ဆစ်ခ်ဘာသာ
ဆစ်ခ်ဘာသာသည် ၁၅ရာစုအတွင်း အိန္ဒိယနိုင်ငံ ပန်ဂျပ်ဘ်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော ကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခု ဖြစ်သည်။ စတင်တည်ထောင်ခဲ့သူမှာ ဂုရု နာနာ့ဗ် ဒပ်ဗ် ဖြစ်ပြီး သူမှစ၍ နောက်ထပ် ဂုရု ၁၀ ယောက်တိုင်အောင် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ဆစ်ခ်ဘာသာ ဆိုင်ရာ နောက်ဆုံးဟောပြောခဲ့သူမှာ ဂုရုဂိုဘင်ဒ် ဆင်းဂ်ဖြစ်ပြီး ဆက်လက်၍ ကိုးကွယ်ရန် ဘာသာရေးကျမ်းမြတ်ဖြစ်သော ဂုရု ဂရန့် ဆာဟစ် ဂျီ အား ဂုရုအဖြစ်တင်မြှောက်ခဲ့သည်။ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ကိုးကွယ်သူ အများဆုံး ဘာသာတရား ဖြစ်ပြီး ကိုးကွယ်သူပေါင်း သန်း ၃၀ ကျော် ရှိသည်။ အိန္ဒိယနိုင်ငံ ပန်ဂျပ်ဘ်ပြည်နယ်မှာ ကမ္ဘာပေါ်တွင် ဆစ်ခ်ဘာသာ ကိုးကွယ်သူ အများဆုံး ဒေသ ဖြစ်သည်။
ဆစ်ခ်ဘာသာဝင်တို့ အနေနှင့် သူတော်စင် စစ်သည်တော် စိတ်ဓာတ်ရှိရမည်ဟု ပြဋ္ဌာန်းထားသည်။ လူတစ်ယောက်အနေနှင့် မိမိတို့ ကိုယ်အတွင်းမှ မကောင်းမှုများကို မိမိဘာသာ ထိန်းချုပ်နိုင်ရမည်ဖြစ်ပြီး ဂုရု ဂရန့် ဆာဟစ်မှ ရှင်းလင်း ဟောကြားခဲ့သော စင်ကြယ်မှုများနှင့် ဖြည့်ဆည်းနိုင်အောင် ကြိုးစားရမည်ဟု ပြဋ္ဌာန်းထားသည်။ ဆစ်ခ်တို့အနေနှင့် မတရားသဖြင့် ဖိနှိပ်ခံရသူတို့ အား ဘာသာမရွေး၊ အသားအရောင်မရွေး၊ ဇာတ်နိမ့် ဇာတ်မြင့် မရွေး၊ ယုံကြည်သက်ဝင်မှု မရွေး မည်သူ့အား ဖြစ်စေ အကာအကွယ် ပေးနိုင်ရန် အတွက် သတ္တိရှိရမည်ဟု ပြဋ္ဌာန်းထားသည်။
ဂုရု (၁၁) ပါး
၁။ ဂုရု နာနာ့ဗ် ဒပ်ဗ် (Guru Nanak Dev )
၂။ ဂုရု အမ်မား ဒေ့စ် (Guru Amar Das )
၃။ ဂုရု အန်ဂဒ် ဒပ်ဗ်(Guru Angad Dev )
၄။ ဂုရု ရံမ် ဒေ့စ် (Guru Ram Das )
၅။ ဂုရု အာဂျန် ဒပ်ဗ် ( Guru Arjan Dev )
၆။ ဂုရု ဟား ဂိုဘင်ဒ် (Guru Har Gobind )
၇။ ဂုရု ဟား ရား (Guru Har Rai)
၈။ ဂုရု ဟား ခရီရှန်း (Guru Har Krishan)
၉။ ဂုရု ဒန်းဂ် ဗဟာဒူး (Guru Tegh Bahadur)
၁၀။ ဂုရု ဂိုဘင်ဒ် ဆင်းဂ်(Guru Gobind Singh )
၁၁။ ဂုရု ဂရန့် ဆာဟစ် (Guru Granth Sahib)
ဆစ်ခ်ဘာသာမှ ပညတ်ချက်များ
၁။ ဆံပင်ဖြတ်ခြင်းမှ ရှောင်ကြဉ်ရာ၏ : ဘုရားသခင်၏ တုနှိုင်းမဲ့ဖန်တီးမှုကို လေးစားသောအားဖြင့် မိမိတို့ ဆံပင်ကို ဖြတ်ညှပ်ခြင်းမပြုပဲ သဘာဝအတိုင်းသန့်ရှင်းစွာ မွေးမြူရာ၏။
၂။ မူးယစ်သေစာသုံးစွဲခြင်းမှ ရှောင်ကြဉ်ရာ၏: အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေး၊ ဆေးရွက်ကြီးနှင့် ဆစ်ခ်ဘာသာတရား၏ "ဆစ်ခ် ရာဟစ် မာယာဒါ" အရ တားမြစ်ထားသော အခြားသောမူးယစ်စေတတ်သောအရာမှန်သမျှကို ရှောင်ကြဉ်ရာ၏။
၃။ အသားစားခြင်းမှ ရှောင်ကြဉ်ရာ၏ : ရှင်ပြုပြီးသည်ဖြစ်စေ၊ မပြုရသေးသည်ဖြစ်စေ၊ ဆစ်ခ်လူမျိုးတိုင်းသည် အသားစားခြင်းမှ (အထူးသဖြင့် ဟလာ နည်းဖြင့် လည်လှီးသတ်ဖြတ်ထားသော အသားများ)ကို ရှောင်ကြဉ်ရာ၏။
မှတ်စု
ဆစ်(ခ်)ဘာသာသည် ၁၄၆၉ ခုနှစ်၊ ဂူရူနာနက်ဒေဝ်ကြီး မွေးဖွားချိန်တွင် စတင်ပေါ်ထွန်း ခဲ့သည်။ ရက်စွဲ အတိ အကျ အားဖြင့် ဧပြီလ၁၅ ရက်နေ့ ၁၄၆၉ ခုနှစ်မှာပေါ်ပေါက်ခဲ့သည်။ ဆစ်(ခ်)ဘာသာ သည်အဓိကအားဖြင့် ဖန်ဆင်းရှင်(ထာဝရဘုရားသခင်) ကိုယုံကြည်လက်ခံကိုးကွယ်ကြသည်။ ဆစ်(ခ်)ဘာသာတွင် မိန်းကလေးတိုင်း ဆံပင်အရှည် ထားပြီး ယောက်ျားလေးတိုင်း ဆံပင်အရှည်/မုတ်ဆိတ်အရှည် ထားကြသည်။ ရည်ရွယ်ချက်နှစ်ခု ဖြင့်ထားကြခြင်းဖြစ်သည်။ ပထမ ရည်ရွယ်ချက်မှာသဘာဝတရားကြီးက လူ (မိန်းမ) နှင့် လူ(ယောက်ျား)ကိုခွဲခြား သိနိုင်ရန် ပေးထားသည့်အရာများကို လက်ခံခြင်းဖြစ်သည်။ ဒုတိယ ရည်ရွယ်ချက်မှာကောင်းတာလုပ်လျှင် လည်း ပေါ်လွင်စေရန် မကောင်းတာလုပ်လျှင်လည်းပေါ်လွင်စေရန် ဖြစ်သည်။ အဓိက ကိုးကွယ်ယုံကြည်မူကတော့ ဂူရူဂရန်းဆက်(ဘ်) လို့ခေါ်တဲ့ ကျမ်းစာအုပ်ကို ဘုရားသခင် အရပ်အရာထား၍ ယုံကြည်ကိုးကွယ်ကြသည်။ ၁၇၀၈ ခုနှစ် ဒသမမြောက်ဂူရူ ဂူရူဂိုဘင်း(သ်)ဆင်းကြီးမကွယ်လွန်ခင် (၃) ရက်အလိုတွင် ထိုကျမ်းစာအုပ်ကြီးကို ဘုရားသခင် အရပ်အရာ ပေးအပ်ခဲ့သည်။ ထိုကျမ်းစာအုပ်တွင် စာမျက်နှာပေါင်း (၁၄၃၀) ပါဝင်ပြီး စာလုံးရေပေါင်း ၁၀၂၄၀၀ ပါဝင်သည်။ ထိုကျမ်းစာအုပ်ကို မနက်နေမထွက်ခင်တွင်ဖွင့်ပြီး ညနေ နေမဝင်ခင်တွင် သိမ်းလေ့ရှိသည်။ ထိုကျမ်းစာအုပ်တွင် လောကနေနည်းတရားတော် များပါဝင်သည်။ ဆစ်(ခ်)ဘာသာဝင်များသည် ဆံပင်၊ ဘီး၊ သံလက်ကောက်၊ ဘောင်းဘီပွ နှင့် ဓားလွယ် စသည့်အဆောင် (၅) ခုကို ဆောင်ရလေ့သည်။
No comments:
Post a Comment