မကွေးတိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီး (အင်္ဂလိပ်: Magway Region သို့မဟုတ် Magwe Region၊ ယခင် အမည် - မကွေးတိုင်း)သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အလယ်ပိုင်းရှိ အုပ်ချုပ်ရေး နယ်မြေ တစ်ခု ဖြစ်သည်။ မကွေးတိုင်းဒေသကြီးသည်မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး ခုနစ်ခုအနက် ဒုတိယအကြီးဆုံးဖြစ်ကာ ၄၄,၈၂၀ စတုရန်း ကီလိုမီတာ (၁၇,၃၀၆ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြို့တော်မှာ မကွေးမြို့ ဖြစ်သည်။ပခုက္ကူမြို့သည်တိုင်းဒေသကြီး၏ အကြီးမားဆုံးနှင့် အစည်ကားဆုံးမြို့ ဖြစ်သည်။မကွေးတိုင်းဒေသကြီးရှိ ဧရာဝတီတံတား (ပခုက္ကူ) သည် မြန်မာပြည်တွင် အရှည်ဆုံး တံတား ဖြစ်သည်။
အလံတော်
တည်နေရာ
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အလယ်ပိုင်း ၊ မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၅၀ မိနစ် နှင့် ၂၂ ဒီဂရီ ၄၇ မိနစ်ကြား ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၇ မိနစ် နှင့် ၉၅ ဒီဂရီ ၅၅ မိနစ် ကြားတွင် တည်ရှိပြီး ပဲခူးတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မကွေးတိုင်းဒေသကြီးသည် ၁၇,၃၀၅ စတုရန်းမိုင်ကျယ်ဝန်းသည်။
စည်းတံဆိပ်
မြေမျက်နှာသွင်ပြင်
ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းဒေသများသည် မြေပြန့်များဖြစ်ပြီး အနောက်ဘက်ခြမ်းဒေသများသည် ရခိုင်ရိုးမ၏ အရှေ့ဘက် ရေဝေကြောဖြစ်သည်။ မင်းဘူးမြို့သည် လွင်ပြင်ဒေသဖြစ်သည်။ ဧရာဝတီမြစ်သည် တိုင်း၏အလယ်ဗဟိုကိုဖြတ်၍ မြောက်မှတောင်သို့စီးဆင်းသည်။ ဧရာဝတီမြစ်သို့ အရှေ့ဘက်ခြမ်းမှ စီးဝင်သော ချောင်းကြီးများမှာ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းနေချောင်း တို့ဖြစ်ကြပြီး၊ အနောက်ဘက်မှ စီးဝင်ကြသော မြစ်ချောင်းများမှာ ချင်းတွင်းမြစ်၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်းတို့ဖြစ်ကြသည်။
ရာသီဥတု
မြန်မာပြည်အလယ်ပိုင်း ချိုင့်ဝှမ်းဒေသဖြစ်၍၊ မိုးအလွန်နည်းပြီး ပူပြင်းသောရာသီဥတုရှိသည်။
ဖွဲ့စည်းပုံ
မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာ မကွေးမြို့ဖြစ်သည်။ မကွေးမြို့၊ ပခုက္ကူမြို့နှင့် ရေနံချောင်းမြို့များတွင်တက္ကသိုလ်ကောလိပ်များရှိသည်။ ပခုက္ကူမြို့၊ အောင်လံမြို့၊ ရေနံချောင်းမြို့၊ တောင်တွင်းကြီးမြို့၊ ချောက်မြို့များမှာ အဓိကအရေးပါသောမြို့ကြီးများ ဖြစ်ကြသည်။
ခရိုင်များ
မကွေးတိုင်းဒေသကြီးတွင် ခရိုင်(၅)ခု ရှိသည်။
မကွေးခရိုင်
မင်းဘူးခရိုင်
ပခုက္ကူခရိုင်
သရက်ခရိုင်
ဂန့်ဂေါခရိုင်
မြို့နယ်များ
မကွေးခရိုင် (၆) မြို့နယ်
မကွေးမြို့နယ်
နတ်မောက်မြို့နယ်
မြို့သစ်မြို့နယ်
ချောက်မြို့နယ်
ရေနံချောင်းမြို့နယ်
တောင်တွင်းကြီးမြို့နယ်
မင်းဘူးခရိုင် (၅) မြို့နယ်
မင်းဘူး(စကု)မြို့နယ်
ပွင့်ဖြူမြို့နယ်
စလင်းမြို့နယ်
ငဖဲမြို့နယ်
စေတုတ္တရာမြို့နယ်
ပခုက္ကူခရိုင် (၅) မြို့နယ်
ပခုက္ကူမြို့နယ်
ဆိပ်ဖြူမြို့နယ်
ရေစကြိုမြို့နယ်
မြိုင်မြို့နယ်
ပေါက်မြို့နယ်
ဂန့်ဂေါခရိုင် (၃) မြို့နယ်
ဂန့်ဂေါမြို့နယ်
ထီးလင်းမြို့နယ်
ဆောမြို့နယ်
သရက်ခရိုင် (၆) မြို့နယ်
သရက်မြို့နယ်
အောင်လံမြို့နယ်
ဆင်ပေါင်ဝဲမြို့နယ်
မင်းတုန်းမြို့နယ်
မင်းလှမြို့နယ် (အထက်မင်းလှ)
ကံမမြို့နယ်
မြို့ (၃၀)မြို့ ၊ ရပ်ကွက် (၁၈၄) ကွက်၊ ကျေးရွာအုပ်စု (၁၅၃၅) အုပ်စုနှင့် ရွာပေါင်း (၄၇၉၈) ရွာ ရှိပါသည်။
စိတ်ဝင်စားဖွယ်နေရာများ
မြသလွန်စေတီ
ရွှေစက်တော်ဘုရား
သီဟိုဠ်ရှင်ဘုရား(ပခုက္ကူမြို့)
ရွှေကူမြတ်စွာဘုရားနှင့် တံကဲတော်(ပခုက္ကူမြို့)
ပုံတောင်၊ ပုံညာဒေသ (ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရေးလုပ်ငန်း)
တန့်ကြည့်တောင်စေတီ
မင်းဘူးနဂါးပွက်တောင်
စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား
စလေ ရုပ်စုံကျောင်း
ဗိဿနိုးမြို့ဟောင်း
လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာဇာတိ နတ်မောက်မြို့
ပခုက္ကူမြို့ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(မြန်မာတစ်ပြည်လုံးတွင် စာသင်သားသံဃာ အများဆုံးစာသင်တိုက်ကြီး)
မင်းလှခံတပ်
ဂွေးချောင်းခံတပ်
ယောဒေသ
စွန်တောင် (ချွန်းတောင်) (ရခိုင်ရိုးမတောင်တန်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ ၆၅၂၇ ပေရှိသည်။)
ထင်ရှားသောတံတားကြီးများ
အနော်ရထာတံတား (ချောက်-ဆိပ်ဖြူ)
မကွေးတံတား (မကွေး-မင်းဘူး)
ပခုက္ကူတံတား (ပခုက္ကူ-ပုဂံ)
မုန်းချောင်းတံတား (ပွင့်ဖြူ-ရှောက်တော)
မန်းချောင်းတံတား (စကု)
ယင်းချောင်းတံတား (မကွေး)
ပင်းချောင်းတံတား (ရေနံချောင်း)
စလင်းချောင်းတံတား (ဆင်ဖြူကျွန်း-နွယ်တမယ်)
ဒေါင်းနေတံတား (ရေနံချောင်း)
ဆားပွက်ချောင်းတံတား (မင်းဘူး)
မုန်းချောင်းတံတား (မဲဇလီ)
စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
မကွေးတိုင်းဒေသကြီး အနောက်ခြမ်းဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် မြေပြန့်ချင်းလူမျိုးများ နေထိုင်ကြသောကြောင့် ချင်းတိုင်းရင်းသား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို တွေ့ရှိရပါသည်။ ထို့ပြင် ပခုက္ကူတောင်တန်းဒေသ၏ ထီးလင်း၊ ဂန့်ဂေါ၊ ဆော စသည့် မြို့ ၃ မြို့သည် ဗမာမျိုးနွယ်စုတွင်ပါဝင်သော ယောလူမျိုးများ နေထိုင်ရာ အရပ်ဖြစ်ပြီး ယောဒေသ ဟု ခေါ်တွင်သည်။ စံမြန်မာစကားနှင့် အသံထွက် အနည်းငယ်ကွဲလွဲသည်။ ထိုယောဒေသမှထွက်သော ယောလုံချည်ကို ကိုလိုနီခေတ်က မြန်မာလူမျိုးတို့၏ ရိုးရာဝတ်စုံအဖြစ် ဝတ်ဆင်ကြသည်။
ဒေသထွက်ကုန်များ
မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ဆန်စပါး၊ ပြောင်း၊ ကျွန်းသစ်၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်း၊ ပျဉ်းကတိုး၊ ဝါးအမျိုးမျိုး
တွင်းထွက်များ
မကွေးတိုင်းဒေသကြီး ရေနံချောင်းနှင့် ချောက်မြို့နယ်တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ထွက်ရှိသည်။
ချောက်ရေနံမြေ
ရေနံချောင်းရေနံမြေ
ထောက်ရှာပင်ရေနံမြေ
မင်းဘူးရေနံမြေ
မန်းရေနံမြေ
ကျောက်ခွက်လက်ပံတိုရေနံမြေ
ကိုးကား
(May 2015) Census Report, The 2014 Myanmar Population and Housing Census 2. Naypyitaw: Ministry of Immigration and Population, 17။
Sub-national HDI - Area Database - Global Data Lab (in en)။
နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
D.P.S. MYANMAR GUIDE MAP. 2000.
No comments:
Post a Comment