📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Wednesday, August 19, 2020

ဦးသုခ (၁၉၁၀-၂၀၀၅)

 ဦးသုခ (၁၉၁၀-၂၀၀၅)

 

  

၁၉၁ဝပြည့်နှစ်၊ ဇန်နဝါရီလ(၁၄)ရက်၊ (၁၂၇၁-ခု၊တပို့တွဲလဆန်း(၅)ရက်၊သောကြာနေ့)တွင် ကိုျက်လတ် အပိုင်၊ စာဖြူစုကျေးရွာသူကြီး ဦးစံခိုင်၊ ဒေါ်မျှင်တို့မှ ဖွားမြင်သည်။ သာသမီး(၄)ယောက်အနက် အကြီးဆုံးဖြစ် သည်။ ငယ်မည်မှာ မောင်သိန်းမောင် ဖြစ်သည်။

 

၁၉၂၆ - ကိုျက်လတ်မြို့ အမျိုးသားကျောင်းမှ အလယ်တန်း အောင်မြင်ခဲ့သည်။


၁၉၂၇ - ဖျာပုံအမျိုးသားကျောင်းသို့ ပြောင်းရွှေ့ကာ အထက်တန်းပညာသင်ယူသည်။ အလယ်တန်းမှစ၍ ကဗျာ၊ ရတုများရေးသားစပ်ဆိုလာခဲ့ရာ အထက်တန်းကျောင်းသားဖြစ်လာသောအခါ ဝတ္ထုရေးရန် စိတ်သန်လာသည်။ 


၉-တန်းအရောက်တွင် ကျောင်းမှထွက်ကာ ဖခင်ဦးစံခိုင်၊ ရန်ကုန်တွင်တည်ထောင်သော 'အာဇာနည်ဂျာ နယ်' တိုက်တွင်လုပ်ရန် ရန်ကုန်သို့ထွက်ခွာခဲ့သည်။ ဂျာနယ်ပိတ်လိုက်ရသဖြင့် ကျိုက်လတ်ပြန်ခဲ့သည်။ ကျိုက်လတ်ပြန် ရောက်သောအခါ ကျိုက်လတ်ဆရာကြီးဦးဘမူ၏ အမျိုးသားကျောင်းတွင် မြန်မာစာပြဆရာအဖြစ်ဆောင်ရွက်ရင်း အမျိုးသားအောင်ပွဲနေ့များတွင် ကျင်းပသည့် ပဒေသာကပွဲများအတွက် ဇာတ်လမ်းရေးပေး၊ ကိုယ်တိုင်လည်း ပါဝင်ကပြ၊ ဒါရိုက်တာလည်းလုပ်ခဲ့သည်။

 

၁၉၂၉ - စိန်သိန်းတန်အမည်ဖြင့် စံပယ်ပွင့် ဝတ္ထုရေး၊ ကဝိမျက်မှန်မဂ္ဂဇင်းတွင် ဖေါ်ပြခံရ။ စာမူခငွေ (၁ဝိ/-)နှင့် မဂ္ဂဇင်း(၆)လဆုရ။


၁၉၃၀ - ပြည့်နှစ် ရွှင်ပျော်ပျော်တိုက်ဝတ္ထုပြိုင်ပွဲတွင် မောင်သိန်းမောင်အမည်ဖြင့် မိန်းမသား ဝတ္ထုရွေးချယ် ခံရ။


၁၉၃၂ - အသက်(၂၃)နှစ်အရွယ်တွင် ဖတ်ခဲ့မှတ်ခဲ့သော လောကီလောကုတ္တရာဆိုင်ရာ မှတ်စုများကို စတင်စု ဆောင်းရေးသား(နောင်တွင် သုခမှတ်စု စာအုပ်ထွက်ခဲ့)။


၁၉၃၄ - ရွှင်ပျော်ပျော်တိုက်နှင့် လိုက်ဖက်အောင်သုခအမည်ခံယူ။ သုခအမည်ခံယူပြီးနောက်တွင် ဝတ္ထုအဆုံး၌ သုခိအတ္တနံပရိဟရန္တု ဆုတောင်းကိုထည့်လေ့ရှိ။ ရွှင်ပျော်ပျော်တိုက်အတွက် လုံးချင်းဝတ္ထုငယ်များ ရေးသားခဲ့။ မိုက်မိတယ် လုံးချင်းထွက်။

 

ရုပ်ရှင်လောကသို့ ဝင်ရောက်ခြင်း 

 

၁၉၃၈ - ချစ်အမျှ ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသား၍ ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့။


၁၉၄၂ - ဂျပန်ခေတ်တွင် ပြဇာတ်များကို ရေးသားတင်ဆက်ခဲ့။ ကန်တော်မိတ်ရုံတွင် ဂုဏ်။ ဂျိုတီရုံတွင် မေတ္တာနှင့်သစ္စာ မြိုင်ရုံတွင် သြော်မိန်းမ - သြော်ယောက်ျား မိန်းမနဲ့ယောက်ကျား သြော် --- လောက ပြဇာတ်များ တင်ဆက်ခဲ့။ စာရေးဆရာအသင်း ရံပုံငွေအတွက် ဝိဇယ 'ပေါ်ဦး' ပြဇာတ်များတွင် ဒါရိုက်တာလုပ်၊ ကိုယ်တိုင်ပါဝင်ကပြခဲ့။ မောင်ဖေငယ် ပြဇာတ်အထူးလူကြိုက်များခဲ့။ နောက်ပိုင်း ကာဌေးရုံးတွင် ချစ်တော့ချစ်တယ်၊ ဝသုန်ဤမြေ၊ ဝင်းဝင်းရုံတွင် ကိုယ်ကြိုက်တာကိုယ်လုပ် ဇော်ရုံတွင် သားတိုးရုပ်ရည်ပြဇာတ်များကို ကိုယ် တိုင် အဓိကဇာတ်ဆောင်နေရာမှ ပါဝင်ကပြခဲ့။


၁၉၄၈ - ချစ်အနုမြူ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူး (ထိုကားအတွက် စာရေးဆရာ အသင်းက ချီးမြင့်သော ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆုရခဲ့)။


၁၉၅၁ - သုခဝတ္ထုတိုပေါင်းခုျပ် စာအုပ်ထွက်။ (ထိုစာအုပ်ကို ၁၉၅၅၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၈၈ ခုနှစ်များတွင် ပြန်လည်ရိုက်နှိပ်ခဲ့)။


၁၉၅၄ - သြော်မိန်းမဇာတ်ကားရိုက်။ (အကယ်ဒမီ ဒါရိုက်တာဆုရ)။၁၉၅၆ - ဘဝသံသရာဇာတ်ကားရိုက် (အကယ်ဒမီ ဒါရိုက်တာဆုရ)။


၁၉၅၇ - ၆၇ - ရုပ်ရှင်နယ်၊ စာပေနယ်တွင် ကျင်လည်စာအုပ်များရေးသားထွက်ရှိ၊ ဗုဒ္ဓဘာသာတရားတော်ကို စွဲ မြဲစွာယုံကြည်ရင်းရှိသဖြင့် (နောင်တွင် ရဟန်းစားရသော ဆွမ်းတစ်နပ်၊ တစ်ပါးသီလ၊ ရုပ်မြင်သံကြားဇာတ် လမ်းများရေးသား ရိုက်ကူးခဲ့)။


၁၉၆၈ - စကားပြောသောအသည်းနှလုံး ဇာတ်ကားရိုက် (အကယ်ဒမီ ဒါရိုက်တာဆုရ)။


၁၉၇၀ - ကျမမှာမိန်းမသား ဇာတ်ကားရိုက် (အကယ်ဒမီ ဒါရိုက်တာဆုရ)။


၁၉၇၃ - ဘယ်သူပြိုင်လို့လှပါတော့နိုင် ဇာတ်ကားရိုက်(အကယ်ဒမီ ဒါရိုက်တာဆုရ)။


၁၉၇၅ - ရွှေခြည်ငွေခြည်တန်းပါလို့ ဇာတ်ကားရိုက် (အကယ်ဒမီဒါရိုက်တာဆုရ)။


၁၉၈၃ - ၈၄ - ရန်ကုန်တိုင်း၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ တက္ကသိုလ်ဆရာလောင်း မွန်းမံသင် တန်းတို့တွင် စကားပြောဟောနည်းပညာ၊ တရားဟောနည်းပညာ ဘာသာရပ်ပို့ချခဲ့။


၁၉၉၄ - ရာမာခရစ္စနာ၏ သုတ္တပုံပြင်များစာအုပ်ထွက်။၁၉၉၄ - ဇန်နဝါရီလ(၄)ရက်နေ့တွင် မဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်ကို ချီးမြင်ခြင်းခံရ။


၁၉၉၅ - ရတနာသုတ်စာအုပ်ထွက် မင်္ဂလသုတ် (စတုတ္ထ အကြိမ်)ထွက်။


၁၉၉၇ - ချယ်လီအလှစာအလှ၊ စိတ်ဆိုသောစိတ်၊ သုခမှတ်စု၊ သုတရသဓမ္မစာစုံ၊ အမေ စသောစာအုပ်များ ထွက်။


၁၉၉၈ - ဇေယျတုသဗ္ဗမင်္ဂလံ၊ ဓမ္မရသ၊၊ လောကနီတိ၊ အကျော်ဒေးယျ၊ ဗုဒ္ဓသမီးတော်များ စသောစာအုပ်များ ထွက်။၁၉၉၉ - ကံကံ၏အကိုျး၊ မေတ္တသုတ် စာအုပ်များထွက်။


၂၀၀၀ - ပြည့်နှစ် သုခနှင့်သုခ စာအုပ်ထွက်။


၂၀၀၁ - အောက်တိုဘာ(၂၆)ရက်တွင် ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့အပ်နှင်း။ ချီးမြင့် ပဒေသာ၊ သဗ္ဗေသတ္တာ စာအုပ်များထွက်။


စာရေးဆရာ ဒါရိုက်တာကြီးဦးသုခသည် ၂၀၀၅-ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့ ဗုဒ္ဓဟူးနေ့မနက် ၁၁း၃ဝ့နာရီတွင် အမှတ်(၂) စစ်ဆေးရုံ၌ ကွယ်လွန်ခဲ့ ။


No comments: