင်ကြားရန် အချိန်များစွာ ရှိနေပေသေးသည်။ သို့အတွက် စာပေဆက်လက် သင်ကြားရန် အင်းဝနေပြည်တော်သို့ ြ<ွကရောက်ခဲ့လေသည်။ အင်းဝရောက်လျှင် ဆင်ဖြူရှင်တနင်္ဂနွေမင်းတရား ကိုးကွယ်တော်မူသော အောင်မြေစံလွတ်တိုက် မဟာသီဟသူရ ဓမ္မရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ မိုးထိဆရာတော်ထံတွင် တပည့်ခံ၍ ပါဠိ အဋ္ဌကထာတို့ကို ဆက်လက် သင်ကြားလေသည်။


ထိုအခါက မိုးထိဆရာတော် အထံ၌ သျှင်Óဏဝရကဲ့သို့ သာမဏေကျော်ဖြစ်သော သျှင်ဂမ္ဘီသာရခေါ် သာမဏေလည်း တစ်ပါးရှိသည်။ ထိုသာမဏေသည် ရွှေဘိုမြို့ တောင်လက် စမွန်းရွာသား ဖြစ်သည်။ ငယ်မည်မှာ မောင်ဖုန်းဟူ၏။ ထိုသာမဏေသည်လည်း စာပေထူးချွန်သူ ဖြစ်သည့်အလျောက် မိုးထိဆရာတော်မှာ သာမဏေကျော် နှစ်ပါးကို လက်ကိုင်ရရှိထားလေသည်။


သျှင်Óဏဝရနှင့် သျှင်ဂမ္ဘီသာရ နှစ်ပါးလုံးပင် မြန်မာမင်းလက်ထက် ထိပ်တန်းဖြစ်သော ပထမကျော် စာမေးပွဲကို ဝင်ရောက် ဖြေဆိုကြမည့်သူချည်း ဖြစ်နေ၏။ ပထမကျော်ဆိုသည်မှာ တစ်နှစ်တွင် နှစ်ပါးပေးရိုး မရှိဘဲ တစ်ပါးသာ ပေးလေ့ရှိသည့်အတွက် သာမဏေကျော် နှစ်ပါးလုံး သည် အင်အား အပြည့်အဝဖြင့် ကြိုးစားနေကြရလေသည်။


သက္ကရာဇ် ၁ဝ၈၆-ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကား ပထမကျော် စာမေးပွဲကြီး ဆင်နွှဲ ရာဖြစ်သော သုဓမ္မာဇရပ်တော်တွင် သာမဏေကျော် နှစ်ပါးလုံး စာစစ်မေးခြင်း ခံရလေသည်။ နှုတ်လွတ်အာဂုံ ပြန်ဆိုရာ၌ နှစ်ပါးလုံးပင် ပြန်ဆိုနိုင်ကြသည်။ ထို့နောက် စာကြပ်ဆရာတော်များက နှုတ်လွတ်မေးခွန်းဖြစ်သော ခက်ရာခက်ဆစ် ပြဿနာတို့ကို မေးမြန်းရာ၌လည်း သာမဏေကျော် နှစ်ပါးလုံးမှာ မထစ်မငေါ့ ဖြေဆိုနိုင်ကြသည်ချည်း ဖြစ်နေသည်။ ဤသို့ တစ်ပါးနှင့် တစ်ပါး သာလွန် ခြင်း မရှိကြလေရာ သာမဏေကျော် ပေးရန်အတွက် အခက်အခဲ ဖြစ်နေကြလေသည်။


ထိုအခါ ကြပ်မတ်သော ဆရာတော်များ ညှိနှိုင်းတိုင်ပင်ကြပြီးလျှင် သာမဏေကျော် နှစ်ပါးအား ဤသို့ မိန့်ကြားကြ၏။ သင်တိုနှစ်ပါးလုံးဟာ နှုတ်လွတ်အာဂုံ ပြန်ဆိုရာ၌ လည်း ကောင်း၊ နှုတ်မေးခွန်းကို ဖြေဆိုရာ၌လည်းကောင်း အားအင်အပြည့်မျှ ဖြေဆိုနိုင်ကြပါပေသည်၊ တစ်ပါးထက် တစ်ပါး သာလွန်သည်ဟု ငါတို့ မဆုံးဖြတ်နိုင်ပြီ၊ သို့အတွက် သင်တို့၏ လက်ရေးကို ကြည့်၍ အဆုံးအဖြတ် ပြုအံ့၊ လက်ရေးကို ရေးသား ပြကြလော့၊ ဤသို့ အမိန့်ရှိလျှင် သာမဏေကျော် နှစ်ပါးတို့သည် ဆရာတော်တို့ ရှေ့မှောက်၌ ပုရပိုက်ကို ဖြန့်၍ ရေးသားကြ၏။ သျှင်Óဏဝရသည် ပုရပိုက်ပေါ်တွင် မျဉ်းကြောင်းချ၍ ရေးသားသည်။ သျှင်ဂမ္ဘီသာရမှာမူ မျဉ်ကြောင်းမချဘဲ ရေးသားသည်။ ပြီးလျှင် လက်ရေးပုံစံတို့ကို ဆရာတော်ကြီးများထံ အပ်နှံပြသကြသည်။


