📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Thursday, August 20, 2020

ခင်ခင်ထူး

 ခင်ခင်ထူး


၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် မြင်းခြံမြို့၌ အဖ ဦးညို၊ အမိဒေါ်မြတင်တို့မှ မွေးဖွားသည်။ မွေးချင်း ၆ ယောက်တွင် တတိယမြောက် တဦးတည်းသော

သမီးဖြစ်သည်။ အမည်ရင်းမှာ ဒေါ်ခင်ခင်ထူး ဖြစ်သည်။ ငယ်စဉ်က မြင်းခြံမြို့တွင်

ပညာသင်ကြားခဲ့သည်။၁၉၈၅၊ မန္တလေး တက္ကသိုလ်မှ B.Sc. (Chemistry) ဘွဲ့ရရှိခဲ့သည်။

၁၉၈၉၊ မြင်းခြံမြို့တွင် မူလတန်းပြ ဆရာမ စလုပ်။

၁၉၉၀၊ အလယ်တန်းပြ ဆရာမ ဖြစ်။

၁၉၉၂၊ မန္တလေးသို့ ပြောင်းရွှေ့။ ဧပြီလထုတ် ရွှေဝတ်မှုန် မဂ္ဂဇင်းတွင်

ပါရှိသော 'ပန်းပန်ပါရစေ' ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင် ဝင်ရောက်ခဲ့သည်။

ထိုစဉ်မှစ၍ မဂ္ဂဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားပြီး အားကစား

ဂျာနယ်များတွင် ဘောလုံး ဆောင်းပါးများ ရေးသားခဲ့။ အချို့ဝတ္ထုတိုများကို

ဂျပန်ဘာသာ၊ ဂျာမန်ဘာသာသို့ ပြန်ဆိုခြင်း ခံခဲ့ရ။

၁၉၉၉၊ မဂ္ဂဇင်းပါ ဝတ္ထုတိုများကို စုစည်းလျက် သနပ်ခါး ဝတ္ထုတိုများ ထွက်ရှိ၊ စာရေးသူ၏ ပထမဆုံး လုံးချင်းစာအုပ် ဖြစ်သည်။

၂၀၀၁၊ အလယ်တန်းပြ ဆရာမ အဖြစ်မှ နှုတ်ထွက်။

၂၀၀၂၊ စာရေးဆရာ နေဝင်းမြင့်နှင့် အိမ်ထောင်ပြု။

၂၀၀၃၊ ဖက်စိမ်းကွမ်းတောင် ရွှေဝတ္ထုတိုများ ထွက်၊ ထိုစာအုပ်ဖြင့် ထိုနှစ်အတွက် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းခုျပ်ဆု ရရှိ။

၂၀၀၄၊ ဂျူလိုင်လတွင် သမီးလေး 'ဖွေးဖွေးနေဝင်းမြင့်' ကို ဖွားမြင်။

၂၀၀၆၊ အညာသူ အညာသား ကျွန်မဆွေမိုျးများ စာအုပ်ထွက်၊ ယင်းနှစ်အတွက်

ထွန်းဖောင်ဒေးရှင်း ဆုရ။စာနယ်ဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊

ဆောင်းပါးများ အပုဒ် ၁၀၀ ကျော် ရေးသားပြီးခဲ့။

 

ယခုအခါ မိခင်ဖြစ်သူ ဒေါ်မြတင်၊ ခင်ပွန်းဖြစ်သူ စာရေးဆရာ နေဝင်းမြင့်၊

သမီးလေး ဖွေးဖွေးနေဝင်းမြင့် တို့နှင့်အတူ မန္တလေးမြို့ စ/၁ ရပ်ကွက်၊

အိမ်အမှတ် (၈၄)၊ ၆၇-၆၈ လမ်းကြား ချမ်းမြသာစည် မြို့နယ်တွင် နေထိုင်လျက်ရှိ။

 

ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၉၂၀၁၃၂၆၆ ဖြစ်သည်။


No comments: