ဂီတအကြောင်း (၁)
ဂီတဆိုသည်မှာ သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်များကို စည်းချက်ဝါးချက် ညီညီ သီဆိုတီးမှုတ်သော အနုပညာတစ်ရပ်ဖြစ်သည်။ ဂီတဖန်တီးရေးသားခြင်း၊ သီဆိုတီးမှုတ်ခြင်း၊ ထူးခြားချက်နှင့် အဓိပ္ပာယ် သတ်မှတ်ချက်များမှာ ယဉ်ကျေးမှုအလိုက် လူ့အဖွဲ့အစည်းအလိုက် ကွဲပြားမှုများရှိသည်။
ဂီတသည် အသံအားကြားခံအဖြစ် အချိန်တစ်ခုအတွင်း အသုံးပြုသည့် အနုပညာပုံစံတစ်ရပ် ဖြစ်သည်။ ပန်းချီတွင် ကြားခံအား ကင်းဗတ်(စ)စ၊ နံရံ စသည့် medium များကို အသုံးပြုသကဲ့သို့ပင်ဖြစ်သည်။ ဂီတတွင် ယေဘူယျအားဖြင့် pitch ဆိုသော အသံအနိမ့်အမြင့်( ထိုအထဲတွင် သံစဉ်နှင့် ဟာမိုနီ တို့အကျုံးဝင်သည်) စည်းချက်( ၎င်း ထဲတွင် tempo,meter နှင့် articulation တို့ပါဝင်သည်) dynamics နှင့် timbre နှင့် texture တို့၏ အသံအရည်အသွေးစသည့် အစိတ်အပိုင်းများပါဝင်သည်။ ဂီတဆိုသော အင်္ဂလိပ်စကားလုံး music သည်ဂရိဘာသာစကား μουσική (mousike)မှဆင်းသက်လာသည်။
ဂီတ၏ ဖန်တီးမူ့၊တင်ဆက်မူ့၊ ထင်ရှားသော ဝိသေသလက္ခဏာ များနှင့် ဂီတဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကိုယ်တိုင်ပင် မတူညီသော ယဉ်ကျေးမူ့များနှင့် လူမူ့ရေးအရ ပုံသဏ္ဍန်အမျိုးမျိုးကွဲပြားနေလေသည်။
`ဂီတ´ဝေါဟာရသည် ပါဠိဘာသာမှ ဆင်းဆက်လာပြီး `သီချင်း၊ သီဆိုခြင်း´(Song, Singing) အဓိပ္ပါယ်ရသည်။ `တူရိယာတီးမှုတ်ခြင်း´ (Music) အဓိပ္ပါယ်နှင့် တစ်ခြားစီဖြစ်သည်။ ပါဠိဘာသာအရ `တူရိယာတီးမှုတ်ခြင်း´ကို ဝါဒိတ္တဝါဒန ဟူ၍ခေါ်ဝေါ်သည်။ မြန်မာ့ကျမ်းဂန်များအရ `ဂီတ´ဆိုသည်မှာ `ဒီဃသရေန ဂါယိတဗ္ဗနကိဂီတံ´ရှည်သောအသံဖြင့် ရွတ်အပ်သောကြောင့် ဂီတမည်သည်ဟု၍၎င်း၊သုံးမတြာကာလထက် လွန်အောင်ရွတ်ဖတ်ရသော အသံများကို `ပြူတသံ(ဝါ)ဂီတသံ´ ဟူ၍၎င်း၊ပြဆိုပေသည်။ ရှေးခေတ်ကျောက်စာများတွင် သီချင်းသီဆိုသူကို `သိခြင်းသည်´(သီချင်းသည်) ဟူ၍၎င်း၊`ရခန်း´ဟူ၍၎င်း၊
`ရတင်သည်´ဟူ၍၎င်း အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ ထို့ကြောင့် `ပန်ထျာဂီတ´၏ အနက်အဓိပ္ပါယ်မှာ တီးမှုတ်သီဆိုခြင်းပင် ဖြစ်သည်။
ရှည်သောအသံဖြင့်သီဆိုအပ်သော စကားအဖွဲ့သီချင်း လို့ အဓိပ္ပါယ်ရသည်။ စည်း၊ ဝါး စသော တူရိယာတို့ဖြင့် တီးမှုတ်သီဆိုရသော ကဗျာမျိုးကို ဂီတ ဟုခေါ်သည် ရယ်လို့ ဦးသော်ဇင်ရဲ့ ကဗျာ့လမ်းညွှန် စာအုပ်ထဲမှာ ဆိုထားပါတယ်။ ရှည်လျားသော အသံဖြင့်သီဆိုရသောသီချင်းလို့ ဆိုပါတယ်။ ဘယ်လောက်အထိရှည်ရမလဲဆိုရင် အချိန်ကာလအားဖြင့် သုံးမတြာထက် ကျော်လွန် ရှည်လျားပြီး စည်းဝါး အစရှိတဲ့ တူရိယာတွေနဲ့ သီဆိုရရင် ဂီတလို့ခေါ်ပါတယ်။ ('မတြာ' ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ် (Dimensional unit) ဖြစ်ပါတယ်။ မျက်စိတမှိတ်၊ လျှပ်တပြက်၊ နွားနို့တညှစ်စာ ကာလကို တစ်မတြာ ကြာတယ်လို့ တိုင်းတာပါတယ်)
မြန်မာ့ဂီတတွင် အကြမ်းအားဖြင့် သောတာလင်္ကာရသီချင်းနှင့် ဝစနာလင်္ကာရသီချင်း ဟူ၍ အမျိုးအစားနှစ်မျိုးရှိသည်။
#သောတာလင်္ကာရသီချင်း
သောတာလင်္ကာရသီချင်းကို စည်းဝါးများ၊ တူရိယာအတီးအမှုတ်များနှင့်အတူ သီဆိုရသည်။ သောတာလင်္ကာရ သီချင်းများမှာ ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန်၊ ဒိန်းသံ၊ တေးထပ်၊ ဘောလယ်၊ လေးထွေသံကပ်၊ မြင်းခင်း၊ နတ်ချင်း စသည့်သီချင်းများ၊ ရိုးရာသီချင်းများ(Folk-Songs)၊ ရှေးသံဆန်းသီချင်းများ၊ ခေတ်ဟောင်းသီချင်းများ၊ နှစ်၂၀-သီချင်းများ၊ ကာလပေါ်သီချင်းများ၊ စတီဒီယိုသီချင်းများပင် ဖြစ်သည်။ အဆိုပါသီချင်းများကို သောတာလင်္ကာရသီချင်း၏ အဓိပ္ပါယ်မှာ ဂီတအားဖြင့် နားသောတကို တန်ဆာဆင်ထားသည့် သီချင်းပင် ဖြစ်သည်။
အမျိုးအစားများမှာ-
ကြိုးသီချင်း
ဘွဲ့ သီချင်း
သီချင်းခံ သီချင်း
ပတ်ပျိုး သီချင်း
ယိုးဒယား သီချင်း
မွန်သီချင်း
ဒိန်းသံ
တေးထပ်
ဘောလယ်အရိုး
လေးထွေသံကပ်
မြင်းခင်း
နတ်ချင်း
ရိုးရာသီချင်းများ(Folk-Songs)မှာ-
အိုးစည်သံ သီချင်း
ကရင်ဩသံ သီချင်း
လှေတော်သံ သီချင်း
မွန်သံ သီချင်း
စည်တော်သံ သီချင်း
ဗြော သီချင်း
ဗုံကြီးသံ သီချင်း
ဒိုးပတ်သံ သီချင်း
#ဝစနာလင်္ကာရသီချင်း
ဝစနာလင်္ကာရသီချင်းသည် ဂီတထက် ကဗျာကို ပို၍ အလေးပေးကာ စပ်ဆိုသီကုံးထားသော သီချင်းမျိုးများဖြစ်သည်။ ထို့ကြောင့် ၎င်းသီချင်းစာသားများကို ရွတ်ဖတ်သီဆိုရာတွင် ခန့်ခန့်ညားညား၊ လေးလေးနက်နက်၊ ပီပီသသ ပြတ်သားကြည်လင်စွာ ရွတ်ဖတ်သီဆိုရပြီး အသံအဖြတ်အတောက် အဆွဲအငင် အရစ်အဝဲ လေယူလေသိမ်းများကို သောတာလင်္ကာရ သီချင်းများထက် ပို၍ နိုင်နင်းစွာ ရွတ်ဖတ်သီဆိုကြရသည်။ ဝစနာလင်္ကာရသီချင်းများမှာ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ ခွန်းတောက်၊ လွမ်းချင်း၊ သဖြန်၊ ပုလဲပေါက် စသည်များနှင့် ထီးနန်းသုံး ကဗျာသီချင်းများဖြစ်သော ရတု၊ လူးတား၊ ရကန်၊ အဲချင်း၊ အိုင်ချင်း၊ သာချင်း၊ အန်ချင်း၊ ဧချင်း၊ သံချို၊ လေးချိုးကြီး၊ ပျို့၊ လင်္ကာ၊ မော်ကွန်း၊ သမိုင်း တမ်းချင်း၊ မှာတမ်း စသည့် သီချင်းများပင် ဖြစ်သည်။ ဝစနာလင်္ကာရသီချင်း၏ အဓိပ္ပါယ်မှာ စကားကို တန်ဆာဆင်ထားသော သီချင်းပင် ဖြစ်သည်။
ရတု
ရကန်
အဲချင်း
အန်ချင်း
အိုင်ချင်း
လူးတား
ဧချင်း
လေးချိုးကြီး
သာချင်း
ပျို့
ဦးသော်ဇင်၏ ကဗျာ့လမ်းညွှန်စာအုပ်တွင် မြန်မာဂီတ (သီချင်း) အမျိုးအစားများမှာ-
ရကန်၊
ဟောစာ၊
သာချင်း၊
ကာချင်း၊
အဲချင်း၊
အိုင်ချင်း၊
လေးချိုး၊
သံချို၊
ယိုးဒယား(ဂီတ)၊
ပတ်ပျိုး၊
ကြိုး၊
ဘွဲ့(ဂီတ)၊
ဘောလယ်အရိုး၊
တေး- အရိုးအဆန်း၊
သဖြန်- အရိုးအဆန်း၊
ငိုချင်း - အရိုးအဆန်း၊
တုံးချင်း - အရိုးအဆန်း၊
ဟန်ချင်း - အရိုးအဆန်း၊
လှေချင်း - အရိုးအဆန်း၊
နတ်သံ၊
မှာတမ်း၊
ဇာတ်စာ ဟူ၍ ၂၂ မျိုး ရှိသည်ဟု ဖော်ပြသည်။
#ခေတ်ပေါ်ဂီတ
စတီဒီယို ဂီတ ( အကျယ်ရှာမရသေးပါခဗျာ )
#ဟစ်ဟော့ဂီတ
ဟစ်ဟော့ ဂီတ (Hip hop music)[၁] သည် ၁၉၇၀ ခုနှစ်လောက်က နယူးယောက်မြို့ရှိ အာဖရိကန်-အမေရိကန် များအစပြုခဲ့သော ယဉ်ကျေးမှု လှုပ်ရှားမှုတစ်ရပ် ဖြစ်သည်။ ဟစ်ဟော့ ယဉ်ကျေးမှုတွင် အဓိကအစိတ်အပိုင်း လေးမျိုး ပါဝင်ပြီး၊
တို့မှာ
rapping (သီချင်းစာသားများအား ကာရံနှင့်အညီ ရွတ်ဆိုခြင်း)
DJing (ဓာတ်ပြားများအား ပွတ်ခြင်း၊ ခေတ္တရပ်အောင်လုပ်ခြင်းဖြင့် ဆန်းပြားသောအသံများ ထွက်လာစေခြင်း)
graffiti (နံရံဆေးရေးပန်းချီတစ်မျိုး) နှင့်
b-boying (ဘရိတ်ဒန့်(စ်)အက).[၂][၃][၄]
တို့ပါဝင်သည်။ အခြား အစိတ်အပိုင်းများအဖြစ် Beatboxing (ပါးစပ်ဖြင့် စည်းချက်များပြုလုပ်ခြင်း)၊ Fashion (ဝတ်စားဆင်ယင်မှု ပုံစံ) နှင့် Slang (ဗန်းစကားများ အသုံးပြုခြင်း) တို့လည်းပါဝင်သည်။ ပထမဆုံးအကြိမ် Bronx နယ်မြေတွင် ကျင်းပအစပြုရာမှ ဟစ်ဟော့ ယဉ်ကျေးမှုသည် ကမ္ဘာအနှံ့ ကျယ်ပြန့်သွားခဲ့သည်။
ဟစ်ဟော့ဂီတသည် DJs (Disc Jockey) များက Turntables ဟုခေါ်သော ဓာတ်ပြားဖွင့်စက်နှစ်လုံးနှင့် စည်းချက်ညီသော ရိုက်ချက်သံများ ထွက်လာအောင် ဖန်တီးခြင်းဖြင့် စတင်ခဲ့သည်။ နောက်ပိုင်း ထိုရိုက်ချက်များပေါ်တွင် Rap ဟုခေါ်သော ကာရံညီအောင် ရွတ်ဆိုသွားသည့် တေးစာသားများကို ထည့်သွင်း ပေါင်းစပ်ခဲ့သည်။ ထိုကဲ့သို့ရွတ်ဆိုခြင်းကို rapping ဟုခေါ်ကာ သီဆိုသူများကို rapper ဟုသုံးနှုန်းသည်။ နောက်ပိုင်းတွင် သီဆိုသူ Rapper များကို MC ဟုလည်းခေါ်ကြသည်။ ဆန်းကြယ်သော အကပုံစံများနှင့် သီးခြားဝတ်စားဆင်ယင် ပုံစံမျိုးသည် ထိုဂီတသစ်ကို ကြိုက်နှစ်သက်သော လူများကြားတွင် ခေတ်စားလာသည်။ ထိုဝတ်စားဆင်ယင်ပုံစံ များသည် ယဉ်ကျေးမှုသမိုင်းတွင် ဟစ်ဟော့ ယဉ်ကျေးမှုကို အသိမှတ်ပြု လာရအောင် လွှမ်းမိုးလာခဲ့သည်။မြန်မာနိုင်ငံတွင် rap ဂီတကို မျိုးကျော့မြိုင် မှအစပြု သီဆိုခဲ့သော်လည်း ဟစ်ဟော့ဂီတအဖြစ် ပီပီပြင်ပြင် ပေါ်ပေါက်လာခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံ၏ပထမဆုံးဟစ်ဟော့ အယ်လဘမ်အဖြစ် အက်စစ်အဖွဲ့၏ စတင်ခြင်း အခွေ ၂၀၀၀ ခုနှစ်တွင် ထွက်လာခဲ့သည်။ ထိုနောက်ပိုင်းတွင် ဟစ်ဟော့ဂီတသည် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ပေါ်ပြူလာ ဖြစ်နေသော ဂီတအမျိုးအစား ဖြစ်လာသည်။ မြန်မာနိုင်ငံတွင် တခြားသော ဟစ်ဟော့ယဉ်ကျေးမှုများထက် fashion နှင့် rapping တို့ကို လူငယ်များ ပိုကြိုက်နှစ်သက်ကြသည်။
၁၉၀၄ အစောပိုင်းကာလတွင် hip ဆိုသောစကားလုံးကို အာဖရိကန်-အမေရိကန်တို့က တိုင်းရင်းအင်္ဂလိပ်စကားအဖြစ် အသုံးပြုခဲ့ကြသည်။ ထိုလူထုသုံးစကား hip ၏ အဓိပ္ပါယ်မှာ တိကျစွာပြောခြင်း (informed) နှင့် လက်ရှိ (Current) ဆိုသော သဘောဖြစ်၍ မူရင်း hep ဆိုသော စကားမှ ဆင်းသက်လာသည်။
rapper တစ်ယောက်ဖြစ်သော Keith Wiggins မှ အမေရိကန် ရေတပ်မတော်တွင် စစ်မှုထမ်းနေသော သူ၏ သူငယ်ချင်းဖြစ်သူကို နောက်ပြောင်ရာမှ hip-hop ဆိုသော စကားလုံးပေါ်ပေါက်လာသည်။ စစ်သားများ လေ့ကျင့်ချီတက်ရာတွင် ညာသံပေးသော တက်သံကျသံကို စည်းချက်ကျကျ hip-hop hip-hop ဟုလိုက်အော်ရာမှ ထိုစကားလုံးဖြစ်လာသည်။ ထိုတက်သံ၊ ကျသံ hip-hop ကိုနောက်ပိုင်းတွင် Keith Wiggins ကသူ၏ စင်မြင့်ဖျော်ဖြေပွဲတစ်ခုတွင် အသုံးပြုခဲ့သည်။ သူတို့အဖွဲ့အားလည်း ဂီတသစ်တစ်မျိုးကို စတင်ဖန်တီးနေသော DJs များက those hip-hoppers များဟု ရည်ညွှန်းပြောဆိုခဲ့ကြသည်။ ထိုစကားလုံး hip-hop ၏ အဓိပ္ပါယ်မှာ မလေးစားခြင်း၊ သရော်လှောင်ပြောင်ခြင်းဟု မူလကအဓိပ္ပါယ်ရသော်လည်း နောက်ပိုင်းတွင် ထိုဂီတအသစ်နှင့် ယဉ်ကျေးမှုကို ကိုယ်စားပြုသည့် အဓိက စကားလုံးဖြစ်လာသည်။
အဖွဲ့အမျိုးမျိုးက ထိုစကားလုံးကို သုံးခဲ့ကြပြီး ဟစ်ဟော့ရှေ့ဆောင်လမ်းပြ တစ်ယောက်ဖြစ်သော အာဖရိက ဘန်ဘာတာ Afrika Bambaataa မှ ၁၉၈၁ ခုနှစ်တွင် ထွက်ရှိသော single album "positive life" တွင်ထည့်သွင်းအသုံးပြုခဲ့သည်။ ထိုအချိန်မှစ၍ ဟစ်ဟော့ဆိုသော စကားလုံးသည် ယဉ်ကျေးမှုစာမျက်နှာတစ်ခုအဖြစ် တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားခဲ့သည်။
#နောက်ခံသမိုင်းကြောင်း
ဂျမေကာ နိုင်ငံဖွား ဒီဂျေ Clive Kool Herc Campbell သည် ဆယ့်သုံးနှစ်သားအရွယ်တွင် နယူးယောက်မြို့ သို့ပြောင်းရွေ့ နေထိုင်ခဲ့ပြီး မူလဟစ်ဟော့ဂီတကို ဖန်တီးခဲ့သူဖြစ်သည်။ ဂျမေကာရိုးရာ ဂီတသံများကို အခြေခံကာ ဟစ်ဟော့ဂီတ သစ်တရပ်အဖြစ် ရှေးဦးဖန်တီးခဲ့သည်။ ဂျမေကာမှ ကလေးငယ်များက ဂီတသံအပေါ်တွင် လက်တန်းရွတ်ဆိုသော ကဗျာပုံစံများကို ခေတ်ပေါ် ဂီတတစ်ရပ်နှင့် တွဲဖက်ရန် သူငယ်စဉ်ကတည်းက စိတ်ကူးရှိခဲ့သည်။
Herc နှင့် တစ်ခြားသော DJs သမားများသည် သူတို့၏ တူရိယာစက်များနှင့် ဖျော်ဖြေမှုများအတွက် လျှပ်စစ်မီးလည်းရနိုင်သော ဘတ်(စ)ကတ်ဘောကွင်းများနှင့် ရှေးဟောင်းအိမ်များတွင် ဂီတပွဲများကျင်းပခဲ့သည်။ ထိုနေရာများသည် ဟစ်ဟော့ဂီတ ပေါက်ဖွား ခဲ့ရာနေရာများလည်းဖြစ်သည်။ သူတို့အသုံးပြုသော တူရိယာများနှင့်စက်ကိရိယာများသည် အများအားဖြင့် အားကောင်းသော စပီကာများ၊ Turntabels ဟုခေါ်သော ဓာတ်ပြားဖွင့်စက်များနှင့် တစ်လုံး(သို့မဟုတ်) ထို့ထက်ပိုသော မိုက်ကရိုဖုန်းများသာ ပါဝင်လေသည်။ funk တေးသွားများမှ က၍အကောင်းဆုံးအပိုင်းကို အကြိမ်ကြိမ်ပြန်လည်ဖွင့်စေခြင်းဖြင့် break-deejaying ဆိုသောနည်းကိုလည်း Herc သည်တိုးတက်စေခဲ့သူဖြစ်သည်။
ဗုံရိုက်သံကို အဓိကထားပြီး ထို breakbeat Djing ပြုလုပ်ရာတွင် funk, rock နှင့် လက်တင်ဗုံသံ မှစည်းဝါးရိုက်သံများကို ယူ၍ ထိုအသံများသည် ဟစ်ဟော့ဂီတအတွက် အခြေခံ ဂီတသံများဖြစ်လာခဲ့သည်။ Herc ၏ အကသမားများအပေါ် ကြေငြာမှုများနှင့် တိုင်ပင်ခေါ်သံများသည် ကာရံများနှင့်ညီအောင် ပြောဆိုရာမှ ယခုလူသိများသော rapping ဆိုသည့်အပိုင်းပါဝင်လာသည်။ သူ၏ အကသမားများအား break-boys နှင့် break-girls၊ အတိုကောက်အားဖြင့် b-boys နှင့် b-girls များဟုနာမည်ပေးခဲ့သည်။ Herc ၏သတ်မှတ်ချက် အခေါ်အဝေါ်များ ဖြစ်သော breaking, b-boys နှင့် b-girls များသည် ဟစ်ဟော့ဆိုသော နာမည်မပေါ် ခင်ကပင် ဟစ်ဟော့ ယဉ်ကျေးမူ့၏ အရေးပါလာမည့် အစိတ်အပိုင်းများအဖြစ်တည်ရှိနေခဲ့သည်။
နောက်ပိုင်းပေါ်လာသော Grand Wizard Theodore တို့ကဲ့သို့သော DJs များက breaking နည်းစနစ်များကို ပိုမိုဆန်းသစ်တိုးတက် လာစေခဲ့သည်။ ဟစ်ဟော့အား ယဉ်ကျေးမူ့တစ်ရပ်အဖြစ် လက်ခံလာအောင် ဖွံ့ဖြိုးလာစေသောသူမှာ အာဖရိကဘန်ဘာတာ Afrika Bambaataa ဦးဆောင်သော အဖွဲ့ဖြစ်သည်။ ဘန်ဘာတာသည် ရိုးရှင်းသော ဒစ္စကို beat များပေါ်တွင် rapping လိုက်ရွတ်ရသည့်အစား drum machine အား synthesizer နည်းပညာဖြင့်ဖန်တီးထားသော beating ပေါ်တွင်ရွတ်ဆိုသော နည်းစနစ်ကို ၁၉၈၃ ခုနှစ်တွင်ဖန်တီးခဲ့သည်။ နောက်ပိုင်းတွင် ဂီတဗီဒီယို များခေတ်စားလာသောအခါ ဟစ်ဟော့ဂီတသည် ပိုမိုအောင်မြင်လာခဲ့သည်။ Planet rock အတွက်ဂီတဗီဒီယိုတွင် ဟစ်ဟော့ယဉ်ကျေးမူ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဟစ်ဟော့ဂီတ၊ graffiti နှင့် ဘရိတ်ဒန့်စ် များကိုတင်ဆက်ပြသခဲ့သည်။ ၁၉၈၃ နှင့် ၁၉၈၅ ကြားတွင်ဟစ်ဟော့ဂီတကို အသုံးပြုလာသော ရုပ်ရှင်ကားများ ထွက်လာခဲ့သည်။ ထို့နောက်တွင် ဟစ်ဟော့ဂီတသည် အမေရိကန်နိုင်ငံမှ အစပြုကာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရသော ဂီတသစ်တစ်ရပ်အဖြစ်ပေါ်ထွန်းခဲ့လေသည်။
#ဟစ်ဟော့ဂီတ၏လူမူ့ရေးဆိုင်ရာရိုက်ခတ်မှုများ
ဟစ်ဟော့ဂီတသည် ပေါ်ပေါက်လာစက လူများယခုထင်နေသကဲ့သို့ အကြမ်းဖက်မှုကို အသားပေးသော ဂီတအမျိုးအစားမဟုတ်ခဲ့ပေ။ ထိုဂီတသည် လူငယ်များလမ်းပေါ်တွင် ဂိုဏ်းအသင်းများအဖြစ် တစ်ဖွဲ့နှင့် တစ်ဖွဲ့တိုက်ခိုက်နေမည့်အစား အကယဉ်ပြိုင်ခြင်း စသော ခန္ဓာကိုယ်ကျန်းမာရေးနှင့် အနုပညာ ယှဉ်ပြိုင်ခြင်းများကို လူငယ်များပိုမိုစိတ်ဝင်စားလာစေရန် အားပေးခဲ့သည်။ Hip Hop နှင့်ဆက်နွယ် ပတ်သက်နေသော Graffiti Art ဆိုသော အနုပညာ တစ်ရပ်လည်း ရှိပါသည်။
#ဟစ်ဟော့ဂီတ၏ကမ္ဘာလုံးဆိုင်ရာရိုက်ခတ်မှုများ
ဟစ်ဟော့ဂီတသည် ဥရောပ အာရှ ထိုမှတဆင့် ကမ္ဘာ့အရှေ့ဖျား ဂျပန်နိုင်ငံထိ၊ တောင်အမေရိကမှ ဘရာဇီး အစရှိသောနိုင်ငံများအထိ လျင်မြန်စွာ ကူးစက်သွားသည်။ တစ်နေရာမှ တစ်နေရာသို့ ပြန့်နှံ့သွားရာတွင် ထိုနိုင်ငံမှ ဂီတအလိုက် အသံများနှင့် သီဆိုဟန်များလည်း ပြောင်းလဲသွားတတ်သည်။ ပုံစံအမျိုးမျိုးပြောင်းနေသော်လည်း မူရင်းပုံစံ old school အား ဒေသအလိုက်ပြန်လည်စမ်းသစ်ရာမှ ကွဲပြားသော ဟန်များပေါ်လာခြင်းလည်းဖြစ်သည်။
ဟစ်ဟော့ဂီတသည် လူငယ်များ သူတို့၏ အမြင်များကို လွတ်လပ်ပွင့်လင်းစွာ ဖေါ်ပြသည့် ဂီတအမျိုးအစားလည်းဖြစ်သည်။ အမေရိကန်နိုင်ငံမှ စတင်ခဲ့သောကြောင့် အမေရိကန်စရိုက်များ ဖုံးလွှမ်းနေသော်လည်း လက်ခံရာနိုင်ငံအသီးသီးမှ ဟစ်ဟော့ ဂီတပညာရှင်များက သူတို့နိုင်ငံ၏ ဓလေ့စရိုက်နှင့် ညီအောင် ဖန်တီးနိုင်ခဲ့ကြသည်။ ဟစ်ဟော့ဂီတကို အဓိက ကြိုက်သော သူများမှာလည်း လူငယ်များ အများဆုံးဖြစ်သောကြောင့် ထိုဂီတနှင့် ယဉ်ကျေးမှုများသည် ကမ္ဘာလုံးဆိုင်ရာလူငယ် ယဉ်ကျေးမှုတစ်ရပ်ဖြစ်လာသည်။
ခရစ်ဒစ်
https://wikipedia.org
No comments:
Post a Comment