ပန်းချီအကြောင်း (၂)
#အရောင်
အရောင်သည် အလင်း၏ စွမ်းအင်တစ်မျိုးကို မျက်စိဖြင့် ခံယူရရှိသောအခါ၌ ဖြစ်ပေါ်သော အာရုံခံစားမှုပင် ဖြစ်သည်။ အလင်း၏စွမ်းအင်သည် သိပ္ပံပညာအလိုအရ တစ်နေရာမှ တစ်နေရာသို့ လှိုင်းကလေးများ အသွင်ဖြင့် သွားလာသည်ဟု ယုံကြည်ရသည်။ အလင်းလှိုင်းများသည် တစ်မျိုးနှင့်တစ်မျိုး အတိုအရှည်ချင်း ခြားနားနိုင်ပြီးလျှင် ထိုအမျိုးမတူသော အလင်းလှိုင်းများ ကျွန်ုပ်တို့ မျက်စိအပေါ်သို့ ကျရောက်လာ သောအခါ၌ ဖြစ်ပေါ်သည့် အာရုံကိုလိုက်၍ အရောင်အမျိုးမျိုး မြင်ရခြင်းဖြစ်သည်ဟု ဆိုလေသည်။
တစ်ခါတစ်ရံတွင် အရောင်အသီးအသီးကို မှန်ကန်စွာ ခွဲခြားပြီး မမြင်နိုင်သော လူစားမျိုးကို တွေ့ရတတ်သည်။ အရောင်တစ်မျိုးတည်းကိုပင်လျှင် တစ်မျိုးစီ ကွဲလွဲပြီး မြင်ရသောလူစားမျိုးလည်း ရှိသေးသည်။ ထိုသို့ ဖြစ်ခြင်းမှာ အလင်းလှိုင်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ မျက်စိ၌ တစ်ခုခု ချွတ်ယွင်းမှုကြောင့် ခံစားရသည့်အာရုံလွဲမှားရခြင်းဖြစ်ရာ ထိုအဖြစ်မျိုးကို အရောင်မြင်မှားခြင်းဟု ဆိုရလေသည်။
အရာဝတ္ထု အသီးအသီး၌ အနီ၊ အဝါ၊ အပြာ အစရှိသည်ဖြင့် အရောင်အမျိုးမျိုး ထင်လျက် ရှိရာတွင် အမှန်စင်စစ် ထိုအရာဝတ္ထုများ၌ ကိုယ်ပိုင်အရောင်ဆို၍ မရှိပေ။ အဆိုပါ အရာဝတ္ထုတို့မှ ပြန်ဟပ်လိုက်သော အလင်းရောင်ကို မြင်ရခြင်း ဖြစ်လေသည်။ အရာဝတ္ထု အသီးအသီးတွင် အချို့က မိမိအပေါ် ကျရောက်လာသော အလင်းရောင် အားလုံးကို ပြန်ဟပ်ပေးသည်။ အချို့က အလင်းရောင်ခြည်အားလုံးကို စုပ်ယူလိုက်သည်။ အချို့ကမူ အလင်းရောင် အချို့တစ်ဝက်ကို စုပ်ယူ၍ ကျန်ရောင်ခြည်များကို ပြန်ဟပ်ပေးသည်။
အလင်းရောင်အားလုံးကို ပြန်ဟပ်ပေးတတ်သော အရာဝတ္ထုမျိုးမှာ အလင်းရောင် အပြာတွင် အပြာရောင် အဖြစ်ဖြင့် လည်းကောင်း၊ အလင်းရောင် အဝါတွင် အဝါရောင်အဖြစ်ဖြင့် လည်းကောင်း၊ ရောင်စုံအလင်းလှိုင်း အားလုံးပါဝင်သည့် နေရောင်ကဲ့သို့သော အလင်းရောင်အဖြူတွင် အဖြူရောင်အဖြစ်ဖြင့်လည်းကောင်း မြင်ရလေသည်။ အလင်းရောင်ခြည်အားလုံးကို စုပ်ယူလေ့ရှိသော အရာဝတ္ထုမျိုးမှာ မည်သည့်အလင်းရောင်တွင်ဖြစ်စေ အနက်ရောင်အဖြစ် ဖြင့်သာ မြင်ရမြဲ ဖြစ်လေသည်။
အလင်းရောင်ခြည်အချို့ကို စုပ်ယူ၍ အချို့ကို ပြန်ဟပ်ပေးတတ်သော အရာဝတ္ထုမျိုးမှာမူ ထိုအရာဝတ္ထု ပြန်ဟပ်ပေးသော အလင်းရောင်ခြည်ကို လိုက်၍ အရောင်အမျိုးမျိုး ထင်ရလေသည်။ ပုံစံအားဖြင့် အစိမ်းရောင် မြင်ရသော သစ်ရွက်တို့သည် အစိမ်းအလင်းရောင်ခြည်ကိုသာ ပြန်ဟပ်ပေး၍ အခြားအလင်းရောင်ခြည် အားလုံးကို စုတ်ယူလိုက်သည်။ ထိုကြောင့် သစ်ရွက်ကို နေ့ဘက်တွင် အစိမ်းရောင် မြင်ရပြီးလျှင် နေရောင်တွင် မဟုတ်ပဲ အနီရောင်အလင်းတွင် ပြသောအခါ၌မူကား ပြန်ဟပ်စရာ အစိမ်းအလင်းရောင်ခြည် မရှိသည့်အတွက် အနက်ရောင် ဖြစ်သွားလေသည်။ အနီရောင်ပစ္စည်းတစ်ခုကို အပြာရောင် အလင်းတွင်ပြက အနက်ရောင် ထင်ခြင်းမှာလည်း ဤသဘောပင် ဖြစ်သည်။ အလင်းပိတ် ပစ္စည်းမှန်လျှင် အားလုံး ဤအတိုင်းပင် ဖြစ်လေသည်။
ရေ၊ မှန်စသော အလင်းပေါက်ပစ္စည်းများ အရောင်အမျိုးမျိုးထင်ရခြင်းမှာ ထိုပစ္စည်းတို့ကို ဖောက်ထွင်း သွားနိုင်သော အလင်းရောင်ခြည်အပေါ်တွင် အခြေတည်လေသည်။ ပုံစံအားဖြင့် အစိမ်းရောင် မှန်တစ်ချပ်သည် အစိမ်းရောင် မဟုတ်သော အခြား အလင်းရောင်ခြည်ဖြစ်က ဖောက်ထွင်း ဖြတ်သန်းခွင့်ကို မပေးပေ။ ရေကြည် ရေသန့်မှာမူ မည်သည့် အလင်းရောင်ခြည်ကို မဆို ညီတူညီမျှ ဖောက်ထွင်းခွင့်ပေး၍ ဤပစ္စည်းကို အရောင်မဲ့ ပစ္စည်းဟုခေါ်လေသည်။
ပန်းချီဆရာသုံး အရောင်ဆေးများနှင့် အခြား မှင်အမျိုးမျိုး၊ ဆိုးဆေး၊ သုတ်ဆေးအမျိုးမျိုးတို့တွင် အနီ၊ အဝါနှင့်အပြာ အရောင်သုံးမျိုးရှိက ထိုအရောင်များမှ အခြား မိမိလိုရာ အရောင်များကို စပ်ယူနိုင်သဖြင့် ထို အရောင်သုံးမျိုးကို မူလအရောင်များဟု ခေါ်စမှတ်ပြုကြသည်။ အနီနှင့် အဝါကိုစပ်လျှင် လိမ်မော်ရောင် ကိုလည်းကောင်း၊ အဝါနှင့်အပြာကို စပ်လျှင် အစိမ်းရောင်ကို လည်းကောင်း၊ အပြာနှင့်အနီကိုစပ်လျှင် ခရမ်းရောင်ကို လည်းကောင်းရ၍ ထိုသို့ တစ်ဆင့်ခံရရှိသော အရောင်များကို တစ်ခါတစ်ရံ တစ်ဆင့်ခံ အရောင်များဟု ခေါ်ကြပြန်သည်။ တစ်ဖန် အနီနှင့် စိမ်းပြာကိုလည်းကောင်း၊ အဝါနှင့် မဲပြာကိုလည်းကောင်း ရောစပ်လျှင် အနက်ရောင်ရ၍ ထိုသို့ အနက်ရောင်ပေးသော အရောင်စုံတွဲများကိုမူ ဖြည့်ဘက်အရောင်များ ဟူ၍ ခေါ်ကြလေသည်။
