နတ်နွယ် အတ္ထုပ္ပတ္တိအကျဉ်း နှင့် သူ၏စာအုပ်များ
စာရေးဆရာနတ်နွယ် သည် အမျိုးသား စာပေဆုရ မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦး ဖြစ်သည်။ စာရေးဆရာ နတ်နွယ်ကို ဦးဘဝမ်း၊ ဒေါ်စောလုံတို့က ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးလှမြင့်ဖြစ်သည်။ မြစ်ကြီးနားမြို့ စောင်းဖန်းအထက်တန်းကျောင်း၊ မန္တလေးမြို့ ဗုဒ္ဓဘာသာသာသနာ့နုဂ္ဂဟ အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့သည်။
စာပေနယ်သို့ ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းကဏ္ဍပါ"ကျောင်းသူမ" ကဗျာဖြင့် စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဆောင်းပါး၊ ဝတ္ထု၊ ဝေဖန်စာနှင့်ဘာသာပြန်များ ဆက်တိုက်ရေးသားခဲ့ရာ ပင်ကိုယ်ရေးလုံးချင်းဝတ္ထု ၁၀ဝ ကျော်နှင့် ဘာသာပြန် လုံးချင်းဝတ္ထုပေါင်း ၂၀ ကျော် ဘာသာပြန်ဆို ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလထုတ် "မိုးထဲလေထဲ"မှစ၍ ရေးသားခဲ့သောလုံးချင်းဝတ္ထုများအနက် အပြာ(၁၉၅၆၊ ဖေဖော်ဝါရီ)၊ အဝါ (၁၉၆၀၊ စက်တင်ဘာ)၊ တစ်ကွေ့တော့တွေ့ကြဦးမည် (၁၉၆၃၊ အောက်တိုဘာ)၊ တံခွန်တိုင်မောင်နှမများ (၁၉၇၂၊ စက်တင်ဘာ)နှင့် မြန်မာပြည်မြောက်ပိုင်း (ပထမတွဲ) (၁၉၆၆၊ ဩဂုတ်)(ဒုတိယတွဲ) (၁၉၆၇၊ ဒီဇင်ဘာလ) တို့မှာ ဆရာနတ်နွယ်၏ ထင်ရှားသော ပင်ကိုရေးဝတ္ထုများ ဖြစ်သည်။ ရောမက မိန်းမပျက် (၁၉၉၄၊ နိုဝင်ဘာလ)နှင့်စိန်ခေါ်ပွဲ (၁၉၈၇၊ နိုဝင်ဘာလ) တို့မှာ ထင်ရှားသည့် ဘာသာပြန်လက်ရာများ ဖြစ်သည်။
ရုရှားစာရေးဆရာ ဖျိုဒါဒေါ့စတာ ယက်စကီ(Fyodor Dostoevsky)၏ အကျော်ကြားဆုံးနှင်နောက်ဆုံးလက်ရာဖြစ်သောThe Brothers Karamazovကို "ကာရာမာဇော့ညီအစ်ကိုများ" အမည်ဖြင့်ဘာသာပြန်ဆိုခဲ့ရာ ၂၀ဝ၂ ခုနှစ်အတွက် အမျိုးသားစာပေဆု၊ ဘာသာပြန် (ရသ)ဆုကို ရရှိခဲ့သည်။ နတ်နွယ်သည် စာပေရေးသားခြင်းအပြင် စုံထောက်မဂ္ဂဇင်း၌ အယ်ဒီတာ၊ အယ်ဒီတာချုပ်အဖြစ် လည်းကောင်း၊ လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာ၊ အမျိုးသားသတင်းစာတွင် ဘာသာပြန်အယ်ဒီတာ၊ မိုးဝေနှင့် နွယ်နီမဂ္ဂဇင်းတို့တွင် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။မိုးဇော်ဟိန်းအမည်ဖြင့်လည်း ဘာသာပြန်လုံးချင်းဝတ္ထုများရေးသားခဲ့ရာ မိုးအဆုံး၊ မြေအဆုံး၊ သေမင်းနှင့်လက်တစ်ကမ်း၊ အာဖရိကဧကရီတို့မှာ ထင်ရှားသည်။ နတ်နွယ်သည် မောင်မြင့်နောင်၊ ကလောင်သစ်၊ နီနီ၊ မောင်တင်အေး၊ စိန်အိုးစည်၊ မှန်ပြောင်းသစ်၊ ပျံလွှား၊ ကျောက်တိုင်၊ ဘွဲ့ဖြူ၊ ကောင်းမြတ်၊ ဇင်သောင်း၊ ရွှေစင်၊ မင်းရာကျော်၊ ကောလိယ စသည့်ကလောင်ခွဲများဖြင့်လည်း စာပေလက်ရာများစွာ ရေးသားခဲ့သည်။ စာရေးဆရာ မင်းကျော်နှင့် တွဲဖက်၍ 'မလိခ' ကလောင်အမည်ခံယူကာ မြန်မာဝတ္ထုအညွှန်းကို ရေးသားခဲ့သည်။ ကမ္ဘာ့ဝတ္ထုအညွှန်း၊ သမိုင်းအဘိဓာန်ကိုလည်းရေးသားပြုစုခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဒေါ်တင်တင်အေးနှင့်လက်ထပ်သည်။ နတ်နွယ်သည် အသက် ၇၉ နှစ်အရွယ် ၂၀၁၁ခုနှစ်၊ မေလ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နေအိမ်၌ကွယ်လွန်သည်။
ကလောင် အမည်ခွဲများ
မောင်မြင့်နောင်၊ ကလောင်သစ်၊ နီနီ၊ မောင်တင်အေး၊ မုလာဒင်၊ အေးနီ၊ မြင့်ကေသီ၊ လှမြင့်၊ ကျောက်တိုင်၊ မိုးဇော်ဟိန်း၊ ပျံလွှား၊ မှန်ပြောင်းသစ်၊ စိန်အိုးစည်၊ ဘွဲ့ဖြူ၊ ကောင်းမြတ်၊ ဇင်သောင်း၊ ရွှေစင်၊ မင်းရာကျော်၊ မလိခ (မင်းကျော်နှင့်တွဲလျက်) ကောလိယ။
ကိုးကား
စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)
ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ 'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ် (ပညာရွှေတောင် စာအုပ်တိုက်)၂ဝဝ၃ ခုနှစ်၊ ဧပြီလ(ပထမ အကြိမ်)
စာအုပ်စာရင်း
📚 ၁။ ကုဋေကုဋာ သိန်းသန်း တန်တော့တယ် (၁၉၉၇)
📚 ၂။ ကုသိုလ်တပဲ ငရဲတပိသာ (၁၉၆၉)
📚 ၃။ ကေသရာဇာ (၁၉၇၄)
📚 ၄။ ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် (၁၉၆ဝ)
(Round The World in Eighty Days)
📚 ၅။ ကမ္ဘာမြေအနှံ့ (၁၉၆၁)
📚 ၆။ ကမ္ဘာရန် (၁၉၆၈)
📚 ၇။ ကမ္ဘာ့ ဝတ္ထုအညွှန်း (၁၉၉၆)
📚 ၈။ ကျွန်မအသက် သပြေခက် (၁၉၇၄)
📚 ၉။ ကျားမျက်လုံးနဲ့ ကြောင်မျက်နှာ (၁၉၇၅)
📚 ၁၀။ ကျော်ဇေယျနှင့် သံကွန်ချာ ခုနစ်ထပ် (၁၉၇၅)
📚 ၁၁။ ကျောက်ဘီလူး(၁၉၆၄)
📚 ၁၂။ ချစ်သူနှင့် တခဏ မုန်းသူနှင့် တဘဝ၁၉၇၃
📚 ၁၃။ ချစ်သူရှိသောမြို့ (၁၉၆ဝ)
📚 ၁၄။ ချစ်သောကြောင့် (၁၉၅၆)
📚 ၁၅။ ဂါမဏိ (၁၉၇၈)
📚 ၁၆။ ငြမ်း (၁၉၇၈)
📚 ၁၇။ ငွေလကိုမြင် ကြယ်စင်မဟုတ်ဘူး (၁၉၇၈)
📚 ၁၈။ စိတ်ထဲမှာ တကမ္ဘာ (၁၉၇၄)
📚 ၁၉။ စိန်ခေါ်ပွဲ (၁၉၈၇)
📚 ၂၀။ ဇော်မိုးဟိန်းနှင့် နန်းသက်မွန် ကျောက်ရုပ် (၁၉၈၁)
📚 ၂၁။ ဇောမိုးဟိန်းနှင့် သိန်းလေးဆယ် မာယာ (၁၉၈၂)
📚 ၂၂။ ဇာတ်သမအလယ် (၁၉၆၁)
📚 ၂၃။ ညဈေးတန်းအစ (၁၉၆၁)
📚 ၂၄။ ညီအစ်မများနှင့် လူစိမ်းများ (၁၉၈၂)
📚 ၂၅။ တကွေ့တော့ တွေ့ကြဦးမယ် (၁၉၆၆)
📚 ၂၆။ တခိုင်နန်းမို့ လွမ်းလဲ့ရည် (၁၉၇၈)
📚 ၂၇။ တဆယ် (၁ဝ) (၁၉၆၄) (နတ်နွယ်၊ မိုးဝေ)
📚 ၂၈။ တနေ့မဟုတ် တနေ့ (၁၉၆၅)
📚 ၂၉။ တပင်ကို နှစ်ပင်ယှက်တယ် (၁၉၇၄)
📚 ၃၀။ တမင်သက်သက် (၁၉၆၁)
📚 ၃၁။ တဝဲလည်လည် (၁၉၆၁)
📚 ၃၂။ တက္ကသိုလ်နှင့် ပြင်ပကမ္ဘာ (၁၉၆၇)
📚 ၃၃။ တဖန်ပြန်၍ မနိုးသော ဝေဒနာ (၁၉၈၃) (Coma)
📚 ၃၄။ တယောက်က မာယာ (၁၉၇၃)
📚 ၃၅။ တံခွန်တိုင် မောင်နှမများ (၁၉၇၂)
📚 ၃၆။ တိတ်တဆိတ် (၁၉၆၁)
📚 ၃၇။ တိမ်စွယ်မှာ ကွယ်သောနေ (၁၉၈၁)
📚 ၃၈။ ဒက်ဇယ်လာ (၁၉၈၇) (Dagqelers)
📚 ၃၉။ ဒဏ္ဍာရီ (၁၉၇၈)
📚 ၄၀။ နေ့ကန့်လန့်ကာ လပဝါ (၁၉၇၅)
📚 ၄၁။ နောက်ဆုံးတနေ့ နောက်ဆုံးကမ္ဘာ (၁၉၇၆)
📚 ၄၂။ နန္ဒဝန်သို့အပြန် (၁၉၇၂)
📚 ၄၃။ နန်းစံပယ်နှင့် တယောက်ပြီး တယောက် (၁၉၇၂)
📚 ၄၄။ နန်းသက်မွန်နှင့် မျက်နှာစိမ်းများ (၁၉၇၃)
📚 ၄၅။ နွဲ့ဝါ (၁၉၇၆)
📚 ၄၆။ နှမထွေးမယ့်ကို လိုလျှင် (၁၉၆၁)
📚 ၄၇။ နှစ်ကြီးသမား (၁၉၅၇)
📚 ၄၈။ နွယ်နီနိုင်ငံတကာ အဘိဓာန် (၁၉၉၄)
📚 ၄၉။ နွယ်နီအာရှ နှစ်ချုပ် (၁၉၉၄) (၁၉၉၄)
📚 ၅၀။ နွယ်နီအာရှ နှစ်ချုပ် (၁၉၉၅) (၁၉၉၅)
📚 ၅၁။ ပေါက်ပင်ကစိမ်း ကျေးကစိမ်း (၁၉၇၉)
📚 ၅၂။ ပဉ္စမံအသည်း ပဉ္စလက် အပြုံး (၁၉၇၉)
📚 ၅၃။ ပုဏ္ဏက (၁၉၈ဝ)
📚 ၅၄။ ပြာပြာညိုရောင် မှိုင်းလဲ့လဲ့ (၁၉၇၅)
📚 ၅၅။ ဘဝဟူသည် (၁၉၉၁) (My Life)
📚 ၅၆။ ဘယ်ယိမ်းညာနွဲ့ ဘယ်ပြန်နွဲ့ (၁၉၇၇)
📚 ၅၇။ မကွယ်သောနေ့က ကြွေသောပန်း (၁၉၈၄)
📚 ၅၈။ မနေ့တနေ့က ရွာတဲ့မိုး
📚 ၅၉။ မပြီးဆုံးသေးသောည (၁၉၇၅)
📚 ၆၀။ မသန္တာ မသိပါ (၁၉၇၃)
📚 ၆၁။ မီးခိုးမဆုံး မိုးမဆုံး ၁၉၆၇)
📚 ၆၂။ မိုးညဖြူဖြူ (၁၉၆၂)
📚 ၆၃။ မိုးထဲလေထဲ (၁၉၅၄)
📚 ၆၄။ မိုးဖြူစမဲ မိုးမည်းမရွာ (၁၉၇၉)
📚 ၆၅။ မိုးမှာစနေ လေမှာရာဟု (၁၉၇၅)
📚 ၆၆။ မောင်နှင့်သာအတူ (၁၉၆၁)
📚 ၆၇။ မောင်နှင့်သာအတူ ကမ္ဘာမြေအနှံ့ (၁၉၇၃)
📚 ၆၈။ မျက်ဝါးထင်ထင် (၁၉၅၆)
📚 ၆၉။ မုန်းပင်အောက်မှာ ချစ်သူရှာ (၁၉၇၆)
📚 ၇၀။ မျက်တောင်ကော့နဲ့ မျက်ထားညို (၁၉၇၂)
📚 ၇၁။ မျက်နှာမှာအပြုံး မျက်လုံးမှာဒေါသ (၁၉၇၃)
📚 ၇၂။ မြသဇင် (၁၉၆၆)
📚 ၇၃။ မြေအောက်သဇင် (၁၉၅၉)
📚 ၇၄။ မြန်မာပြည် မြောက်ပိုင်း (အတွဲ ၁) (၁၉၆၆)
📚 ၇၅။ မြန်မာပြည် မြောက်ပိုင်း (အတွဲ ၂) (၁၉၆၇)
📚 ၇၆။ မှုခင်းစုံထောက် ကိုယ်တွေ့မှတ်တမ်း (၁၉၆၂) (Diary)
📚 ၇၇။ ယုဇနမာလာ (၁၉၈ဝ)
📚 ၇၈။ ရတနာလိုဏ်ဂူ (၁၉၆ဝ)
📚 ၇၉။ ရာမည၁၉၇၈
📚 ၈၀။ ရောမ က မိန်းမပျက် (၁၉၆၄) (Woman of Rome)
📚 ၈၁။ ရန်သူတရာ မိတ်ဆွေတယောက် (၁၉၇၃)
📚 ၈၂။ ရှက်စဖွယ် (၁၉၆၁) (Shame)
📚 ၈၃။ ရွှေနှင့်ယိုးမှား ပန်းစကား (၁၉၇ဝ)
📚 ၈၄။ ရွှေဖလားနှင့် မိုးခါးရေ (၁၉၆၁)
📚 ၈၅။ လကွယ်နေ့ည (၁၉၆၈)
📚 ၈၆။ လေကစားကြွားတလူလူဝေ (၁၉၇၇)
📚 ၈၇။ လင်းအရုဏ်ဦး (၁၉၈၅)
📚 ၈၈။ ဝင်္ကပါ (၁၉၆၃)
📚 ၈၉။ သီတာခုနစ်တန် တောင်စဉ်ခုနစ်ထပ် (၁၉၇၂)
📚 ၉၀။ သစ်တုံးမှန်လျှင် ဆန်လိမ့်မည် (၁၉၈၂)
📚 ၉၁။ သည်ခေတ်နှင့် သည်မောင်နှမများ (၁၉၇၂)
📚 ၉၂။ သည်တောင်တန်းမှာ မောင်ထမ်းခေါ်ပါ့မယ် (၁၉၈၃)
📚 ၉၃။ သန္တာကျွန်း (၁၉၆ဝ) (Coral Island)
📚 ၉၄။ သိင်္ဂီတဝက် ရွှေတဝက် (၁၉၇၄)
📚 ၉၅။ သုံးနှစ်သုံးမိုး (၁၉၉ဝ) (Three Years)
📚 ၉၆။ အကွေ့တထောင်
📚 ၉၇။ အချစ်လှေလောင်းနဲ့ ခေတ်ရေစီးကြောင်း ဆန်တက်မယ် (ပ - တွဲ ) (၁၉၈၉)
📚 ၉၈။ အချစ်လှေလောင်းနဲ့ ခေတ်ရေစီးကြောင်း ဆန်တက်မယ် (ဒု - တွဲ ) (၁၉၈၉)
📚 ၉၉။ အနီးအဝေး အနိမ့်အမြင့် (၁၉၆၅)
📚 ၁၀၀။ အနောက်မိုးကုပ် စက်ဝိုင်း (၁၉၆ဝ)
📚 ၁၀၁။ အပျံသင်စ (၁၉၆ဝ)
📚 ၁၀၂။ အပြာ (၁၉၅၆)
📚 ၁၀၃။ အပြာနှင့် အဝါ (၁၉၇၁)
📚 ၁၀၄။ အပြာ အဝါ (၁၉၆၇)
📚 ၁၀၅။ အပြင်မှာငွေလ ရင်ထဲမှာ နေဆယ်စင်း (၁၉၈၃)
📚 ၁၀၆။ အဖြူရောင် သစ္စာပန်းတပွင့် (ပထမတွဲ) (၁၉၈၈)
📚 ၁၀၇။ အဖြူရောင် သစ္စာပန်းတပွင့် (ဒုတိယတွဲ) (၁၉၈၈)
📚 ၁၀၈။ အများနှင့်တယောက် (၁၉၈၃) (Fever)
📚 ၁၀၉။ အဝါ (၁၉၆ဝ)
📚 ၁၁၀။ အရိပ်သုံးပါး နားမလည် (၁၉၈ဝ)
📚 ၁၁၁။ အရုပ်နဂါး အရုပ်ကျား (၁၉၇၄)
📚 ၁၁၂။ အရှေ့စူးစူး အနောက်ယွန်းယွန်း (၁၉၆၉)
📚 ၁၁၃။ အရှေ့ မိုးကောင်းကင် အမှတ် (၁)၁၉၆၅(Baltic Skies)
📚 ၁၁၄။ အရှေ့ မိုးကောင်းကင် အမှတ် (၂)၁၉၆၅(Baltic Skies)
📚 ၁၁၅။ အလည်လာတဲ့ မိန်းကလေးရယ် (၁၉၇၄)
📚 ၁၁၆။ အလွမ်း၏ အလွမ်း (၁၉၈၁)
📚 ၁၁၇။ အဏ္ဏဝါပြင်မှာ ထင်သောလ (၁၉၈၁)
📚 ၁၁၈။ ဣန္ဒာနီလာ သန္တာပုလဲ (၁၉၇၇)
📚 ၁၁၉။ အုံးအုံးကျွတ်ကျွတ်(၁၉၆၅)
📚 ၁၂၀။ ပျံလေသည့်ငှက်ခါး
📚 ၁၂၁။ မုန်တိုင်းအန္တရာယ်
📚 ၁၂၂။ ကမ္ဘာ့စာပေတစေ့တစောင်း
📚 ၁၂၃။ မိုရေးဗီးယား၏အတိုင်းအတာများနှင့်အခြားဝတ္ထုတိုများ.
📚 ၁၂၄။ အာဖရိကဧကရီ
📚 ၁၂၅။ မိမိနှင့်စာရေးဆရာများ
📚 ၁၂၆။ မိမိနှင့်စာရေးဆရာများ
📚 ၁၂၇။ မိမိနှင့်စာရေးဆရာများ
📚 ၁၂၈။ ရေအောက်တစ္ဆေ
📚 ၁၂၉။ သေမင်းနှင့်လက်တစ်ကမ်း
📚 ၁၃၀။ မင်းမှာသစ္စာ လူမှာကတိ
📚 ၁၃၁။ ပတ္တမြားခေါ်သံ
ဆရာနတ်နွယ်အတွက် 📚 လွမ်းသူ့စာစုများ
📚📚 📚📚 📚📚 📚📚 📚📚 📚📚 📚📚
No comments:
Post a Comment