📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Tuesday, September 1, 2020

ရန်ကုန်တိုင်းဒေသကြီး

                  ရန်ကုန်တိုင်းဒေသကြီး 



ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုတို့တွင် အကျဉ်းဆုံးဖြစ်ပြီး လူနေအထူထပ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင်တည်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မုတ္တမပင်လယ်ကွေ့တို့ဖြင့် ဝန်းရံထားသည်။ မြို့တော်မှာ ရန်ကုန်မြို့ ဖြစ်သည်။



                               အလံတော် 


တည်နေရာနှင့် အကျယ်အဝန်း 


ရန်ကုန်ကမ်းရိုးတမ်းဒေသသည် ပိုမိုကျယ်ပြန့်သည့် တောင်ပိုင်းမြစ်ဝကျွန်းပေါ်ဒေတွင်း တည်ရှိပြီး၊ အနောက်ဖက်တွင် ဧရာဝတီဒေသကြီး၊ မြောက်ဖက်နှင့်အရှေ့ဖက်တွင် ပဲခူးဒေသကြီး နှင့် တောင်ဖက်တွင် ကပ္ပလီပင်လယ်တို့ တည်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးသည် စတုရန်းကီလိုမီတာ ၁ဝ၁၇၁ ကျယ်ဝန်းပြီး၊ အုပ်ချုပ်ရေးအရ မြို့နယ် ၄၅ မြို့နယ် ခွဲခြား ထားသည်။ ကုန်းမြေဧရိယာအားဖြင့် မြန်မာနိုင်ငံ၏ အသေးဆုံး တိုင်းဒေသကြီးဖြစ်သော်လည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၇,၃၆၀,၇၀၃ ဦး ဖြစ်ပြီး လူဦးရေအထူထပ်ဆုံး ဖြစ်ကာ၊ လူဦးရေသိပ်သည်းမှုမှာ ၁ စတုရန်းကီလိုမီတာလျှင် ၅၈၆ ယောက် ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး လူဦး ရေ၏ ၆၇% သည် မြို့ပြဒေသတွင်နေထိုင်ကြပြီး၊ ကျန်ရှိသော ၃၃% သည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ရန်ကုန်သည် မြို့ပြဒေသတွင်နေထိုင်သော လူဦးရေရာခိုင်နှုန်းအများဆုံး ဒေသကြီးဖြစ်သည်။ ရန်ကုန် တောင်ပိုင်းဒေသသည် တိုင်းပြည်အတွင်းရှိ အထူးစီးပွားရေးဇုန် ၃ ခု ထဲမှ တစ်ခုဖြစ်သည့် သီလဝါအထူးစီးပွား ရေးဇုန် တည်ရှိရာဒေသ လည်းဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၂၀မိနစ် မှ ၁၇ ဒီဂရီ ၅၀ မိနစ်အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၃၅ ဒီဂရီ ၄၅ မိနစ် မှ ၉၆ ဒီဂရီ ၄၆ မိနစ်အတွင်း တည်ရှိသည်။ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ကိုကိုးကျွန်းအပါအဝင် စုစုပေါင်း ဧရိယာ ၃,၉၂၇.၁၅ စတုရန်းမိုင် ကျယ်ဝန်းသည်။


ရာသီဥတု 


ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီး စွတ်စိုသော ရာသီဥတုရှိသည်။ ပျှမ်းမျှ အားဖြင့် အပူဆုံးအချိန်ဖြစ်သည့် ဧပြီလတွင် ၉၅ ဒီဂရီဖာရင်ဟိုက် ရှိသည်။ နေ့ခင်းဘက်အပူချိန်မှာ ၁၀ဝ ဒီဂရီမှ ၁၀၄ ဒီဂရီဖာရင်ဟိုက်အထိ ရှိတတ်သည်။ အအေးဆုံးဖြစ်သည့် ဒီဇင်ဘာလတွင် အပူချိန်မှာ ၇၇ ဒီဂရီဖာရင်ဟိုက်ရှိပြီး ညဘက်အပူချိန်မှာ ၆၀ ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းတတ်သည်။ ပျှမ်းမျှမိုးရေချိန်မှာ ၁၀၃ လက်မထိရှိသည်။ မိုးကာလမှာ မေလမှ အောက်တိုဘာလ အထိ ရှည်လျားပြီး ဇူလိုင်လနှင့် ဩဂုတ်လများမှာ မိုးအများဆုံးရွာသွန်းလေ့ရှိ သည့်လများဖြစ်သည်။



ပို့ဆောင်ဆက်သွယ်ရေး 


အဓိက အသုံးအများဆုံး စနစ်မှာ မော်တော်ယာဉ်စနစ်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် နေ့စဉ် ယာဉ်လိုင်းပေါင်း တစ်ရာကျော် ပြေးဆွဲပြီး အများစုမှာ ဆူးလေ တစ်ဝိုက်တွင် အစပြုပြီး ပြေးဆွဲကြခြင်းဖြစ်သည်။ ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်းတို့သည် အရေးပါသော နေရာများဖြစ်ကြပြီး ကားအများစုမှာ ယင်းနေရာများသို့ရောက်ရှိကြသည်။ ရန်ကုန်နေလူအများစု၏ နေ့စဉ်သွားလာမှုအတွက် မော်တော်ယာဉ်လိုင်းများမှာ အဓိကအရေးပါသည်။


အခြားအသုံးများသော ပို့ဆောင်ဆက်သွယ်ရေးစနစ်မှာ ရထားဖြစ်သည်။ ရထားများသည် ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ရှိပြီး မြို့တစ်ပါတ်ပါတ်ကာ ရန်ကုန်ဘူတာကြီးမှာပင် အဆုံးသတ်သော မြို့ပါတ်ရထား၊ အင်းစိန်ဘူတာတွင် အဆုံးသတ်သောရထား၊ မင်္ဂလာဒုံဘူတာတွင် အဆုံးသတ်သောရထား၊ လှော်ကားသို့သွားသောရထား၊ တိုးကြောင်ကလေးဘက်သို့ သွားသောရထားစသည်ဖြင့် အမျိုးမျိုးရှိသည်။


၂၀၁၇ခုနှစ် ဇန်နဝါရီ ၁၆ မှစ၍ စနစ်ဟောင်း မ.ထ.သ ကိုဖျက်သိမ်းပြီး ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု YBS စနစ်ကို စတင်ခဲ့သည်။



ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ 



ခရိုင် (၄)ခု ရှိသည်။


ရန်ကုန်အရှေ့ပိုင်းခရိုင် 

ရန်ကုန်အနောက်ပိုင်းခရိုင် 

ရန်ကုန်မြောက်ပိုင်းခရိုင် 

ရန်ကုန်တောင်ပိုင်းခရိုင်



မြို့နယ် (၄၅)မြို့နယ် ရှိသည်။


အရှေ့ပိုင်းခရိုင် (၁၄) မြို့နယ် 

တာမွေမြို့နယ် 

တောင်ဥက္ကလာပမြို့နယ် 

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် 

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် 

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် 

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် 

ဒေါပုံမြို့နယ် 

ပုဇွန်တောင်မြို့နယ် 

ဗိုလ်တထောင်မြို့နယ် 

မင်္ဂလာတောင်ညွန့်မြို့နယ် 

မြောက်ဥက္ကလာပမြို့နယ် 

ရန်ကင်းမြို့နယ် 

သင်္ဃန်းကျွန်းမြို့နယ် 

သာကေတမြို့နယ် 


အနောက်ပိုင်းခရိုင် (၁၃) မြို့နယ် 


ကမာရွတ်မြို့နယ် 

ကျောက်တံတားမြို့နယ် 

ကြည့်မြင်တိုင်မြို့ 

နယ်စမ်းချောင်းမြို့နယ် 

ဆိပ်ကမ်းမြို့နယ် 

ဒဂုံမြို့နယ် 

ပန်းဘဲတန်းမြို့နယ် 

ဗဟန်းမြို့နယ် 

မရမ်းကုန်းမြို့နယ် 

လမ်းမတော်မြို့နယ် 

လသာမြို့နယ် 

လှိုင်မြို့နယ် 

အလုံမြို့နယ် 


မြောက်ပိုင်းခရိုင် (၈) မြို့နယ် 

တိုက်ကြီးမြို့နယ် 

ထန်းတပင်မြို့နယ် 

မင်္ဂလာဒုံမြို့နယ် 

မှော်ဘီမြို့နယ်

ရွှေပြည်သာမြို့နယ်

လှည်းကူးမြို့နယ်

လှိုင်သာယာမြို့နယ် 

အင်းစိန်မြို့နယ် 


တောင်ပိုင်းခရိုင် (၁၀) မြို့နယ်

ကျောက်တန်းမြို့နယ်

ကွမ်းခြံကုန်းမြို့နယ်

ကိုကိုးကျွန်းမြို့နယ်

ကော့မှူးမြို့နယ် 

ခရမ်းမြို့နယ် 

ဆိပ်ကြီးခနောင်တိုမြို့နယ် 

တွံတေးမြို့နယ် 

ဒလမြို့နယ် 

သန်လျင်မြို့နယ် 

သုံးခွမြို့နယ်


မြို့ပေါင်း (၂၁) မြို့၊ ရပ်ကွက်ပေါင်း (၇၄၃) ကွက်၊ ကျေးရွာအုပိစု (၆၁၉) အုပ်စု၊ ရွာပေါင်း (၂၁၂၆) ရွာ ရှိသည်။



စိတ်ဝင်စားဖွယ်နေရာများ 


ရွှေတိဂုံစေတီ(ကမ္ဘာ့အံ့ဖွယ်တစ်ခု အပါအဝင်)


တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)


ကျိုက်မှော်ဝန်းရေလယ်ဘုရား 


လှော်ကားသဘာဝဥယျာဉ် 


ဗိုလ်ချုပ်အောင်ဆန်းဈေး 


အမျိုးသားပြတိုက် 


ကျိုက်ခေါက်စေတီတော် 



ကိုးကား 


(မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၆၀။


(2015) The Union Report: Census Report Volume 2, The 2014 Myanmar Population and Housing Census. Nay Pyi Taw: Ministry of Immigration and Population, 12။


မြို့နယ်ဆိုင်ရာအချက်အလက်များ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့။ ၂၈ အောက်တိုဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။


နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)


D.P.S. MYANMAR GUIDE MAP. 2000.


မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ်




No comments: