တာရာမင်းဝေ အတ္ထုပ္ပတ္တိအကျဉ်း နှင့် စာအုပ်များ
တာရာမင်းဝေ သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦးဖြစ်သည်။ အမည်ရင်းမှာ ချစ်ညီညီ ဖြစ်ပြီး၊ ၁၉၆၆ စက်တင်ဘာ (၁၃) ရက်နေ့တွင် ရန်ကုန် တောင်ဥက္ကလာ၌ သတင်းထောက် ဦးကျော်ရှိန်နှင့် ဒေါ်လှကြည် တို့မှ မွေးဖွား ခဲ့သည်။ မွေးချင်း ၃ ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။
ငယ်ဘဝ
သူငယ်တန်း မှ စတုတ္ထတန်း အထိ အ.မ.က(၁ဝ)တောင်ဥက္ကလာ တွင်၎င်း၊ ပဉ္စမတန်းမှ ဒဿမတန်း အထိ အ.ထ.က(၂)ရန်ကင်း တွင်၎င်း ပညာသင်ကြားခဲ့ပြီး၊ ၁၉၈၆-ခုနှစ်မှာ အခြေခံ အထက်တန်းကို မြန်မာစာ ဂုဏ်ထူးဖြင့် အောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် (လှိုင်)ကို အင်္ဂလိပ်စာ အဓိကနှင့် တက်ရောက် သင်ကြားခဲ့ပြီး အရေးအခင်းနှင့်အတူ ကျောင်းမပြီးခဲ့ပေ။ မြောက်ဒဂုံ (၄၅) ရပ်ကွက်၊ ပီမိုးနင်း(၁) လမ်းမှာ နေထိုင်သူ ဖြစ်သည်။
ရွှေဘုန်းလူ ဆိုသည့် နာမည်နှင့် ဗကသ အဖွဲ့ချုပ်က ထုတ်ဝေသော စာစောင်များတွင် ကဗျာများ စတင် ရေးသား ခဲ့ပါသည်။ ရှစ်လေးလုံး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သလို၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှာလည်း တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည်။ ၁၉၈၉-ခုနှစ်၊ ဗကသ ပြန်ဖွဲ့ချိန်တွင် ဗကသ ခေါင်းဆောင် တစ်ယောက် အဖြစ် တာဝန် ယူခဲ့ပြီး၊ ဗကသ ဥက္ကဋ္ဌ ကိုမင်းကိုနိုင်နှင့် ဒုဥက္ကဋ္ဌတွေ ဖြစ်သည့် ကိုကိုကြီးနှင့် ကိုအောင်ဒင်တို့ အဖမ်း ခံရချိန်တွင် ဗကသ ခေါင်းဆောင်မှုကို တာဝန်အပြည့်ယူကာ ဒေါင်းအလံကို ဆက်ကိုင်ခဲ့သည်။ ၁၉၉ဝ-ခုနှစ်မှာ အဖမ်း ခံရပြီး၊ ၁၉၉၄-ခုနှစ် အထိ စစ်အစိုးရ၏ ဖမ်းဆီး ချုပ်နှောင်မှုကို ခံခဲ့ရသည်။ အင်းစိန်၊ သာယာဝတီနှင့် သရက် ထောင်များတွင် ချုပ်နှောင်ခံခဲ့ရပြီး၊ ထောင်က လွတ်လာ ပြီးသောအခါ စာပေလောက ထဲကို ခြေစုံပစ် ဝင်ရောက် ခဲ့ပါသည်။ ထင်ရှားသော ကဗျာများမှာ အကျဉ်းထောင်များ အတွင်း၌ ရေးစပ်ခဲ့သော ကျောင်းဖွင့်ချိန် ၊ ဥဒါန်း နှင့် ကျောင်းသား အတ္ထုပ္ပတ္တိ တို့ ဖြစ်သည်။
၁၉၉၄ ခု မေလထုတ် ရင်ခွင်သစ် မဂ္ဂဇင်းတွင် လေစီးကြောင်းထဲမှ လူများ ဝတ္ထုတိုမှ တာရာမင်းဝေ ဆိုသော ကလောင် အမည်ကို စတင် အသုံးပြု ခဲ့ပါသည်။ ၁၉၉၅-ခုနှစ်တွင် တာရာမင်းဝေ ကလောင် အမည်နှင့် ပန်းခေတ်က လမင်း ဆိုသော သူ့၏ ပထမဆုံး လုံးချင်း ဝတ္ထု ထွက်ရှိပြီးချိန်မှာ လူငယ် စာဖတ် ပရိသတ် တွေ၏ အားပေးမှုကို ရရှိ ခဲ့ပါသည်။ ၁၉၉၆ - ၉၇ ထုတ် သရဖူ မဂ္ဂဇင်း များတွင် မောင်ယော ကလောင် အမည်နှင့်၎င်း ၊ စုဖွဲ့ ကလောင် စန်တီယာဂို ကလောင် အမည်နှင့် ၎င်း စာပေ ဝေဖန်ရေးများ၊ စာပေ သဘောတရား၊ သီဝရီများ ရေးသားခဲ့သည်။ မောင်ဓား အမည်နှင့် ဘောလုံးဆောင်းပါးများ ရေးခဲ့ဖူးပြီး၊ အံ့ဘွယ် ဆိုသော ကလောင်အမည်နှင့်လည်း အိုင်ဒီယာမဂ္ဂဇင်း က ထူးခြားသော အမေးအဖြေများကို ရေးခဲ့ပါသည်။ မီးခိုးဖြူ ၊ ညီလေးမွန် စသော ကလောင် အမည်များနှင့်လည်း ရေးသားခဲ့သည်။ စုစုပေါင်း လုံးချင်း ဝတ္ထု (၄၂) အုပ် ရေးသားခဲ့ပြီး၊ ဝတ္ထုတိုများ၊ ကဗျာများလည်း ရေးသား ခဲ့ပါသည်။ ၁၉၉၅-ခုနှစ်၊ စာပေဂျာနယ် မဂ္ဂဇင်းပါ အားလူး စားသူများ ဝတ္ထုတိုနှင့် ဖြူးမိတ်ဆွေများ စာပေဆုကို ရရှိခဲ့သည်။ အာလူး စားသူများ ဝတ္ထုတိုနှင့် တာရာမင်းဝေ အား လူသိများခဲ့ပါသည်။
စာပေ အပြင် ပန်းချီ ဆွဲခြင်း၊ ရုပ်ရှင် ဗီဒီယို ဇာတ်ညွှန်းများနှင့် သီချင်းများကိုလည်း ရေးသားခဲ့သည်။
တာရာမင်းဝေ အမည်နှင့် ရေးခဲ့သော ပထမဆုံး ဗီဒီယို ဇာတ်ညွှန်းမှာ ရွှေရောင် ဖိနပ်မှာ အစိမ်းရောက် ကြက်ခြေခတ်နဲ့ ကောင်မလေး ဖြစ်သည်။ အဲဒီ မတိုင်ခင်ကလည်း ကိုသူရ(ဇာဂနာ)တို့နဲ့ အတူ ဇာတ်ညွှန်းများကို ရေးသားခဲ့ပါသေးသည်။ တာရာမင်းဝေ၏ ဝတ္ထု အချို့ကို ဗီဒီယို ရုပ်ရှင် ရိုက်ကူး ခဲ့ရာမှာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူး၍ ဒွေး၊ နန္ဒာလှိုင်တို့ သရုပ်ဆောင်ထားသော ကောင်းကင်အကြွေ ကောက်တဲ့လက်၊ ဒါရိုက်တာ လွင်မင်း ရိုက်ကူး၍ နေတိုး၊ အိန္ဒြာကျော်ဇင်တို့ သရုပ် ဆောင်ထားသော တစ်ကိုယ်တော်ရေးတဲ့ ကကြီး ခခွေးတို့သည် ထင်ရှားခဲ့သည်။ ဒါရိုက်တာ မောင်သူရ (ဇာဂနာ) ရိုက်ကူးခဲ့သော မြင်းစီးထွက်သော အိပ်မက်များ ရုပ်ရှင် မှာ ပြည်တွင်းတွင် ပြသခွင့်မရခဲ့ပေ။
၁၄ - ၂ - ၉၈ မှာ မခင်မေဝင်း (စာရေးဆရာမ မနော်ဟရီ)နှင့် လက်ထပ်ခဲ့သည်။
ဘဝနိဂုံး
လူနံပါတ် (၁၃) ဝတ္ထုတို စုစည်းမှုနှင့် နက္ခတ် ရစ်သမ် ကဗျာ စာအုပ် တစ်အုပ် ရေးသား ထုတ်ဝေရန် စီစဉ်နေဆဲ၊ ၂ဝဝ၇ ခု၊ ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄ဝ တွင် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ ကွန်လွယ်ချိန်တွင် ဇနီး ဖြစ်သူ စာရေးဆရာမ မနော်ဟရီနှင့် သားဖြစ်သူ ခေတ်နေ(ခ) ကြယ်စင်မင်းဝေတို့ ကျန်ရစ်ခဲ့ပါသည်။တာရာမင်းဝေ ကွယ်လွန်ပြီးမှ လူနံပါတ် (၁၃) စာအုပ်အား နောက်ဆုံးထုတ်ဝေခဲ့သည်။
တာရာမင်းဝေ စာအုပ်များ
📚📚 ၁။ကပ်သီးကပ်သတ် အင်္ဂလိပ်စကားလုံးများ
📚📚 ၂။ကျွန်တော်တူးဖော်ခဲ့သည့်မြေစိုင်မြေခဲများအကြောင်း
📚📚 ၃။ကျွန်တော်နဲ့အရုပ်မြို့တော်
📚📚 ၄။ကျွန်တော်နှင့်ကံကြမ္မာလက်နှက်များ
📚📚 ၅။ကျွန်တော်နှင့်နတ်ဘုရားရုပ်တု
📚📚 ၆။ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ
📚📚 ၇။ကျွန်တော်နှင့်ဧဒင်ကချေသည်
📚📚 ၈။ကျွန်တော်နှင့်ဆောင်းရာသီဒဿန
📚📚 ၉။ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု
📚📚 ၁၀။ကိုးမရှိတဲ့နဝင်း
📚📚 ၁၁။ကိုယ့်လက်နဲ့ဖမ်းမိတဲ့နဂါးငွေ့တန်း
📚📚 ၁၂။ကိုယ်ရေးကိုယ်တာပုရပိုက်
📚📚 ၁၃။ငါ့ရင်ခွင်ကြားက နှင်းဆီဓါးသွားတစ်လက်
📚📚 ၁၄။ငါသည်သာပန်းဖြစ်၍ နောက်တစ်ကြိမ်ပြန်ပွင့်ခွင့်ရခဲ့သည်ရှိသော်
📚📚 ၁၅။စကားခုနှစ်ကြိမ်ကြာခဲ့ပြီးနောက်
📚📚 ၁၆။စုန်းကိုက်ခံရတဲ့သစ်သီး
📚📚 ၁၇။တစ်ကိုယ်တော်ရေးတဲ့ ကကြီးခခွေး
📚📚 ၁၈။နတ်ပျိုမအတွက်ပန်း
📚📚 ၁၉။ပင်လယ်အတုထဲကကျွန်း
📚📚 ၂၀။ပန်းလက်ဖဝါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေး
📚📚 ၂၁။ပန်းခေတ်ကလမင်း
📚📚 ၂၂။ဘယ်ဘက်လက်ထဲမှာ ဝှက်ထားတဲ့ပုံပြင်
📚📚 ၂၃။ဘုံခုနစ်ဆင့်မှာ လွင့်တဲ့တိမ်တိုက်
📚📚 ၂၄။မနက်ဖြန်ခါမှာ ထားခဲ့တဲ့မျက်နှာ
📚📚 ၂၅။မိုးရာသီပတ်ပျိုး ( + ဝေမှူးသွင် )
📚📚 ၂၆။မိုးခေါင်လို့တီးတဲ့ဗုံသံ
📚📚 ၂၇။မျဉ်းဖြောင့်၏ဧရိယာ
📚📚 ၂၈။ယန္တရားအရေခွံနဲ့လူ
📚📚 ၂၉။ပြိုင်မြင်းတို့ရဲ့ ခွာသံ
📚📚 ၃၀။ရှူး
📚📚 ၃၁။လူငယ်တစ်ယောက်ရဲ့ကျောက်ထွင်းရာဇဝင်
📚📚 ၃၂။လူနံပါတ် ၁၃
📚📚 ၃၃။လရောင်ကိုပန်၍ညဉ့်ယံလည်းမွှေးမြမြဖြူစင်နိုင်စေ
📚📚 ၃၄။ဝင်္ကပါကိုဖွင့်တဲ့သော့
📚📚 ၃၅။သင်နှင့်နံနက်ခင်းကိုသာဝင်ခွင့်ပြုမည်
📚📚 ၃၆။သူ့အိုးပုတ်လေးကျွန်တော်ပြန်မပေးပါ
📚📚 ၃၇။သူသည် ကဗျာဆရာတစ်ယောက်ဖြစ်သည်
📚📚 ၃၈။အလံမထူခဲ့သောလက်များ
📚📚 ၃၉။အနေအထိုင်မတတ်တဲ့ကြယ်
( ဖုန်းဖောင့်နဲ့မတူလို့ကွန်ပျူတာမှာသာဖတ်လို့ရပါတယ်ခဗျာ )
📚📚 ၄၀။အရှေ့မြို့ရိုးမှ မိုးရေစက်များ
📚📚 ၄၁။ကောင်းကင်အကြွေကောက်တဲ့လက်
📚📚 ၄၂။ကျောခိုင်းထားတဲ့နေမင်း
📚📚 ၄၃။ခေတ်နေအတွက် စာတစ်ရွက်
📚📚 ၄၄။စောင်းကြိုးပြတ်ရွာမွန်းတည့်အလွန် (၄)နာရီ
📚📚 ၄၅။တေးသွားနံပါတ် ၁၀၀၁
📚📚 ၄၆။နေရဲ့အင်္ကျီ
📚📚 ၄၇။မှော်ဆရာရဲ့ ကျောင်းစာအုပ်
📚📚 ၄၈။ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နှင့်ကောင်မလေး
📚📚 ၄၉။ရွှေအတောင်ပံမှာဒဏ်ရာတွေပြန်ကောင်းလာတဲ့တစ်နေ့
📚📚 ၅၀။သိုးဆောင်းဂစ်တာတစ်လက်ရဲ့ မှတ်တမ်း
📚📚 ၅၁။မြင်းစီးထွက်သောအိမ်မက်များ
📚📚 ၅၂။ကျွန်တော်နှင့်အဝါရောင်ဗီးနပ်စ်
📚📚 ၅၃။ကျွန်တော်နှင့်နွေယာဉ်စွန်းတန်း
📚📚 ၅၄။ဓါးမှတ်စု
📚📚 ၅၅။နက္ခတ်ရမ်သမ်
📚📚 ၅၆။ဝတ်မှုန်တစ်စက်ရဲ့အတ္ထုပ္ပတ္တိ
📚📚 ၅၇။ကြယ်သီချင်းနဲ့လမင်းသံစဉ် (၁)
📚📚 ၅၈။ကျွန်တော်နှင့်ဂါလီဗားအိပ်မက်
📚📚 ၅၉။ တာရာမင်းဝေ၊ မနော်ဟရီ၊ ရဲရင့်ရင်ညို
📚📚 ၆၀။ တာရာမင်းဝေအမှတ်တရစာစုများ
📚📚 📚📚 📚📚 📚📚 📚📚 📚📚 📚📚
No comments:
Post a Comment