ချင်းပြည်နယ်
ချင်းပြည်နယ် သည် မြန်မာနိုင်ငံ၏ အနောက်ဖက်အကျဆုံး ပြည်နယ်တစ်ခု ဖြစ်သည်။ ချင်းပြည်နယ်သည် အကျယ်အဝန်း ၃၆,၀၁၉-စတုရန်း-ကီလိုမီတာ (၁၃,၉၀၇-စတုရန်းမိုင်) ရှိပြီး တောင်ဖက်တွင် ရခိုင်ပြည်နယ်၊ အနောက်တောင်ဖက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ မြောက်ဖက်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် အနောက်ဖက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ ပြည်နယ်၏ မြို့တော်မှာ ဟားခါးမြို့ ဖြစ်သည်။ ချင်းပြည်နယ်သည် တောင်တန်းထူထပ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနေရာ ဖြစ်သည်။
တည်နေရာနှင့် အကျယ်အဝန်း
ချင်းပြည်နယ်သည် ၁၃,၉၀၇ စတုရန်းမိုင်ကျယ်ဝန်းသည်။ လူနေကျဲသော တောင်ပေါ်ဒေသဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင်တည်ရှိပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ အိန္ဒိယနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ မှ ၂၄ ဒီဂရီ ၁၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅မိနစ် မှ ၉၄ ဒီဂရီ အတွင်း တည်ရှိသည်။
ရာသီဥတု
တောင်ပေါ်ဒေသဖြစ်၍၊ ချမ်းမြသော ရာသီဥတုရှိသည်။ အပူဆုံးသောလမှာ ဧပြီ နှင့် မေလများဖြစ်ပြီး ပျှမ်းမျှအပူချိန်မှာ ၆၀ ဒီဂရီဖာရင်ဟိုက် မှ ၇၀ ဒီဂရီဖာရင်ဟိုက် သာရှိသည်။ အအေးဆုံးကာလများတွင် အပူချိန်မှာ ၃၉ ဒီဂရီဖာရင်ဟိုက်မှ ရေခဲမှတ်အောက်ထိ ကျဆင်းတတ်ပါသည်။
ပျှမ်းမျှ မိုးရေချိန်မှာ ၈၀ မှ ၁၀ဝ လက်မအတွင်းရှိပြီး အထူးသဖြင့်တောင်ပိုင်းဒေသများမှာ မိုးပိုများတက်ပါသည်။
အုပ်ချုပ်ရေး
မြို့တော်
ချင်းပြည်နယ်၏ မြို့တော်မှာ ဟားခါးမြို့ဖြစ်သည်။
ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ
ချင်းပြည်နယ်ရှိ ခရိုင်များ
၂၀၁၇ခုနှစ်တွင် မတူပီခရိုင်ကို တိုးမြှင့်ခဲ့ရာမှ ချင်းပြည်နယ်တွင် ခရိုင် (၄)ခု ရှိလာခဲ့သည်။
ဖလမ်းခရိုင်
ဖလမ်းမြို့နယ်
ဖလမ်းမြို့
ရိဒ်ခေါဒါရ်မြို့
ဝေဘူလမြို့
တီးတိန်မြို့နယ်
တီးတိန်မြို့
ခိုင်ကမ်းမြို့
တွန်းဇံမြို့နယ်
တွန်းဇံမြို့
ကျီခါးမြို့
ဟားခါးခရိုင်
ဟားခါးမြို့ နယ်
ဟားခါးမြို့
ဆူခွားရ်မြို့
ထန်တလန်မြို့နယ်
ထန်တလန်မြို့
နှာဟရိန်မြို့
မင်းတပ်ခရိုင်
မင်းတပ်မြို့နယ်
မင်းတပ်မြို့
မကွီအိမ်နူးမြို့
ကန်ပက်လက်မြို့နယ်
ကန်ပက်လက်မြို့
ကျင်ဒွေးမြို့
မတူပီခရိုင်
မတူပီမြို့နယ်
မတူပီမြို့
ရေဇွာမြို့
လိုင်လင်းပီမြို့
ပလက်ဝမြို့နယ်
ပလက်ဝမြို့
ဆမီးမြို့
မြို့နယ်(၉)ခု ၊ မြို့ (၁၈)မြို့ ၊ ရပ်ကွက် (၆၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆၄) အုပ်စု နှင့် ရွာပေါင်း (၁၃၄၇) ရွာ ရှိပါသည်။
စိတ်ဝင်စားဖွယ်နေရာများ
ချင်းတောင်တန်းတွင် အမြင့်ဆုံးတောင်ထွဋ်ဖြစ်သော ဝိတိုရိယ (ခေါ်) နတ်မတောင် (ခေါ်) ခေါ် နူးစုမ်တောင်ထိပ်
အသည်းပုံ ရိဒ်ရေကန် (Rih Lake)
မတူပီမြို့နယ် ဘုံတလာရေတံခွန်
ချင်းပြည်နယ် မြောက်ပိုင်း ကနေဒီဆင်စခန်း
လေသာတောင်
ကနေဒီတောင်
တနောင်းရေအိုင်
ဒေသထွက်ကုန်များ
ချင်းပြည်နယ် ထွတ်ကုန် သီးနှံများမှာ ပြောင်းဖူး၊ပဲ
ကိုးကား
Union of Myanmar။ City Population။ 2009-04-10 တွင် ပြန်စစ်ပြီး။
(မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၄၇။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။
D.P.S. MYANMAR GUIDE MAP. 2000.
Myanmar.com
မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်
No comments:
Post a Comment