အရောင်တစ်မျိုးတွင် အဖြူရောင်ကို ရောစပ်ပေးလျှင် အရောင်နုကို ရရှိ၍ အရောင်ပုပ်ကို လိုလျှင်ကား အနက်ရောင်ကို ရောစပ်ပေးရလေသည်။ သိပ္ပံပညာရှင်တို့၏ အဆိုအရ သာမန် မျက်စိဖြင့် ကြည့်မြင်နိုင်သော အရောင်ပေါင်းမှာ တစ်ထောင်ခန့်ရှိ၍ အရောင်နု အရောင်ပုပ်ပေါင်းမှာ နှစ်သန်းကျော်မျှ ရှိသည်ဟု ဆိုလေသည်။
#အရောင်၏အခြေခံသဘောတရား
First color (primary color) - အရောင်ကို အနီ အဝါ အပြာ မှအခြေခံကာစတင်ဖြစ်ပေါ်လာသည်။ထို့ကြောင့် အနီ အဝါ အပြာ ကို First color ဟုခေါ်သည်။
Secondary color - First color သုံးရောင်ကိုအချိုးဆတူပေါင်းစပ်ခြင်းဖြင့်ထပ်မံထွက်ပေါ်လာသော color များကို secondary color ဟုခေါ်သည်။
ဥပမာ - အနီ+အဝါ =လိမ်မော်
၁ း ၁
အဝါ+အပြာ =အစိမ်း
၁ း ၁
အပြာ+အနီ =မရမ်း
၁ း ၁
ထပ်မံပြီးထွက်လာသော လိမ်မော်၊ အစိမ်း ၊ မရမ်း တို့သည် secondary color ဖြစ်သည်။
Third color - First color သုံးရောင်ကိုအချိုး၂ဆ၁ဆဖြင့်ပေါင်းစပ်ပါက Third color ရရှိမည်။
ဥပမာ - (၁) အနီ+အဝါ =နီလိမ်မော်
၂ း ၁
အနီနှင့်အဝါကိုဆတူပေါင်းစပ်ပါက လိမ်မော်ရပြီး အနီ၂ဆအဝါ၁ဆဖြင့်စပ်သောအခါ နီလိမ်မော် အရောင်ကိုရမည်ဖြစ်သည်။
ဥပမာ - (၂) အနီ+အဝါ =ဝါလိမ်မော်
၁ း ၂
အနီ၁ဆအဝါ၂ဆဖြင့်စပ်သောအခါ ဝါလိမ်မော် အရောင်ကိုရမည်ဖြစ်သည်။
ဥပမာ - (၃) အဝါ+အပြာ =ဝါစိမ်း
၂ း ၁
အဝါ၂ဆ အပြာ၁ဆဖြင့်စပ်သောအခါ ဝါစိမ်း အရောင်ကိုရမည်ဖြစ်သည်။
ဥပမာ - (၄) အဝါ+အပြာ =ပြာစိမ်း
၁ း ၂
အဝါ၁ဆ အပြာ၂ဆဖြင့်စပ်သောအခါ ပြာစိမ်း အရောင်ကိုရမည်ဖြစ်သည်။
ပြာစိမ်း အရောင်မှာ CMYK color mode ထဲမှ C (Cyan)၏အရောင်ဖြစ်သည်။
ဥပမာ - (၅) အပြာ+အနီ =ပြာမရမ်း
၂ း ၁
အပြာ၂ဆ အနီ၁ဆဖြင့်စပ်သောအခါ ပြာမရမ်း(ခရမ်း) အရောင်ကိုရမည်ဖြစ်သည်။
ဥပမာ - (၆) အပြာ+အနီ =နီမရမ်း
၁ း ၂
အပြာ၁ဆ အနီ၂ဆဖြင့်စပ်သောအခါ နီမရမ်းအရောင်ကိုရမည်ဖြစ်သည်။
နီမရမ်းအရောင်မှာ CMYK color mode ထဲမှ M (Megenta) ၏အရောင်ဖြစ်သည်။
Third color - နီလိမ်မော် ၊ ဝါလိမ်မော် ၊ ဝါစိမ်း ၊ ပြာစိမ်း ၊ ပြာမရမ်း ၊ နီမရမ်း
First color ၊ Secondary color ၊ Third color အားလုံးပေါင်းလျှင် အရောင်(၁၂) ရောင်ရမည်။ထိုအရောင်(၁၂) ရောင်ကို (Hue) ရောင်စဉ်များဟုခေါ်သည်။
Rotate of Color - color ၏လည့်ပတ်ပုံ
Color Theoryမှာအနီမှစပြီး CW(Colckwise) နာရီလက်တံအတိုင်း လှည်ပတ်သည်။
အနီ » နီလိမ်မော် » လိမ်မော် » ဝါလိမ်မော် » အဝါ » ဝါစိမ်း » အစိမ်း » ပြာစိမ်း » အပြာ » ပြာမရမ်း » မရမ်း » နီမရမ်း »
Hue Slide Bar အကြောင်း
Color picker box ထဲမှ color circle ကိုညာဘက်ဆုံးသို့ရွေ့ပါ။Hue slide bar မှTraingle လေးကိုအောက်မှအပေါ်သို့ဖြည်းဖြည်းချင်းစီတက်ကြည့်ပါ။
အနီ » နီလိမ်မော် » လိမ်မော် » ဝါလိမ်မော် » အဝါ » ဝါစိမ်း » အစိမ်း » ပြာစိမ်း » အပြာ » ပြာမရမ်း » မရမ်း » နီမရမ်း » ၎င်းအတိုင်းအစဉ်လိုက်မြင်ရမည်။
Hue slide bar သည် Color Theory၏လှည့်ပတ်ပုံအတိုင်းစီစဉ်တကျထားခြင်းဖြစ်သည်။Hue slide bar တွင် အရောင် ၁၂ရောင်သာပါသည်။
အဖြူ အနက် နှင့် မီးခိုး (ခေါ်) Tone color များ
Hue - ရောင်စဉ်
Saturation - အသွေးအနုအရင့်
Brightness - အလင်းအမှောင်
အဖြူ အနက် နှင့် မီးခိုး တို့သည် အရောင်များဟုခေါ်လို့မရပါ။
၎င်း တို့အားTone color ဟုခေါ်သည်။အဖြူ နှင့် အနက် ကို Saturation ဟုခေါ်သည်။
အရောင်တစ်ခု အား saturate ပြုလုပ်ခြင်းဖြင့် ထိုအရောင်မှ အနုအရင့် ဖြစ်လာခြင်းကိုခေါ်သည်။
ဥပမာ - အနီရောင်ကို အဖြူဘက်ခြမ်းသို့ ရွေ့လျှင် ပန်းရောင် (pink) အနက်ဘက်ခြမ်းသို့ရွေ့လျှင် နီညို (deep red) ကိုရမည်ဖြစ်သည်။ ထိုနည်းဖြင့် Hue ၁၂ရောင်လုံးအား saturate ပြုလုပ်ခြင်းဖြင့်နောက်ထပ်အရောင်ပေါင်းများစွာရရှိမည်ဖြစ်သည်။
Brightness (ခေါ်) မီးခိုးရောင်များ
မီးခိုးရောင် အား Brightness ဟုခေါ်သည်။အဖြူ နှင့် အနက်ပေါင်းလျှင် မီးခိုးရမည်။အဖြူ နှင့် အနက် ကြားရှိမီးခိုး အဆင့် သတ်မှတ်ချက်မှာ ၉ဆင့်ရှိသည်။
ဥပမာ - မီးခိုး ကို အဖြူဘက်ခြမ်းသို့ ရွေ့လျှင်Silver အရောင်ရပြီး အနက်ဘက်ခြမ်းသို့ရွေ့လျှင် Gray အရောင်ကိုရမည်။
မီးခိုးမှာအလင်းအမှောင်ဖြစ်သဖြင့် မီးခိုးဘက်သို့ လာသောအရောင်များမှာမှိုင်းသည်။အရောင်များကို အနုအရင့် အလင်းအမှောင်များပြုလုပ်ပေးခြင်းဖြင့် နာမည်မသိနိုင်သောအခြား color code များစွာထွက်လာသည်။
Opposite Color - (ဆန့်ကျင်ဘက်အရောင်များ)
မျက်နှာချင်းဆိုင်တည့်တည့်တွင်ရှိသော အရောင်ကို opposite color ဟုခေါ်သည်။
ဥပမာ - အနီ၏မျက်နှာချင်းဆိုင်အရောင်မှာ အစိမ်းဖြစ်သဖြင့် အနီနှင့်အစိမ်းမှာ opposite color ဖြစ်သည်။
နီလိမ်မော် ဝါလိမ်မော် တို့ကဲ့သို့အရောင်များ၏ opposite color ကိုမသိပါက နာမည်ကိုပြောင်းပြန်ပြန်လုပ်ကာတွက်ကြည့်လို့ရသည်။
ဥပမာ - နီလိမ်မော် ပြောင်းပြန်တွက်ကြည့်ပါ - လိမ်မော်၏ opposite မှာ အပြာ ဖြစ်ပြီး အနီ၏ opposite မှာ အစိမ်း ဖြစ်သည်။ထို့ကြောင့် နီလိမ်မော်၏ opposite color မှာ ပြာစိမ်း ဖြစ်သည်။
အနီ - အစိမ်း အဝါ - မရမ်း
အပြာ - လိမ်မော် နီမရမ်း - ဝါစိမ်း
နီလိမ်မော် - ပြာစိမ်း ဝါလိမ်မော် - ပြာမရမ်း
Harmony Color - (မိတ်ဖက်အရောင်)
တစ်ခုကျော် Color များသည် Harmony Color ဖြစ်သည်။
ဥပမာ - အနီရောင် ၏တစ်ခုကျော်အရောင်မှာ မရမ်း နှင့် လိမ်မော် ဖြစ်သည်။ အရောင်တစ်ခုစီတွင် သူ့၏မိတ်ဖက်အရောင်မှာ နှစ်ခုစီရှိသည်။
Cool Color & Hot Color
Color Theoryအတွင်းရှိအရောင်၁၂ရောင်ကို ၆ရောင်စီပိုင်းခြားကာ Cool & Hot ခွဲခြားထားသည်။
အဝါမှနီမရမ်းထိ (ဘယ်ဘက်ခြမ်း) သည် Hot Color (အရောင်ပြင်း) ဖြစ်သည်။
ဝါစိမ်းမှမရမ်းထိ (ညာဘက်ခြမ်း) သည် Cool Color (အရောင်အေး) ဖြစ်သည်။
တင်ခဲ့ပြီး ပန်းချီအကြောင်း (၁) သို့ >>>
No comments:
Post a Comment