တနင်္သာရီတိုင်း
တနင်္သာရီတိုင်းဒေသကြီး (အင်္ဂလိပ်: Tanintharyi Region၊ မွန်: ဏါ်ကသု သို့မဟုတ် တနါ်ဩု၊ ယခင်အမည် တနင်္သာရီတိုင်း) သည် မြန်မာနိုင်ငံ၏ အောက်ဖက်အကျဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ မြို့တော်မှာ ထားဝယ်မြို့ဖြစ်သည်။ အခြားအရေးပါသည့် မြို့များမှာ မြိတ်မြို့နှင့် ကော့သောင်းမြို့များ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁,၄၀၈,၄၀၁ ဖြစ်သည်။
တည်နေရာနှင့် အကျယ်အဝန်း
တနင်္သာရီတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၁၆,၇၃၆ စတုရန်းမိုင်ကျယ်ဝန်းသည်။ မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းမြှောင်ဒေသတွင်တည်ရှိပြီး၊ လူနေကျဲပါးသော ဒေသလည်းဖြစ်သည်။ အက်ဒမန်ပင်လယ်၊ ထိုင်းနိုင်ငံ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၀မိနစ် မှ ၁၅ ဒီဂရီ ၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀မိနစ် မှ ၉၉ ဒီဂရီ ၄၀မိနစ် အတွင်း တည်ရှိသည်။
ရာသီဥတု
ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။ အီကွေတာနှင့် နီးသောဒေသ ဖြစ်သည့် အတွက်လည်း အပူချိန်မြင့်သည်။ ပျှမ်းမျှ အပူချိန်မှာ ၈၃ဒီဂရီ မှ ၇၈ဒီဂရီ ဖာရင်ဟိုက်အတွင်းရှိသည်။ တစ်နှစ်လုံးနီးပါးမိုးရွာသွန်းသဖြင့် မိုးရေချိန်မှာ ၁၇၀ မှ ၂၁၀ လက်မထိရှိပါသည်။
ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ
တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင် (၃) ခုရှိသည်။
ထားဝယ်ခရိုင်
မြိတ်ခရိုင်
ကော့သောင်းခရိုင်
မြို့နယ် (၁၀)ခုရှိသည်။
ထားဝယ်ခရိုင်တွင် ထားဝယ်မြို့နယ်၊ လောင်းလုံမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊
မြိတ်ခရိုင်တွင် မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်၊
ကော့သောင်ခရိုင်တွင် ကော့သောင်းမြို့နယ်၊ ဘုတ်ပြင်းမြို့နယ် တို့ ပါဝင်သည်။
မြို့ပေါင်း (၁၆)မြို့၊ ရပ်ကွက်ပေါင်း (၈၃) ကွက်၊ ကျေးရွာအုပ်စု (၂၆၄) အုပ်စုနှင့် ရွာပေါင်း (၁၂၃၀)ရွာ ရှိသည်။
စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
စာပေ
ထားဝယ်လူမျိုး၊ မော်ကင်းလူမျိုး သည် တနင်္သာရီတိုင်းတွင် နေထိုင်ကြသည်။ အဆိုပါ လူမျိုးများ၏ ဘာသာကို အဓိက ထားပြောဆိုကြသည်။ စာပေအနေဖြင့် မော်ကင်းစာပေ တီထွင်ခဲ့ပြီး သင်ရိုးပြဋ္ဌာန်းစာများ ရေးဆွဲသတ်မှတ်ကာ သင်ကြားပို့ချပေးလျက်ရှိသည်။ ထားဝယ်စာပေအနေဖြင့် သင်ရိုးပြဋ္ဌာန်းစာများရေးဆွဲပြဋ္ဌာန်းနိုင်ရန် ထားဝယ်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကြိုးပမ်းအားထုတ်လျက်ရှိသည်။
ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့
ထားဝယ်၊ မော်ကင်း လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြပါသည်။ ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှုများ၊ အဝတ်အစား ဝတ်ဆင်မှု နှင့် ရိုးရာ အကများသည် အလွန်နာမည်ကျော်ကြားသော အကများ ဖြစ်သည်။
ဒေသထွက်ကုန်များ
ဆန် စပါး
ရာဘာ
ပုလဲ
ဆီအုန်း
ကွမ်းသီး
ခဲမဖြူ
အဖြိုက်နက်
ငါး
ပုဇွန်
ငါးပိ
ငါးခြောက်
တွင်းထွက်များ
ခဲမဖြူ၊အဖြိုက်နက်၊ခနောက်စိမ်း နှင့် အခြားတွင်းထွက်များ ထွက်ရှိသည်။
ကိုးကား
၁.ဝ ၁.၁ (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၄။
Sub-national HDI - Area Database - Global Data Lab (in en)။
နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
D.P.S. MYANMAR GUIDE MAP. 2000.
မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ်
No comments:
Post a Comment