ဆရာတော်ကြီးများသည် လက်ရေးမူ နှစ်ခုလုံးကို ကြည့်ရှုပြီးလျှင် လက်ရေးတွင် မျဉ်းဟူသည် ဆရာနှင့် တူသည်၊ ဘယ်အရာမဆို ဆရာကို လက်လွှတ်ခြင်းငှာ မသင့်ပေ၊ သျှင်ဂမ္ဘီ သာရမှာ ဆရာကို လက်လွှတ်သည်နှင့် တူချေပြီ။ သျှင်Óဏဝရမျာမူ ' လက်ရေးကောင်းတို့မည် သည် မျဉ်းကြောင်းကို လက်မလွတ်သင့် ' ဟူသော ဥပဒေသကို ရိုသေကျိုးနွံစွာ ရေးသားထားပေ သည်၊ သို့ဖြစ်သောကြောင့် သျှင်Óဏဝရအား ပထမကျော် ဂုဏ်ထူးကို ပေးအပ်ကြရလိမ့်မည်၊ ဟု တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။


ဤသို့ဖြင့် သျှင်Óဏဝရမှာ ပထမကျော်အောင်ပန်းကို ဆင်မြန်းရရှိပေတော့သည်။ ¤င်း၏ မွေးဖွာရာဖြစ်သော ပိုက်သင်ရွာမှ ဆွေမျိုးÓတိ ၄၅-အိမ်ထောင်ကိုလည်း အသည်စာရင်း ဝင် အဖြစ်မှ ထုတ်၍ မင်းရဲမြင်းစုတွင် သိမ်းသွင်းဖွဲစည်းလေသည်။ သျှင်Óဏဝရ မွေးဖွားရာ ပိုက်သင်ရွာ မြောက်ဘက်တွင် ကျောက်တိုင် နယ်နိမိတ်နှင့် ' မြင်းသည်ရွာဟောင်းကုန်း ' ဟု ယခုတိုင် ခေါ်တွင်နေကြသည်။


ပထမကျော် သျှင်Óဏဝရသည် ၁ဝ၈၇-ခုနှစ်တွင် သက်တော်စေ့သဖြင့် အောင်မြေစံ လွတ်ဆရာတော်ကြီးကို ဆရာပြု၍ ရဟန်းအဖြစ်သို့ ရောက်လေသည်။ သက္ကရာဇ် ၁ဝ၉ဝ-ပြည့် နှစ်တွင် ပခန်းကြီးမြို့သို့ ြ<ွကရောက်၍ ပခန်းမြို့ အနောက်မျက်နှာရှိ ဒကာအောင်ဇေယျ ဆောက် လုပ်လှူဒါန်းသော ဘုံသုံးဆင့်ရှိ မတောင့်တကျောင်းတိုက်၌ သီတင်းသုံး၍ စာပေပို့သနေလေသည်။


သက္ကရာဇ် ၁ဝ၉၆-ခု နောက်ပိုင်းတွင် ဆရာတော်သည် ပခန်းမြို့မှ ကိစ္စတစ်ခုဖြင့် အင်းဝနေပြည်တော်သ့ို ြ<ွကရောက်ခဲ့၏။ အင်းဝတွင် ဟံသာဝတီရောက်မင်း အိမ်ရှေ့မင်းသား ဘဝက ဆောက်လုပ်လှူဒါန်းသော ' အိမ်ရှေ့မင်္ဂလာရွှေကျောင်းတိုက် 'အတွင်း ကျောင်းငယ်တစ်ခု၌ တည်းခိုနေလေသည်။ ယင်းသို့ တည်းခိုနေရာတွင် ထိုကျောင်းတိုက်မှ သီရိမဟာမင်္ဂလာဓဇမထေရ် က တိုက်တွန်းသောကြောင့် ဟံသာဝတီရောက်မင်း၏ ဘွဲ့နာမံဖြစ်သော ' မဟာဓမ္မရာဇာဓိပတိ' ဆိုသည့် အက္ခရာ ကိုးလုံးကို အကျယ်ဖွင့်ဆို၍ ရာဇာဓိရာဇနာမတ္ထပကာသနီကျမ်းကြီးကို တစ်လကျော်မျှ အချိန်ယူ၍ ရေးသားရာ ၁ဝ၉၆-ခု၊ တပေါင်းလပြည့်ကျော် တစ်ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပြီးစီးခဲ့လေသည်။


ထိုကျမ်းကြီးကို ရေးသား၍ မကြာမီ ဟံသာဝတီရောက် မင်းတရားသည် ဆရာတော်အား ကြည်ညိုတော်မူသဖြင့် မိမိနေထိုင်ရန် ဆောက်လုပ်ထားသော ကျော်အောင်စံထား နန်းတော်ကြီးကို အင်းဝမြို့သို့ ရွှေ့၍ အရံကျောင်းငယ် ၁ဝဝ-နှင့်တကွ ကျောင်းတော်ကြီးကို ဆောက်လုပ်ကာ ' ကျော်အောင်စံထား ' ဟု သမုတ်ပြီးလျှင် ပထမကျော်ဆရာတော် သျှင်Óဏဝရ အား ပခန်းမြို့မှ ပင့်ဆောင်၍ တင်လှူလေသည်။ ထိုအခါမှ စ၍ ကျော်အောင်စံထားဆရာတော်ဟု ထင်ပေါ်ကျော်စောလာလေသည်။


ကျော်အောင်စံထားဆရာတော်သည် အင်းဝနေပြည်တော်၌ အမြဲထာဝရ နေသည် မဟုတ်ပေ။ မိမိဇာတိရပ်ရွာ ပခန်းမြို့သို့လည်း ပြန်လည် သီတင်းသုံးသေးသည်။ သို့မဟုတ် ပခန်းနှင့် အင်းဝ အလှည့်ကျ နေထိုင်သည်ဟုလည်း ဆိုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် အင်းဝမြို့ရှိ ကျော်အောင်စံထား ကျောင်းတိုက်ကြီးကို အလှူခံပြီးမှ ပခန်းမြို့ မတောင့်တကျောင်းတိုက်တွင် သီတင်းသုံးကြောင်း ' ကျော်အောင်စံထားအဖြေ ' ဟူသော စာမူတစ်ခုကို တွေ့ရှိရသောကြောင့် ဖြစ်သည်။ ထိုစာမူတွင် ဒီပဲယင်းကျေး၊ သျှသျှစ်ကုန်းရွာ သျှင်Óဏဧသိမထေရ်က ဝိနည်းဆိုင်ရာ အမေးများကို မေးလျှောက်ရာတွင် သက္ကရာဇ် ၁၁ဝဝ-ပြည့်နှစ်၊ ဝါဆိုလပြည့်ကျော် ၁ဝ-ရက်တွင် ကူးသန်းကြီးမြို့ (ပခန်းကြီးမြို့) မတောင့်တတိုက်ကြီး၍ သီတင်းသုံးနေသော ပထမကျော်ဘုန်း တော်ကြီး ဖြေဆိုလိုက်ကြောင်း တွေ့ရှိရပေသည်။


ကျော်အောင်စံထားဆရာတော်သည် ထိုခေတ်တွင် ဖြစ်ပေါ်လာသော သာသနာရေး ဆိုင်ရာ ပြဿနာအရပ်ရပ်တို့ကို ဖြေရှင်းပေးရသည်။ ဤကဲ့သို့ ဖြေရှင်းပေးခဲ့သော အဆုံးအဖြတ်များ သည် ကျမ်းတစ်စောင်တစ်ဖွဲ့ ဖြစ်နေခဲ့ပေသည်။


သက္ကရာဇ် ၁၁ဝ၈-ခုနှစ်တွင်လည်း ဧရာဝတီမြစ်အနီးရှိ ပလိုင်းဆရာတော် သျှင်သုဇာတ နှင့် အချို့တို့က ယိုသစ်စဖြစ်သော ထန်းရည် အုန်းရည်တို့ကို ရဟန်းတို့ သောက်သင့် မသောက်သင့် ဟူသော အယူဝါဒ ကွဲပြားကြသည်တွင် ကျော်အောင်စံထားဆရာတော်သည် ပါဠိ အဋ္ဌကထာ စာပေစုပေါင်း များစွာကို ညှိနှိုင်း၍ သုရာဝိနိစ္ဆယကျမ်းနှင့် အနုသုရာဝိနိစ္ဆယကျမ်းများကို ရေးသား စီရင်လေသည်။


ဆရာတော်သည် အင်းဝနေပြည်တော်မှ ကျေးလက်ဒေသများသို့ သာသနာြ့ပုရန် ဆန္ဒ ရှိသည့်အလျောက် မိမိသည် ကျေးလက်ဒေသသို့ သာသနာပြု ြ<ွကရောက်မည့်အကြောင်းကို ဟံသာ ဝတီရောက်မင်းအား ပြောကြားသည်။ ထိုအခါ မင်းတရားက နေပြည်တော်မှာပင် နေတော်မူစေလို သည့်အတွက် မြ<ွကနိုင်ဘဲ ရှိခဲ့ရလေသည်။ သုံးကြိမ် သုံးခါ ပြောကြားသောအခါ၌ တိုင်းရေးပြည်ရေး အခြေအနေကလည်း မကောင်းသဖြင့် မင်းတရားက အလိုရှိရာသို့ ြ<ွကသွားတော်မူရန် လျှောက်ထား လေသည်။


သက္ကရာဇ် ၁၁၁ဝ-ခုနှစ်တွင် နောင်အခါ မင်းအိုသာသနာပိုင် ဖြစ်လာမည့် သျှင်ဂုဏာ ဘိလင်္ကာရကို သဒ္ဓိဝိဟာရိက တပည့်အဖြစ် ခေါ်ဆောင်၍ ညောင်ကန်ရွာသ့ို ြ<ွကရောက်တော်မူခဲ့ လေသည်။ ထိုညောင်ကန်ရွာ၌ သာသနာပြုစုတော်မူရင်း ငါးနှစ်တာမျှ နေထိုင်တော်မူ၍ သက္ကရာဇ် ၁၁၁၅-ခု၊ သက်တော် ၄၈၊ ဝါတော် ၂၈-ဝါအရတွင် ရွေ့လျောစုတိတော်မူရလေသည်။


ပထမ ကျော်အောင်စံထားဆရာတော်သည် နှောင်းလူ နောက်သားတို့အတွက် ကျမ်း ပေါင်းများစွာတို့ကို ပြုစုတော်မူခဲ့ပါသည်။ ဆရာတော် ရေးသားပြုစုသော ကျမ်းစာတို့ကို တွေ့ရှိ သမျှ ဖော်ပြရသော် မြန်မာသဒ္ဒါကျမ်း၊ ရာဇာဓိရာဇနာမတ္ထပကာသနီကျမ်း၊ ရာဇာလင်္ကာရကျမ်း၊ ကစ္စာယနသာရ နိဿယသစ်အကျယ်ကျမ်း၊ အဘိဓာန်နိဿယ၊ ကမ္မဝါစာဂဏ္ဌိ၊ ဒုဋ္ဌက္ခရဂဏ္ဌိ၊ စက္ကင်္ကဝိနိစ္ဆယ၊ မဟာနမက္ကာယပါဌ်နိဿယ၊ ပါတိမောက္ခလေခနကျမ်း၊ အဋ္ဌသာလိနီဂဏ္ဌိ၊ အဘိဓမ္မတ္ထသြင်္ဂိုဟ်ဂဏ္ဌိ၊ ဝုတ္တောဒယဆန်းနိဿယ၊ သုရာဝိနိစ္ဆယ၊ အနုသုရာဝိနိစ္ဆယ၊ ပါဒနက်သန် ဘုရားရှိခိုး၊ ပါဠိမေတ္တာစာ တို့ ဖြစ်ပေသည်။


ကိုးကား


    ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။ 


ဆက်လက်လေ့လာရန်


၁) ရာဇာဓိရာဇနာမတ္ထပကာသနီကျမ်း၊ အနုသုရာဝိနိစ္ဆယ၊ ညောင်ကန်သာသနာဝင်၊ မှန်နန်း ရာဇဝင်တော်ကြီး-တတိယတွဲ၊ သာသနာလင်္ကာရစာတမ်း၊ ပခန်းအကြောင်းသိကောင်းစရာ၊ မြန်မာ့စွယ်စုံကျမ်း-အတွဲ ၂ ၊ ပခုက္ကူသာသနာဝင်၊ ကဗျာကြေးမုံ ပိဋကတ်ကြေးမုံကျမ်း ၊


No comments: