ဇိုရိုရက်စထရာဘာသာ ( Zoroastrianism )
ဇော်ရော့အက်စတာဘာသာရေး၏ အထိမ်းအမှတ်ရုပ်ပုံတံဆိပ်
ဇိုရိုရက်စထရာဘာသာ (Zoroastrianism) သို့ မာဇဒါဘာသာ (Mazdaism) ဆိုသည်မှာ တမန်တော် ဇိုရိုရက်စတာ၏ ဟောကြားမှုများ အပေါ်တွင် အခြေခံထားသည့် ဘာသာတရား ဖြစ်သည်။ ယခင်အခါက ကမ္ဘာပေါ်တွင် ကိုးကွယ်သူအများဆုံးသော ဘာသာတရားများတွင် တစ်ခု အပါအဝင် ဖြစ်ခဲ့ပြီး ပါရှားနိုင်ငံ (ယခု အီရန်နိုင်ငံ) တည်ရှိရာ နေရာတွင် ဘီစီ ၆ ရာစုခန့်က ပေါ်ထွန်းခဲ့သည်ဟု ယုံကြည်ယူဆရသည်။
ဇိုရိုရက်စထရာဘာသာတွင် ဖန်ဆင်းရှင် အာဟူရာ မာဇဒါသည် အကောင်းချည်းသာ လုပ်ပြီး အဆိုးမှန်သမျှ မလုပ်ပေ။ ထို့အတွက်ကြောင့် ဇိုရိုရက်စထရာ ဘာသာတွင် အကောင်းနှင့် အဆိုးတို့သည် သီးခြားကွဲပြားခြားနားစွာ ရှိသည်။ မိစ္ဆာ ဒရုဂျ် (druj) က မာဇဒါ၏ ဖန်ဆင်းမှုများကို ဖျက်ဆီးပစ်ရန် ကြိုးစားပြီး အကောင်းများက သူတို့ အနေအထားကို မပျက်စီးအောင် ပြန်လည် ထိန်းသိမ်းကြသည်။ ယခုခေတ်တွင် ဇိုရိုက်ရက်စထရာဘာသာသည် အားနည်းခဲ့ရပြီဖြစ်ပြီး မြန်မာတို့က ဖာရစီဘာသာအဖြစ်နှင့် လူသိများကြသည်။
ဇော်ရော့အက်စတာဝါဒ အကျဉ်းချုပ်
ဇော်ရော့အက်စတာ၏ဝါဒတွင် တစ်ဆူတည်းသောဘုရားဝါဒကိုလက်ခံသလို အခြားတစ်ဖက်တွင်လည်း ဘုရားအများအပြားရှိသည်ကိုလည်း လက်ခံသည်။ထို့ကြောင့် အတန်ပင်ရှုပ်ထွေးသည့် ဘာသာဖြစ်သည်ဟုဆိုနိုင်သည်။ သူ့အဆိုအရ တစ်ဆူတည်းသောဘုရားမှာ အဟုရ မာဇဒါ(Ahura Mazda)(ခေတ်အီရန်ဘာသာဖြင့် ဩမွဒ် (Ormuzd)) ဖြစ်သည်။ဉာဏ်ပညာကြီးရင့်လေးမြတ်သူ ဟုအဓိပ္ပါယ်ရပြီး ထိုဘုရားသည် မှန်ကန်ခြင်း၊သစ္စာရှိခြင်းကို အားပေးသည်။ မှားယွင်းခြင်း၊သစ္စာမဲ့ခြင်း တို့၏ အဆိုးဘက်မှ ဘုရားအမည်မှာ အန်ဂရ မိန်ရု (Angra Mainyu)(ခေတ်အီရန်ဘာသာဖြင့် အရီမန်(Ahriman))ဖြစ်ပြီး အဆိုပါ အကောင်းနှင့် အဆိုးဘုရားနှစ်ပါးတို့ ကမ္ဘာတွင်အားပြိုင်နေကြသည်ဟုဆိုသည်။ လူသားတစ်ဦးအနေဖြင့် မိမိလိုက်လိုသည့်ဘက်ကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသည်။ယခုအခါမှာ ဘုရားနှစ်ပါးအနေဖြင့် အာပြိုင်မှုကို ခေတ္တရပ်နားနေချိန်ဖြစ်သော်လည်း အဆုံးတစ်နေ့တွင် အဟုရ မာဇဒါ ကသာ အနိုင်ရမည်ဖြစ်သည်။ထို့ပြင် ဤဘာသာယုံကြည်မှုတွင် သေလွန်ပြီးနောက် အခြားဘဝများရှိသေးသည်ကိုလည်း လက်ခံသည်။
ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ တရားနည်းလမ်ကျခြင်း၊သစ္စာရှိခြင်းကို အားပေးသည်။တဏှာနည်းရန်ကျင့်စဉ်များကို လမ်းညွှန်သည်။ သို့သော် အိမ်ထောင်သားမွေပြုးခြင်းကို မတားမြစ်ပေ။ ဘုရားရှိခိုးရာတွင် မီးကိုပူဇော်ခြင်းပြုသည်။ထိုမီးမငြိမ်းရန် အဓိကအဖြစ် ဂရုပြုရသည်။ သေလွန်သူ၏ ရုပ်အလောင်းကို သြင်္ဂိုဟ် ရာတွင် စင်ထိုးပြီး ငှက်စာကျွေးသည်။(ဤအချက်တွင် တိဘက်ဓလေ့နှင့်တူသည်။)
No comments:
Post a Comment