📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Thursday, August 20, 2020

William Shakespeare ရှိတ်စပီးယား (1550-1604)

William Shakespeare 

ဝီလီယံ ရှိတ်စပီးယား (1550-1604)


Born ၁၅၅၀

ဗြိတိန်နိုင်ငံ Died ၁၆၀၄


Known for ပြဇာတ်ရေးဆရာ၊ စာရေးဆရာ၊ ကဗျာလင်္ကာဆရာ


ဝီလီယံ ရှိတ်စပီးယား(William Shakespeare)(၁၅၅၀-၁၆၀၄)သည် ကမ္ဘာ့စာပေလောက ကိုလှုပ်ခတ်နိုးနိုင်ခဲ့သည့် နာမည်ကျော် ပြဇာတ်ရေးဆရာ၊ စာရေးဆရာ၊ကဗျာလင်္ကာဆရာ ဖြစ်သည်။ကလောင်နာမည်တစ်ခုသာဖြစ်သည့်အတွက် ရှိတ်စပီးယားကို မည်သူမှမသိကြပေ။ သို့ဖြင့် မည်သူဖြစ်မည် ဟုအငြင်းပွားလာသည်မှာ ၂၀ရာစုလယ် အထိဖြစ်သည်။ နောက်ဆုံး အနီးစပ်ဆုံး မှန်းဆ၍ရသူမှာ ၁၇ဆက်မြှောက် အောက်စဖို့မြို့စား အက်ဒ်ဝပ် ဒီ ဗေရာ(Edward de Vere)ဖြစ်သည်ဟု ဆိုကြပါသည်။


အက်ဒ်ဝပ် သည် မင်းညီမင်းသားတို့ ထုံးစံအတိုင်း မြင်းစီး၊အမဲလိုက်၊စစ်ရေး အစရှိသည့်ပညာရပ်များသင်ကြားတတ်မြှောက် သကဲ့သို့ ဂီတ၊အက၊စာပေ ဖက်တွင်လည်း အထူးဝါသနာကြီးသည်။လက်တင် နှင့် ပြင်သစ်စာပေများကို ဆရာခေါ်ပြီး အိမ်တွင် သင်ကြားခဲ့သည်။ကိန်းဘရစ်ချ်တက္ကသိုလ် မှ ဝိဇ္ဇာဘွဲ့ ၊အောက်စဖို့တက္ကသိုလ် မှ မဟာဝိဇ္ဇာဘွဲ့များ ရပြီးနောက် လန်ဒန်ရှိ ဂရေးအင်းတွင် ဥပဒေပညာကို တစ်နှစ်ဆည်းပူးခဲ့သေးသည်။


အသက်၁၂တွင် ဖခင်သေသဖြင့် မိခင်နောက်အိမ်ထောင်ပြုသည်။သို့သော် မိခင်၊ပထွေးတို့နှင့် ကြာကြာမနေနိုင်သဖြင့် နန်းတွင်းသို့မင်းမှုထမ်းအနေဖြင့် အခစားဝင်နေခဲ့သည်။နန်းတွင်းတွင် အကြီးတော်တစ်ဦးပေးပြီး နေထိုင်စေသည်။ ထိုအကြီးတော်မှာ နောင်တွင် ဘဏ္ဏာရေးဝန်ကြီး ဝီလီယမ်စီလ်စီ ဖြစ်သည်။ဘုရင်မ အဲလိဇဘတ်၏ အကြံပေးကောင်စီဝင်အဖြစ် နှစ်များစွာထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။မျိုးရီုးဂုဏ်ကြောင့် အက်ဒ်ဝပ် အား စီလ်စီ မိသားစုအဖြစ်ကဲ့သို့ နေထိုင်စေသည်။ (စီလ်စီအိမ်မှ ကျွန်တစ်ဦးကို သတ်ဖြတ်ဖူးသော်လည်း စီလ်စီ၏ သြဇာကြောင့် အပြစ်ဒဏ်မကျပဲ လွတ်ခဲ့သည်ဟုဆိုကြသေးသည်။သို့သော် မသေချာပေ။)


နှစ်အနည်းငယ်အတွင်း နန်းတွင်း အမှုထမ်းအဖြစ် ဘုရင်မ အဲလိဇဘတ် ထံတွင်အခစားဝင်သည်။ ထိုမှစကာ နိုင်ငံရေးအရ ထိပ်သီးပုဂ္ဂိုလ်များနှင့် ဆက်ဆံရင်းနှီးလာခဲ့ပြီး ဘုရင်မ၏အရေးပေးခြင်းကိုလည်းခံခဲ့ရသည်။အသက် ၂၁တွင် အကြီးတော်၏ သမီး အန်းစီလ်စီ နှင့်အိမ်ထောင်ပြုခဲ့သည်။အသက် ၂၄နှစ်တွင် ပြင်သစ်၊ဂျာမနီ၊အီတလီ အစရှိသဖြင့် ဥရောပတခွင် လှည့်လှယ် ခရီးထွက်ခဲ့သည်။ထိုနောက် ပြင်သစ်မှ အင်္ဂလန်သို့အပြန် ရေလက်ကြားတွင် ပင်လယ်ဓါးပြများ ဖမ်းဆီးသည်ခံရပြီးနောက် ဘုရင်မနှင့် ရင်းနှီးသူ ဆွေကြီးမျိုးကြီးဖြစ်သဖြင့် ပြန်လွတ်မြှောက်လာသည်။


အင်္ဂလန်ပြန်ရောက်ပြီးနောက် ဇနီးမှာ ကလေးတစ်ယောက်နှင့် စောင့်နေသည်ကို သိပြီး ကလေး၏ဖခင်အရင်းမှာ မိမိမဟုတ်၊ဇနီးက ဖောက်ပြန်ပြီးမွေးထားသည့် ကလေးဖြစ်သည်ဟုဆိုကာ လင်မယားကွဲသည်။နောင် ၅နှစ်မှစွပ်စွဲချက်များကို ပြန်ရုတ်သိမ်းပြီး အန်းနှင့် ပြန်ပေါင်းသည်။


အိမ်ထောင်ကွဲအဖြစ်နေထိုင်နေစဉ်အတွင်း နန်းတွင်းအပျိုတော်တစ်ဦးနှင့် ငြိစွန်းပြီး ကိုယ်ဝန်ရကြောင်း ဘုရင်မကသိသဖြင့် ရာဇမာန်ရှကာ ၂လနီးပါး ထောင်ချထားခဲ့သေးသည်။ထိုနန်းတွင်းသူမိန်းမပျိုဖက်မှ မခံမရပ်နိုင်သူများ၏တိုက်ခိုက်မှုကို ခံရပြီးနောက် နှစ်ဖက်အသိုင်းအဝန်းများ အပြန်အလှန် တိုက်ခိုက်ကြသောကြောင့် ဘုရင်မက သတိပေးတားမြစ်ရပြန်သည်။


အန်းနှင့် ပြန်လည်ပေါင်းသင်းပြီးနောက် ကလေး၅ယောက်ထပ်မံ ထွန်းကားသည်။သို့သော် အန်း အသက် ၃၂ နှစ်အရောက်တွင် ရုတ်တရက်ကွယ်လွန်သဖြင့် အက်ဒ်ဝပ် နောက်အိမ်ထောင်ပြုသည်။


စီးပွားရေးအနေဖြင့် အက်ဒ်ဝပ်သည် အသုံးအဖြုန်းကြီးသူဖြစ်သဖြင့် များစွာကြွယ်ဝခြင်းမရှိဟုဆိုသည်။သို့သော် နောက်ပိုင်းတွင် ဘုရင်မ အဲလိဇဘတ်က ထူးထူးခြားခြားပင် ရာသက်ပန်လစာဟုဆိုကာ ၁၅၈၆ မှစပြီး တစ်နှစ်ကို ပေါင် ၁၀၀၀ (ယခုခေတ် ပေါင် ၁၀၀၀၀၀နှင့် ညီသည်။)ပေးသည်။၁၆၀၃တွင် ဘုရင်မနောက် နန်းတက်သည့် ဂျိမ်း(၁)ကလည်းဆက်လက် ပေးသည်။ထူးခြားမှုမှာ ထိုကဲ့သို့များပြားလှသည့် လစာအတွက် မည်သည့်တာဝန်မျှမပေးထားခြင်းဖြစ်သည်။(ထို့ကြောင့် အက်ဒ်ဝပ်မှာ ရှိတ်စပီးယားဖြစ်သည်ဟုဆိုကြခြင်းဖြစ်သည်။ဘုရင်မကြီးအား စာပေ၊ပြဇာတ်များရေးသား၍ စိတ်ကျေနပ်ဖွယ် စွမ်းဆောင်နိုင်သည့်အတွက် ပေးခြင်းဖြစ်သည်ဟု နောက်လူတို့က ယူဆကြသည်။ထို့ပြင် ဤမျှတော်သည့် စာရေးဆရာ ငါ့ထံတွင်ခစားနေသည် ဟုကြွားဝါလိုသည်ကြောင့်လည်း ဖြစ်နိုင်သည်။)


ထိုအချိန်မှ စပြီး ၁၈နှစ်အတွင်း အက်ဒ်ဝပ် နာမည်ဖြင့် စာမရေးတော့ပဲ နောင်သူကွယ်လွန်ပြီးမှ မည်သူမှန်းမသိသည့် ရှိတ်စပီးယား အမည်ဖြင့် စာပေများ၊ကဗျာလင်္ကာများ ထွက်ပေါ်လာခဲ့သည်။သက်ရှိထင်ရှား ရှိတ်စပီးယားအမည်ဖြင့် မည်သည့် စာပေမျှမထွက်ခဲ့ပေ။အကြောင်းမှာ ထိုခေတ်မင်းညီမင်းသာ တစ်ဦးအနေဖြင့် မျိုးရိုးဂုဏ်ကိုစောင့်ထိန်းရမည့် တာဝန်ရှိသောကြောင့် ဇာတ်သဘင်သည် ဘဝဖြင့် နေထိုင်ရန်မသင့်၍ ဖြစ်သည်။


ရှိတ်စပီးယားအဖြစ်နှင့်လူမသိသည့် အက်ဒ်ဝပ်သည် ပလိပ်ရောဂါဆိုးကြီးကြောင့် ၁၆၀၄တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီး နောက် စထရပ်ဖို့ရွာအနီးရှိ ဟက်နီရှိ အိမ်ကြီးအနီးတွင် မြုပ်နှံခဲ့သည်။


သို့ဆိုလျှင် အက်ဒ်ဝပ်အနေဖြင့် ရှိတ်စပီးယားဖြစ်ကြောင်း အဘယ်ကြောင့် ဖုံးကွယ်ပြီးနေခဲ့သနည်းဟု စဉ်းစားရန် အကြောင်းများရှိနေပြီဖြစ်သည်။သမိုင်းပညာရှင်များ ပြဆိုသည့်အကြောင်းပြချက်များမှာ


အထက်တွင် ဆိုခဲ့ပြီးဖြစ်သကဲ့သို့ ဂုဏ်သိက္ခာအရ မင်းညီမင်းသား၊မြို့စား တစ်ဦးအနေဖြင့် ငွေကြေးအတွက် ပြသသည့် ဇာတ်သဘင်လောကအတွင်း နေထိုင်ရန် မသင့်ပေ။

နောက်တစ်ချက်မှာ နန်းတွင်းကိစ္စများ၊အကောက်ကြံပုံများကို ဖွင့်ချထားသဖြင့် လူမသိရန် နေရသည်။ထိုခေတ်များက ဂုဏ်သရေရှိလူကြီးတစ်ဦးအနေဖြင့် မိမိအကြောင်းကို မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ အများသိအောင် ဖွင့်ချခံရ၍ မကျေနပ်လျှင် ဓါးချင်းယှဉ်ခုတ်ရန် စိန်ခေါ်နိုင်သည်။တရားရုံးတွင်တရားစွဲလျှင်လည်း ရင်ဆိုင်ရမည်။

ဝီလီယံရှိတ်စပီးယားသည် ဆောနတ်သီချင်းများတွင် မိန်းမတစ်ဦးအားရည်ညွှန်းသည်မှာ သိသာလှသည်။မည်သူရေးမှန်း မသိကြလျှင် အိမ်မှ ဇနီးနှင့် အချင်းမများတော့၊ထို့ကြောင့်လည်း ဖြစ်နိုင်သည်။

ထို့ပြင်ထို သီချင်းများတွင်ပင် ယောကျာၤးတစ်ဦးအား ရည်ညွှန်းထားသည်များတွေ့ရပြန်သည်။ထိုခေတ် အမြင်အားဖြင့် ယောကျာၤးချင်း ဖွဲ့နွဲ့သည်မှာ အများလက်မခံနိုင်သည့် ကိစ္စဖြစ်နေပြန်သည်။


အထက်ပါအကြောင်းများမှာ ဖြစ်နိုင်ချေလည်းအတန်အသင့်ရှိသဖြင့် အက်ဒ်ဝပ် ဒီ ဗေရာ အား ဝီလီယံရှိတ်စပီးယား အဖြစ် အသိအမှတ်ပြုကြရခြင်းဖြစ်သည်။


[ပြင်ဆင်ရန်] ရည်ညွှန်းကိုးကား


ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း


No comments: