📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Tuesday, September 1, 2020

စစ်ကိုင်းတိုင်းဒေသကြီး

     စစ်ကိုင်းတိုင်းဒေသကြီး



စစ်ကိုင်းတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၃၆,၅၃၄ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းဒေသကြီး ၇ ခုတို့တွင် အကျယ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းမှ မြောက်ထိပ်စွန်းလောက်ထိ တောင်မြောက်ရှည်လျားသော တိုင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်ကချင်ပြည်နယ်၊ အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၃၀မိနစ် မှ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ မှ ၉၇ ဒီဂရီ မိနစ် အတွင်း တည်ရှိသည်။ မြို့တော်မှာ စစ်ကိုင်းမြို့ ဖြစ်သည်။



                                  အလံတော် 


ရာသီဥတု 


တောင်တန်းဒေသများရှိရာ အနောက်မြောက်ဖက်ဒေသများနှင့် ကျန်မြေပြန့်လွင်ပြင်ဒေသများမှာ ကွဲပြားခြားနားသည့် ရာသီဥတုများရှိကြသည်။


ပတ်ကွိုင် နှင့် နာဂတောင်တန်းများ၏ အပူချိန်မှာ ရေခဲမှတ်ထိ ရှိတတ်သည်။ ပျှမ်းမျှအပူချိန်မှာ အနိမ့်ဆုံး ၄၀ဒီဂရီ ဖာရင်ဟိုက် ထိရှိတတ်ပြီး အပူပိုင်းဒေသဖြစ်သည့် မုံရွာမြို့၏ အပူဆုံးအချိန်များတွင် ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိ ရှိတတ်သည်။ အအေးပိုင်းဒေသများ၏ အမြင့်ဆုံးအပူချိန်မှာ ၅၀ ဒီဂရီဖာရင်ဟိုက်သာဖြစ်သည်။


မြောက်ဖက်ပိုင်းဒေသများတွင် မိုးရေချိန်မှာ ၈၀ လက်မမှ ၁၀ဝ လက်မထိ ရရှိလေ့ရှိသည်။ သို့သော် တောင်ပိုင်းဒေသများတွင်မူ ၄၀ လက်မဝန်းကျင်သာရရှိပါသည်။ မြို့ကြီးအချို့၏ နှစ်စဉ်ပျှမ်းမျှမိုးရေချိန်များမှာ မုံရွာမြို့တွင် ၃၁ လက်မ၊ စစ်ကိုင်းမြို့တွင် ၃၄ လက်မ နှင့် ရွှေဘိုမြို့တွင် ၃၆ လက်မ တို့ဖြစ်ကြသည်။ တခါတရံတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများကြောင့်လည်း မိုးများတတ်သည်။


မြို့တော် 


စစ်ကိုင်းတိုင်း၏ မြို့တော်မှာစစ်ကိုင်းမြို့ဖြစ်သော်လည်း ၂၀ဝ၂ ခုနှစ်နောက်ပိုင်းတွင် တိုင်းအဆင့် အစိုးရရုံးများနှင့် အုပ်ချုပ်ရေးရုံးများကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာမြို့ သို့ပြောင်းရွှေ့ခဲ့သည်။


၂၀၁၀ ခုနှစ်တွင် မြို့တော်မြို့များမှ စစ်ဌာနချုပ်များရှိသော မြို့များသို့ ပြောင်းရွေ့ထားခဲ့ကြသော တိုင်းအဆင့်ရုံးများကို သက်ဆိုင်ရာတိုင်းမြို့များသို့ ပြန်လည်ပြောင်ရွှေ့ရန် သတ်မှတ်ခဲ့သော်လည်း စစ်ကိုင်းတိုင်းတွင်မူ စစ်ကိုင်းမြို့၌ မည်သည့်တိုင်းအဆင့်ရုံးမှ ပြန်လည်ပြောင်းရွှေ့ခြင်းများ မပြုလုပ်ခဲ့ကြဘဲ မုံရွာမြို့တွင် တိုင်းဒေသကြီးအစိုးရရုံးအား ဆောက်လုပ်၍ရုံးထိုင်ခဲ့ကြသည်။


၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ပြဋ္ဌာန်းလိုက်သော စတုတ္ထတန်း ပထဝီဖတ်စာတွင် စစ်ကိုင်းတိုင်း၏ မြို့တော်အား မုံရွာမြို့ဟု မည်သည့် မြန်မာနိုင်ငံ၏ ပြန်တမ်းစာများ မထွက်ရှိဘဲ ဖော်ပြခဲ့သည်။ အဆိုပါကိစ္စအတွက် ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ရာ မြန်မာနိုင်ငံ ပညာရေးဒုတိယဝန်ကြီးမှ အများသိရှိလက်ခံနေသောကြောင့် ပြဋ္ဌာန်းထားသည်ဟု ဖြေကြားခဲ့သည်။[ကိုးကားချက်လိုသည်]


                                 စည်းတံဆိပ် 


ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ 



စစ်ကိုင်းတိုင်းဒေသကြီးကတွင် ခရိုင် (၁၀) ခုဖြင့် ဖွဲ့စည်းထားသည်။


ခန္တီးခရိုင် 

ကလေးခရိုင် 

ကသာခရိုင် 

ကန့်ဘလူခရိုင် 

မော်လိုက်ခရိုင် 

မုံရွာခရိုင် 

စစ်ကိုင်းခရိုင် 

ရွှေဘိုခရိုင် 

တမူးခရိုင် 

ယင်းမာပင်ခရိုင်


မြို့နယ် (၃၇) မြို့နယ်၊ မြို့ပေါင်း (၄၆)မြို့၊ ရပ်ကွက်ပေါင်း (၂၃၃) ကွက်၊ ကျေးရွာအုပ်စု (၁၇၅၈) အုပ်စုနှင့် ရွာပေါင်း (၅၉၀၇) ရွာ တည်ရှိသည်။



စိတ်ဝင်စားဖွယ်နေရာများ 



မင်းကွန်းခေါင်းလောင်းတော်ကြီး (ကမ္ဘာ့အကြီးဆုံး အသံမြည်ခေါင်းလောင်းကြီး)

ကျောက္ကာရွှေဂူနီဘုရားကြီး 

မိုးညှင်းသမ္ဗုဒေဘုရား 

လေးကျွန်းစကြာ ရပ်တော်မူဘုရားကြီး

တွင်းတောင် 

အလောင်းတော် ကဿဖ 

နာဂနှစ်သစ်ကူးပွဲ 

ဖလံဂုဏ်ရွာ (နန်းမတော်မယ်နု ၏ဇာတိ)

လင်းနို့ဂူ (ကန့်ဘလူမြို့ ဇင်းရွာ)


ဒေသထွက်ကုန်များ


ပဲပြောင်း နှမ်း ဝါ ကွမ်းနှင့်ကွမ်းယာပစ္စည်းများလည်း ထွက်ရှိပါသည် စပါး မြေပဲ နေကြာ စသည်တို့ကို စစ်ကိုင်တိုင်းအထက်ပိုင်း၌ အစိုက်များကြသည်။ 



တွင်းထွက်များ 


ရွှေ(ကျောက်ပုထိုးဒေသ၊ မြန်မာနိုင်ငံ၏ အကြီးဆုံးရွှေထွက်ရာဒေသ)၊ ကျောက်စိမ်း(ခန္တီးမြို့) ရေနံ(ပန်းသာ၊ အင်းတော်ဒေသ) ကျောက်မီးသွေး(ကလေး၊ ကလေးဝ၊ မော်လိုက်တစ်ကြော) မြန်မာနိုင်ငံ၌ ကျောက်မီးသွေးအရည်အသွေး အကောင်းဆုံးနှင့် အများဆုံးထွက်ရှိသည့် တိုင်းဒေသကြီး ဖြစ်ပါသည်။



ကိုးကား 


(May 2015) Census Report, The 2014 Myanmar Population and Housing Census 2. Naypyitaw: Ministry of Immigration and Population, 17။


Sub-national HDI - Area Database - Global Data Lab (in en)။


နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)


D.P.S. MYANMAR GUIDE MAP. 2000.


မြန်မာပြည်ဖွားဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်




No comments: