📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Thursday, August 20, 2020

ဦးသန့်

ဦးသန့်  


ဦးသန့်ကို ဖခင်ဦးဖိုးနှစ်နှင့် မိခင်ဒေါ်နန်းသောင်တို့က ၁၉၀၉ ဇန်ဝါရီလ ၂၂

ရက်နေ့တွင် ဧရာဝတီတိုင်းပန်းတနော်မြို့မှာမွေးဖွားခဲ့သည်။ ပန်းတ

နော်ဇာတိဖြစ်သည့်အတွက်နောင်အခါတွင် ဦးသန့်ကို"ပန်းတနော်ဦးသန့်"လို့ခေါ်ခဲ့ကြသည်။ ဦးသန့်မိဘများသည်မြေပိုင်ရှင်၊ ဆန်ကုန်သည်များဖြစ်ကြပြီး ဖခင်ဦးဖိုးနှစ်သည် ရန်ကုန်မြို့တွင် သူရိယသတင်းစာကိုတည်ထောင်ခဲ့သည် 

။မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာတွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့

သည်။ ဖခင်ကွယ်လွန်သောအခါ ဦးသန့်သည် အသက်(၁၄)နှစ်သာရှိသေးသည်။ အမွေဆက်ဆံမှု အမှုအရှုပ်အရှင်းများကြောင့် မိခင်ဒေါ်နန်းသောင်နှင့်ကလေး၄ယောက်မှာ

စီးပွားရေးအကြပ်အတည်းပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

ဦးသန့်သည်ငယ်စဉ်အခါက ပန်းတနော်အထက်တန်းကျောင်းတွင်ပညာသင်ကြားခဲ့ပြီး၊ ရန်ကုန်

တက္ကသိုလ်တွင်သမိုင်းဘာသာရပ်ကိုဆက်လက်သင်ကြားခဲ့သည်။

ယင်းနောက်ပန်းတနော်အမျိုးသားကျောင်းတွင်ကျောင်းဆရာအဖြစ်စတင်ခဲ့သည်အသက်၂၅နှစ်တွင်

၎င်းကျောင်းတွင်ကျောင်းအုပ်ဖြစ်လာခဲ့သည်။အဲဒီအချိန်တွင်မအူပင်

မြို့မှာနေထိုင်ပြီးပညာအုပ်ဖြစ်သည့် (မြန်မာနိုင်ဝန်ကြီးချုပ်ဟောင်း) ဦးနုနှင့်ခင်မင်ရင်နှီးခဲ့သည်။ ဦးသန့်သည်အင်္ဂလိပ်မြန်မာနှစ်ဘာသာနှင့်ထုတ်ဝေသည့် "ဂန္တလောက"မဂ္ဂဇင်းဘာသာပြန်

ြိပိုင်ပွဲတွင် ၄ကြိမ်တိုင်တိုင်ပထမဆုရရှိခဲ့သည်။ ဦးသန့်၏ပထမဦးဆုံးစာမူမှာ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့်စာမူဖြစ်ပြီး အသက်၁၅နှစ်တွင်ပုံနှိပ်ဖော်ပြခြင်းခံခဲ့ရသည်။မြို

ပြပုံပြင်များ၊နိုင်ငံပေါင်းချုပ်အသင်းကြီးကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့်ပညာသစ်၊ပြည်တော်သာခရီး(၃

အုပ်တွဲ)စသည့်စာအုပ်များအပါအဝင်ပညာရေး၊ လူမှုရေးဆိုင်ရာဆောင်ပါးများကို သီလဝ၊မောင်သန့်၊ ဦးသန့်စသည့်ကလောင်ခွဲများနှင့်ရေးသားခဲ့သည်။ စာပေဝေဖန်ရေးနိုင်ငံရေးဝေဖန်ချက်များ ကိုရေးသားသောအခါ သူ၏အယူအဆများကို ပွင့်ပွင့်လင်းလင်းရေးသားခဲ့သလိုသူ၏ အတွေးအခေါ်များကလည်းခေတ်မီသည်ကိုတွေ့ရသည်။


ပြည့်သူဝန်ထမ်းဘဝ

==========

လွတ်လပ်ရေးရခါစမြန်မာနိုင်ငံတွင် ဦးနုဝန်ကြီးချုပ်ဖြစ်လာသောအခါဦးသန့်ကို ရန်ကုန်ခေါ်ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် အသံလွှင့်ဌာနညွှန်ကြားရေးမှုးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရ

သည်။ ၎င်းနောက် ၁၉၅၃ ခုနှစ်တွင်မြန်မာနိုင်ငံသတင်းနှင့်ပြန်ကြားရေးဌာန အတွင်းဝန်းဖြစ်လာခဲ့သည်။

၁၉၅၁ မှ ၁၉၅၇ ခုနှစ်အထိဝန်ကြီးချုပ်၏ အတွင်းရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးဦးနုအတွက် မိန့်ခွန်းရေးသားခြင်း ၊နိုင်ငံခြားခရီးစဉ်များစီစဉ်ပေးခြင်း ၊နိုင်ငံခြားဧည့်သည်တော်များကို လက်ခံတွေ့ဆုံခြင်း စသည့်ကိစ္စများကိုဆောင်ရွက်ပေးရင်ဦးနု၏ယုံကြည်မှုကိုရရှိခဲ့သည်။

နိုင်ငံတကာ Confercence အများအပြားကိုတက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ်က အင်ဒိုနီးရှာနိုင်ငံ ဘန်ဒေါင်းမြို့တွင် ကျင်းပသည့်"ဘက်မလိုက်လှုပ်ရှားမှု"ကိုမွေးဖွားပေးခဲ့ပြီး ပထမအကြိမ်အာရှ-အာဖရိကနိုင်ငံများဆိုင်ရာညီလာခံတွင် အတွင်းရေးမှုးအဖြစ်ဆောင်ရွက်ခဲ့သည်။

အမြဲတမ်းဖြောင့်ဖြောင့်မှန်မှန်လုပ်တတ်ပြီး မှန်တယ်ထင်ရင်အလျှော့မပေးတတ်တဲ့ဦးသန့်နှင့် တိုင်းပြည်ခေါင်းဆောင်ဦးနုတို့ မသင့်မမြတ်ဖြစ်လာသည်ကစပြီး ၁၉၅၇ ခုနှစ်တွင် ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ပြီး New York ကိုစေလွှတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်မှ ၁၉၆၁ အထိ ဦးသန့်သည်မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စာလှယ်အဖြစ်သာမက တချိန်တည်းမှာပင်ယာယီ

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်အဖြစ် တာဝန်ကိုပါ ပူတွဲထမ်းဆောင်ခဲ့သည်။ ၁၉၆၀ တွင် ဦးသန့်ကို "ပြည်ထောင်စုစည်သူ သင်္ဂဟပြန်တမ်း"အရ"မဟာသူရစည်ဘွဲ"နှင့် ဗိုလ်ရာထူးကိုပေးအပ်ခဲ့သည်။

ဦးသန့်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ရာထူးကို အာရှနိုင်ငံများထဲတွင် ပထမဦးဆုံးရရှိခဲ့သူဖြစ်သည်။ ၁၉၆၁ ခုနှစ်နိုဝင်ဘာလ ၃ ရက်မှစ၍ အထွေထွေအတွင်းမှုးချုပ် ဒက်ဟမ်းမားရှိုးလ်ဒ် (Dag Hammarkjold) ရဲ့မကုန်ဆုံးသေးတဲ့သက်တမ်းကိုထောက်ခံချက်နှင့်

ယာယီအထွေထွေအတွင်းရေးမှုးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

၁၉၆၂ ခုနှစ်ဒီဇင်ဘာလ ၃၀ ရက်နေ့ အထွေထွေအတွင်းရေးမှုးချုပ်အဖြစ် ၁၉၆၆ ခုနှစ်နိုဝင်ဘာလ ၃ ရက်နေ့သက်တမ်းအထိ ခန့်အပ်ခြင်းခံခဲ့ရသည်။ သူ၏ပထမသက်တမ်းအတွင်း ဦးသန့်သည် ကျူးဘားဒုံးပျံပြဿနာ(Cuban Missile Crisis) ကိုဖြေရှင်းရာတွင်စေ့စပ်ပေးပြီး ကွန်ဂိုပြည်တွင်းစစ်ကိုပြီးဆုံးအောင်ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့သည်။ ယင်းအတွက်ကြောင့်

ကမ္ဘ္ဘာ္ဘကအသိအမှတ်ပြုခံခဲ့ရသည်။

၁၉၆၆ ခုနှစ်ဒီဇင်ဘာလနှစ်ရက်နေ့တွင် လုံခြံရေးကောင်စီ၏ တညီတညွန်တည်းထောက်ခံမှုနှင့် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဒုတိယသက်တမ်းအဖြစ် အငြိမ်းစားယူမည့် ၁၉၇၀ ဒီဇင်ဘာလ၃၀ရက်နေ့အထိ ခန့်အပ်ခြင်းခံခဲ့ရသည်။ ဒုတိယသက်တမ်းတွင်ဦးသန့်သည်အလုပ်များ

စွာကိုပြုလုပ်ခဲ့သည်။ အထူးသဖြင့်ကုလသမဂ္ဂအဖွဲ့အစည်းကို အာရှနှင့်အာဖရိကနိုင်ငံတော်တော်များများ ဝင်ရောက်လာနိုင်ရေးကိစ္စ၊ေတောင်အာဖရိက အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးကိစ္စ၊ ၁၉၆၂ ခုနှစ်တွင်ယီမင်အရေးနှင့် ၁၉၆၇ မှာအာရပ်-အစ္စရေးခြောက်ရက်စစ်ပွဲ၊ ၁၉၆၈ ခုနှစ်တွင် ဘာရိန်းအရေး၊ ပရာပ်နွေဦးတော်လှန်ရေး (Prague Spring)နှင့် ချက်ကိုစလိုဗက်ကီးယားကို ဆိုဗီယက်ကျူးကျော် အရေးအခင်း၊ ဗီယက်နမ်းစစ်ပွဲ ၁၉၇၁ ဘင်္ဂလာဒေ့ရှ်ကို လွတ်လပ်ရေးရှိစေမည့် အိန္ဒယ-ပါကစ္စတန်စစ်ပွဲ စသည်တို့ကိုအေး

ငြိမ်းအောင်ဖြေရှင်းပေးနိုက်ခဲ့သည်။ ၁၉၆၂ အမေရိကန် ဆိုဗီယက် စစ်အေးတိုက်ပွဲအချိန်က သမ္မတနှစ်ဦးကြား ဦးသန့်က"တတိယဘာသာစကားအသစ်"ကို အသုံးချ"တွေ့ဆုံအဖြေရှာရေး"ကို အခြေခံပြီးစေ့စပ်ဆောင်ရွက်ပေးခဲ့သည့်အတွက် ဆိုဗီယက်တို့က ဒုံကျည်စခန်းကိုရုပ်သိမ်းသွားပြီး အမေရိကန်တို့က ကျူးဘားကိုပိတ်ဆို့မှုများကို ရုပ်သိမ်းပေးခဲ့သည်။

၎င်းအရေးအခင်းအားလုံးတွင်ငြိမ်းချမ်းရေးကို ထိပါးစေနိုင်သည့်အပြင် စစ်ဖြစ်ကြတော့မည့် အရိပ်အယောင် လက္ခဏာဖြစ်ပြီး ဦးသန့်၏ လိမ်မာပါးနပ်စွာကြားဝင်စေ့စပ်ပေးမှုများကြောင့် စစ်ကိုရှောင်လွဲခဲ့ခြင်းဖြစ်သည် ။အောက်စဖိုဒ်တက္ကသိုလ်က ၂၀ ရာစုအထင်ကရ ပုဂ္ဂိုလ်များအကြောင်း စုစည်းထုတ်ဝေထားသည့်

Who's Who in the 20th Century စာအုပ်တွင် ဦးသန့်၏ အကြောင်းပါဝင်ပြီးနိုင်ငံတကာ အရေးအခင်းများကို မတုန်မလှုပ်စေဘဲ တည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင်ခဲ့သူဟု အတ္ထုပတ္တိအကျဉ်း၏ အစတွင်ရေးသားထားသည်။

ဦးသန့်သည် UFO ယာဉ်ပျံကိစ္စနှင့်ပတ်သက်၍ စိတ်ဝင်စားလေ့လာခဲ့သည်။ ၁၉၆၇ တွင် အမေရိကန်လူမျိုး ရူပဗေဒပညာရှင်ဒေါက်တာ Jame E.Mc Donald ကို UFOနှင့်ပတ်သက်ပြီး ကုလသမဂ္ဂတွင် စကားပြောနိုင်စီစဉ်ပေးခဲ့သည်။ ၁၉၇၁ ခုနှစ်ဇန်နဝါရီလ၂၃ ရက်နေ့တွင် ဦးသန့်သည် သူသည် ဘယ်အကြောင်းပြချက်နဲ့မျှ တတိယသက်တမ်းအထွေထွေအတွင်းရေးမှုးချုပ်အဖြစ် ဆက်လက်လုပ်ကိုင် နိုင်တော့မည် မဟုတ်ဟုပြတ်ပြတ်သားသားပြောဆိုခဲ့သည်။ လုံခြုံရေးကောင်စီကလည်း ဦးသန့်နေရာ ဆက်ခံမည့်သူကို သီတင်းပတ်ပေါင်းများစွာ အပူတပြင်းရှာဖွေခဲ့ကြသည် ။နောက်ဆုံးတွင် ကွတ်ရ်တ်ဝါးလ်ဒ်ဟိုင်းမ် (Kurt Waldhein) ကိုရွေးချယ်လိုက်သည်။ ဦးသန့်က သူနောက်ဆုံးတာဝန် သက်တမ်းမကုန်ဆုံးမိ၁၀ရက်အလိုမှာပဲ Kurt ကို တာဝန်လွဲပေးခဲ့သည် ။ဦးသန့်အငြိမ်းစားယူသွားသည်နှင့် တစ်ပြိုင်နက် New York Time သတင်းစာ၏ ၁၉၇၁ ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် သတင်းစာ၏ အယ်ဒီတာအာဘော်မှာလည်းThe Liberation of U Thant ဆိုသည်ခေါင်းစဉ်နှင့်တခမ်းတနား ဂုဏ်ပြုဖော်ပြခဲ့သည်။ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ဦးသန့်သည် Palisadeနှင့်Douglas Avenuses လမ်းကြား၊၂၃၂လမ်းအနီးမှာရှိသည့် ၄.၇၈ ဧကလောက်ကျယ်ဝန်းသော Riverdale,Bronnခြံတွင်နေထိုင်ခဲ့သည်။

၁၉၇၄ ခုနှစ်နိုဝင်ဘာလ၂၅ ရက်နေ့တွင် ဦးသန့်သည်အဆုတ်ကင်ဆာရောဂါနှင့် New York မှာ ပင်ကွယ်လွန်ခဲ့သည်။

ဦးသန့်သည်ဒေါ်သိန်းတင်နှင့်ထိမ်း

မြားလက်ထပ်ခဲ့ပြီး သမီးတစ်ဦး (သားဖြစ်သူမှာ ဦးသန့်တာဝန်ထမ်းဆောင်နေစဉ်သေဆုံးသွားကြောင်း အချို့မှတ်တမ်းများဖော်ပြသည်)မြေး၄ဦးနှင့်မြစ်၃ဦးထွန်းကားခဲ့သည်။ ဦးသန့်၏တစ်ဦးတည်းသောမြေးယောကျာ်ဖြစ်သည့် ဦးသန်းမြင့်သည် သမိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး ကုလသမဂ္ဂနိုင်ငံရေးဆိုင်ရာဌာနတွင် ဝါရင့်ဝန်ထမ်းတစ်ဦးဖြစ်သည်။ The River of Lost Foot Steps စာအုပ်ကိုလည်း ဦးသန်းမြင့်ကရေးသားထုတ်ဝေခဲ့သည်။


No comments: